ချယ်ဆီးမှာ အရမ်းပျော်ခဲ့တယ့် ဝန်ခံခဲ့ပြီး ထွက်ခွာခဲ့တဲ့ အကြောင်း ပြောဖို့ ငြင်းတဲ့ မာတစ်

ချယ်ဆီး ကစားသမားဟောင်း ဖြစ်ပြီး လက်ရှိ မန်ချက်စတာယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား မာတစ် က လတ်တလော အင်တာဗျူးမှာ ချယ်ဆီးအသင်းမှာ ရှိစဉ် အရမ်း ပျော်ရွှင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပေမယ့် အသင်းကနေ ထွက်ခွာခဲ့ရတဲ့ အကြောင်း မေးမြန်းရာမှာတော့ ဖြေဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဆားဘီးယား လက်ရွေးစင် ကစားသမားဟာ ၂၀၁၄ မှာ ချယ်ဆီးထံ ဘင်ဖီကာ အသင်းကနေ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ၂၀၁၇ မှာတော့ ချယ်ဆီးကနေ ပရီးမီးယားလိဂ် ပြိုင်ဘက် ယူနိုက်တက်ထံ ပြောင်းရွှေ့သွားခဲ့ပါတယ်။ မာတစ်ဟာ ထူးထူးခြားခြား အနေနဲ့ နည်းပြ မော်ရင်ညိုကို ချယ်ဆီးမှာရော ယူနိုက်တက်မှာပါ ဆုံခဲ့ရပါတယ်။

လတ်တလော ဘောလုံးပွဲတွေ ရပ်နားထားတဲ့ ကာလမှာ မာတစ်ကို ကစားခဲ့ဖူးတဲ့ အသင်းတွေနဲ့ နည်းပြတွေ အကြောင်း မေးမြန်းရာ ချယ်ဆီး အသင်းနဲ့ ပတ်သတ်တာတွေလည်း ထည့်သွင်း ပြောဆိုသွာားခဲ့ပါတယ်။

” ကျနော် ချယ်ဆီးမှာ အရမ်းကို ပျော်ရွှင်ခဲ့ပါတယ်။ ဒါပေမယ့် ထွက်လာဖြစ်တော့လည်း အဲဒီအချိန်က အသင်းပြောင်းဖို့ မှန်ကန်တဲ့ အချိန်လို့ ကျနော် ထင်တယ်။ အဲဒီ ကာလတွေကို ကျနော် မမေ့ပါဘူး။ ဒါပေမယ့် အခုချိန်မှာ ချယ်ဆီးကနေ ဘာလို့ ထွက်ခွာလာသလဲ ဆိုတာ ရှင်းပြလို့ မရနိုင်ဘူး။ ကျနော် အခု မန်ချက်စတာ ယူနိုက်တက် ကစားသမား တစ်ဦးပါ။ ” လို့ မာတစ်က ပြောဆိုသွားခဲ့ပါတယ်။

ကွင်းလယ်ခံစစ်သမား မာတစ်ဟာ အသက် ၃၁ နှစ် ရှိပြီ ဖြစ်ပြီး ယူနိုက်တက်နဲ့လည်း စာချုပ် ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ၎င်းက လက်ရှိကလပ်မှာပဲ ဆက် နေလိုသေးပြီး ယူနိုက်တက်ကလည်း ကာလတို သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖွယ် ရှိပါတယ်။

Zawgyi – ခ်ယ္ဆီး ကစားသမားေဟာင္း ျဖစ္ျပီး လက္ရွိ မန္ခ်က္စတာယူႏိုက္တက္အသင္း ကြင္းလယ္ကစားသမား မာတစ္ က လတ္တေလာ အင္တာဗ်ဴးမွာ ခ်ယ္ဆီးအသင္းမွာ ရွိစဥ္ အရမ္း ေပ်ာ္ရႊင္ခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ေပမယ့္ အသင္းကေန ထြက္ခြာခဲ့ရတဲ့ အေၾကာင္း ေမးျမန္းရာမွာေတာ့ ေျဖဖို႔ ျငင္းဆန္ခဲ့ပါတယ္။

ဆားဘီးယား လက္ေရြးစင္ ကစားသမားဟာ ၂၀၁၄ မွာ ခ်ယ္ဆီးထံ ဘင္ဖီကာ အသင္းကေန ေရာက္ရွိလာခဲ့တာ ျဖစ္ျပီး ၂၀၁၇ မွာေတာ့ ခ်ယ္ဆီးကေန ပရီးမီးယားလိဂ္ ျပိဳင္ဘက္ ယူနုိက္တက္ထံ ေျပာင္းေရႊ႕သြားခဲ့ပါတယ္။ မာတစ္ဟာ ထူးထူးျခားျခား အေနနဲ႕ နည္းျပ ေမာ္ရင္ညိဳကို ခ်ယ္ဆီးမွာေရာ ယူနုိက္တက္မွာပါ ဆံုခဲ့ရပါတယ္။

လတ္တေလာ ေဘာလံုးပြဲေတြ ရပ္နားထားတဲ့ ကာလမွာ မာတစ္ကို ကစားခဲ့ဖူးတဲ့ အသင္းေတြနဲ႕ နည္းျပေတြ အေၾကာင္း ေမးျမန္းရာ ခ်ယ္ဆီး အသင္းနဲ႕ ပတ္သတ္တာေတြလည္း ထည့္သြင္း ေျပာဆိုသြာားခဲ့ပါတယ္။

” က်ေနာ္ ခ်ယ္ဆီးမွာ အရမ္းကို ေပ်ာ္ရႊင္ခဲ့ပါတယ္။ ဒါေပမယ့္ ထြက္လာျဖစ္ေတာ့လည္း အဲဒီအခ်ိန္က အသင္းေျပာင္းဖို႔ မွန္ကန္တဲ့ အခ်ိန္လို႔ က်ေနာ္ ထင္တယ္။ အဲဒီ ကာလေတြကို က်ေနာ္ မေမ့ပါဘူး။ ဒါေပမယ့္ အခုခ်ိန္မွာ ခ်ယ္ဆီးကေန ဘာလို႔ ထြက္ခြာလာသလဲ ဆိုတာ ရွင္းျပလို႔ မရနုိင္ဘူး။ က်ေနာ္ အခု မန္ခ်က္စတာ ယူနိုက္တက္ ကစားသမား တစ္ဦးပါ။ ” လို႔ မာတစ္က ေျပာဆိုသြားခဲ့ပါတယ္။

ကြင္းလယ္ခံစစ္သမား မာတစ္ဟာ အသက္ ၃၁ နွစ္ ရွိျပီ ျဖစ္ျပီး ယူနိုက္တက္နဲ႕လည္း စာခ်ဳပ္ ကုန္ဆံုးေတာ့မွာ ျဖစ္ပါတယ္။ ၄င္းက လက္ရွိကလပ္မွာပဲ ဆက္ ေနလိုေသးျပီး ယူနုိက္တက္ကလည္း ကာလတို သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုဖြယ္ ရွိပါတယ္။