ရိုက်ကို လိုချင်ရင် ဂေလ်းမားကို ပြန်ပေးရမယ်လို့ တုန့်ပြန်တဲ့ ဝက်ဟမ်းမန်နေဂျာ မိုးယက်စ်

ဝက်ဟမ်းမန်နေဂျာ မိုးယက်စ်က ချယ်ဆီးက ကွင်းလယ်လူ ရိုက်ကို ပြန်ခေါ်လိုတယ်ဆိုရင် လူငယ်ကွင်းလယ်လူ ဂေလ်းမားကို ပြန်ခေါ်ခွင့် ပေးရပါမယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဝက်ဟမ်းရဲ့ ရိုက်ဟာ အသက် ၁၄ နှစ်အရွယ်မှာ ချယ်ဆီးအကယ်ဒမီကနေ ထွက်ခွာလာခဲ့ပြီး ဝက်ဟမ်းအသင်းမှာ တောက်ပတဲ့ အနာဂတ်ရှိသူအဖြစ် ထင်ပေါ်လာခဲ့သူပါ။ သူ့ရဲ့ ပြောင်းရွှေ့ကြေးက ပေါင် သန်း ၅၀ ဝန်းကျင် ရှိပြီး ချယ်ဆီးက ပြန်ခေါ်ဖို့ စိတ်ဝင်စားနေတာဖြစ်တယ်။

စကော့သား မန်နေဂျာမိုးယက်စ်က ” နှစ်တွေ နှစ်တွေ အများကြီးမှာ စကော့သား ကစားသမားတွေ ဘယ်လို ကစားခဲ့ကြသလဲဆိုတဲ့ အမှတ်တရတွေကို ဂေလ်းမားက ပြန်မှတ်မိစေပါတယ်။ ကျနေ်ာတို့ စကော်တလန်တွေမှာ ထူးချွန် ပြောင်မြောက်တဲ့ ကစားသမားကောင်းတွေ အများကြီး ရှိခဲ့ကြပြီး ဂေလ်းမားက အဲ့လို ကစားသမားဖြစ်ပါတယ်။

စကော်တလန် လက်ရွေးစင်အသင်းဟာ အသင်းအတွက် မျှော်လင့်ချက်တွေ ပေးမယ့် ကစားသမားမျိုးတွေကို ထည့်သွင်းဖို့ လိုပါတယ်။ ဂေလ်းမားဟာ စကော်တလန်ကို မျှော်လင့်ချက် ပေးနိုင်မယ့်သူပါ။ ချယ်ဆီးက ကျနေ်ာတို့ ကွင်းလယ်လူ ရိုက်ကို ခေါ်ယူလိုတယ်ဆိုရင် သူတို့အသင်းသား ရိုက်ကို ပြန်ပေးဖို့ လိုပါလိမ့်မယ် ” လို့ ဆိုသွားခဲ့ပါတယ်။

ဒီကိစ္စမျိုးကို ချယ်ဆီးဘက်ကတော့ လုံးဝ လက်ခံမှာ မဟုတ်ပါဘူး။ ဂျော်ဂျင်ဟို မပါနိုင်တဲ့ ပွဲတွေမှာ စတင်ကာ နေရာရလာခဲ့တဲ့ ဂေလ်းမားဟာ ပြောင်မြောက်တဲ့ ခြေစွမ်းတွေကြောင့် ချယ်ဆီးရဲ့ အနာဂတ် ဖြစ်လာနိုင်သူလို့ ထင်ပေါ်နေကာ ပရိသတ်တွေကကော အကျော်အမော်ဟောင်းတွေကပါ သူ့ကို အထင်ကြီးမှုတွေ ရှိလာနေခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဝက္ဟမ္းမန္ေနဂ်ာ မိုးယက္စ္က ခ်ယ္ဆီးက ကြင္းလယ္လူ ရိုက္ကို ျပန္ေခၚလိုတယ္ဆိုရင္ လူငယ္ကြင္းလယ္လူ ေဂလ္းမားကို ျပန္ေခၚခြင့္ ေပးရပါမယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ဝက္ဟမ္းရဲ႕ ရိုက္ဟာ အသက္ ၁၄ ႏွစ္အရြယ္မွာ ခ်ယ္ဆီးအကယ္ဒမီကေန ထြက္ခြာလာခဲ့ျပီး ဝက္ဟမ္းအသင္းမွာ ေတာက္ပတဲ့ အနာဂတ္ရွိသူအျဖစ္ ထင္ေပၚလာခဲ့သူပါ။ သူ႔ရဲ႕ ေျပာင္းေရႊ႔ေၾကးက ေပါင္ သန္း ၅၀ ဝန္းက်င္ ရွိျပီး ခ်ယ္ဆီးက ျပန္ေခၚဖို႔ စိတ္ဝင္စားေနတာျဖစ္တယ္။

စေကာ့သား မန္ေနဂ်ာမိုးယက္စ္က ” ႏွစ္ေတြ ႏွစ္ေတြ အမ်ားၾကီးမွာ စေကာ့သား ကစားသမားေတြ ဘယ္လို ကစားခဲ့ၾကသလဲဆိုတဲ့ အမွတ္တရေတြကို ေဂလ္းမားက ျပန္မွတ္မိေစပါတယ္။ က်ေန္ာတို႔ စေကာ္တလန္ေတြမွာ ထူးခၽြန္ ေျပာင္ေျမာက္တဲ့ ကစားသမားေကာင္းေတြ အမ်ားၾကီး ရွိခဲ့ၾကျပီး ေဂလ္းမားက အဲ့လို ကစားသမားျဖစ္ပါတယ္။

စေကာ္တလန္ လက္ေရြးစင္အသင္းဟာ အသင္းအတြက္ ေမွ်ာ္လင့္ခ်က္ေတြ ေပးမယ့္ ကစားသမားမ်ိဳးေတြကို ထည့္သြင္းဖို႔ လိုပါတယ္။ ေဂလ္းမားဟာ စေကာ္တလန္ကို ေမွ်ာ္လင့္ခ်က္ ေပးႏုိင္မယ့္သူပါ။ ခ်ယ္ဆီးက က်ေန္ာတုိ႔ ကြင္းလယ္လူ ရိုက္ကို ေခၚယူလိုတယ္ဆိုရင္ သူတို႔အသင္းသား ရိုက္ကို ျပန္ေပးဖို႔ လိုပါလိမ့္မယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။

ဒီကိစၥမ်ိဳးကို ခ်ယ္ဆီးဘက္ကေတာ့ လံုးဝ လက္ခံမွာ မဟုတ္ပါဘူး။ ေဂ်ာ္ဂ်င္ဟို မပါႏုိင္တဲ့ ပြဲေတြမွာ စတင္ကာ ေနရာရလာခဲ့တဲ့ ေဂလ္းမားဟာ ေျပာင္ေျမာက္တဲ့ ေျခစြမ္းေတြေၾကာင့္ ခ်ယ္ဆီးရဲ႕ အနာဂတ္ ျဖစ္လာႏုိင္သူလို႔ ထင္ေပၚေနကာ ပရိသတ္ေတြကေကာ အေက်ာ္အေမာ္ေဟာင္းေတြကပါ သူ႔ကို အထင္ၾကီးမႈေတြ ရွိလာေနခ့ဲတာ ျဖစ္ပါတယ္။