ချယ်ဆီး လက်နှေးနေမှုကြောင့် တိုက်စစ်သမား ဘိုဂါ ခေါ်ယူရေးမှာ ရိုးမား ဝင်ပါလာ

ချယ်ဆီးအသင်းက လက်နှေးနေမှုကြောင့် ဆူဆိုလိုအို တောင်ပံသမား ဘိုဂါကို ရိုးမားအသင်းထံ လက်လွတ်ရဖွယ်ရှိကြောင်း Goal သတင်းထောက် Nizaar Kinsella က ဖော်ပြသွားပါတယ်။

ကွင်းလယ်နဲ့ တောင်ပံကစားသမားဟာ ချယ်ဆီးအကယ်ဒမီထွက် ကစားသမားဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ စီးရီးအေကလပ်ကို ပေါင် ၂.၅ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ အပြောင်းအရွှေ့ စာချုပ်မှာ ယူရို ၁၅ သန်းပေးရင် ပြန်လည် ခေါ်ယူနိုင်ခွင့်ဆိုတဲ့ အချက်ကို ထည့်သွင်းခဲ့ပါတယ်။

ချယ်ဆီးနဲ့ ဆူဆိုလိုအို စာချုပ်မှာ ဘိုဂါကို အလိုရှိက ပြန်လည် ခေါ်ယူခွင့် ပါဝင်ပေမယ့် ချယ်ဆီးဘက်က မခေါ်ဘူးဆိုရင် စီးရီးအေကလပ်က သက်တမ်းတိုးတာမျိုးနဲ့ ရောင်းထုတ်တာမျိုးကို စိတ်ကြိုက် လုပ်ခွင့်ရမှာဖြစ်ပါတယ်။ ဒီလို အနေအထားမှာပဲ ရိုးမားက ဘိုဂါကို ဈေးသက်သက်သာသာနဲ့ ခေါ်ယူခွင့်ရဖို့ ဝင်ရောက်လာတာဖြစ်တယ်။

ချယ်ဆီးဘက်က ဘိုဂါကို အပြောင်းအရွှေ့မှာ အလိုရှိက ပြန်လည်ခေါ်ယူခွင့် တစ်ခုတည်းကို ပိုင်ဆိုင်ထားတာ မဟုတ်ပဲ အီတလီကလပ်က ဘိုဂါကို အခြားသော အသင်းထံ ရောင်းထုတ်ရာမှာလည်း သဘောမတူပါက ပယ်ချခွင့်ကိုပါ ပိုင်ဆိုင်ထားတာလို့ သိရပါတယ်။ ဒါကြောင့် ရိုးမားဘက်က ကမ်းလှမ်းမှုကို ချယ်ဆီးဘက်က ငြင်းဆန်ပိုင်ခွင့်တော့ ရှိနေဆဲဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် အသက် ၁၂ နှစ်အရွယ်မှာ အကယ်ဒမီအသင်းနဲ့ ပူးပေါင်းခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ စီနီယာအဆင့်ကို ရောက်ရှိခဲ့ပါတယ်။ သူဟာ ချယ်ဆီးအသင်းအတွက် တစ်ပွဲပဲ ပွဲထွက်ကစားပေးခဲ့သူပါ။ အဲ့နောက် သုံးရာသီဆက်တိုက် အငှားချခံခဲ့ရပြီးမှ ဆူဆိုလိုအိုကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးအသင္းက လက္ေႏွးေနမႈေၾကာင့္ ဆူဆိုလိုအို ေတာင္ပံသမား ဘိုဂါကို ရိုးမားအသင္းထံ လက္လြတ္ရဖြယ္ရွိေၾကာင္း Goal သတင္းေထာက္ Nizaar Kinsella က ေဖာ္ျပသြားပါတယ္။

ကြင္းလယ္နဲ႔ ေတာင္ပံကစားသမားဟာ ခ်ယ္ဆီးအကယ္ဒမီထြက္ ကစားသမားျဖစ္ျပီး ၂၀၁၈ ခုႏွစ္မွာ စီးရီးေအကလပ္ကို ေပါင္ ၂.၅ သန္းနဲ႔ ေျပာင္းေရႊ႔သြားခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕ အေျပာင္းအေရႊ႔ စာခ်ဳပ္မွာ ယူရို ၁၅ သန္းေပးရင္ ျပန္လည္ ေခၚယူႏုိင္ခြင့္ဆိုတဲ့ အခ်က္ကို ထည့္သြင္းခဲ့ပါတယ္။

ခ်ယ္ဆီးနဲ႔ ဆူဆိုလိုအို စာခ်ဳပ္မွာ ဘိုဂါကို အလိုရွိက ျပန္လည္ ေခၚယူခြင့္ ပါဝင္ေပမယ့္ ခ်ယ္ဆီးဘက္က မေခၚဘူးဆိုရင္ စီးရီးေအကလပ္က သက္တမ္းတိုးတာမ်ိဳးနဲ႔ ေရာင္းထုတ္တာမ်ိဳးကို စိတ္ၾကိဳက္ လုပ္ခြင့္ရမွာျဖစ္ပါတယ္။ ဒီလို အေနအထားမွာပဲ ရိုးမားက ဘိုဂါကို ေစ်းသက္သက္သာသာနဲ႔ ေခၚယူခြင့္ရဖို႔ ဝင္ေရာက္လာတာျဖစ္တယ္။

ခ်ယ္ဆီးဘက္က ဘိုဂါကို အေျပာင္းအေရႊ႔မွာ အလိုရွိက ျပန္လည္ေခၚယူခြင့္ တစ္ခုတည္းကို ပိုင္ဆိုင္ထားတာ မဟုတ္ပဲ အီတလီကလပ္က ဘိုဂါကို အျခားေသာ အသင္းထံ ေရာင္းထုတ္ရာမွာလည္း သေဘာမတူပါက ပယ္ခ်ခြင့္ကိုပါ ပိုင္ဆုိင္ထားတာလို႔ သိရပါတယ္။ ဒါေၾကာင့္ ရိုးမားဘက္က ကမ္းလွမ္းမႈကို ခ်ယ္ဆီးဘက္က ျငင္းဆန္ပိုင္ခြင့္ေတာ့ ရွိေနဆဲျဖစ္ပါတယ္။

၂၀၀၉ ခုႏွစ္ အသက္ ၁၂ ႏွစ္အရြယ္မွာ အကယ္ဒမီအသင္းနဲ႔ ပူးေပါင္းခဲ့ျပီး ၂၀၁၅ ခုႏွစ္မွာ စီနီယာအဆင့္ကို ေရာက္ရွိခဲ့ပါတယ္။ သူဟာ ခ်ယ္ဆီးအသင္းအတြက္ တစ္ပြဲပဲ ပြဲထြက္ကစားေပးခဲ့သူပါ။ အဲ့ေနာက္ သံုးရာသီဆက္တုိက္ အငွားခ်ခံခဲ့ရျပီးမွ ဆူဆိုလိုအိုကို ေျပာင္းေရႊ႔ခဲ့သူျဖစ္ပါတယ္။