ဒီရာသီ တန်ကြေးအမြင့်ဆုံး ချယ်ဆီးအသင်းသား၊ ပစ်မှတ် ကစားသမားများနဲ့ ချယ်ဆီး ညနေခင်းသတင်းများ

ခ်န္ပီယံလိဂ္ ၁၆သင္း ရွံဳးထြက္ အဆင့္ မဲခြဲရလဒ္မ်ား ထြက္ေပၚလာရာ ခ်ယ္ဆီးအသင္းက ဂ်ာမန္ ဘြန္ဒစ္လီဂါ ကလပ္ ဘိုင္ယန္ျမဴးနစ္ နဲ႕ ထိပ္တိုက္ ေတြ႔ဆံုေနပါတယ္။

ခ်ယ္ဆီးဟာ ပထမအေက်ာ့အျဖစ္ ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔ စတမ္းဖိုဒ့္ရစ္မွာ ဘိုင္ယန္ျမဴးနစ္ကို ဧည့္ခံရမွာျဖစ္ျပီး ဒုတိယအေက်ာ့အျဖစ္ မတ္လ ၁၈ ရက္ေန႔မွာ အေဝးကြင္းသြားေရာက္ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။

ဒီတေလာ ရလဒ္ေတြ ဆိုး၀ါးေနတာအတြက္ ခ်ယ္ဆီး လူငယ္ ကစားသမားေတြကို အျပစ္တင္ဖို႔ထက္ ျပိဳင္ပြဲၾကီးေတြမွာ ကစားဖို႔ အေတြ႔အၾကံဳရွိ ကစားသမားေတြ ေခၚယူကာ တြဲဖက္ေပးသင့္ေၾကာင္း ဂ်င္မီရပ္နက္က အၾကံျပဳ တိုက္တြန္းလိုက္ပါတယ္။

လီဗာပူး၊ မန္စီးတီးတို႔နဲ႕ အျပိဳင္ ခ်ယ္ဆီး ခ်ိန္ရြယ္ေနတဲ့ ကြန္ဗန္ထရီကလပ္မွ အသက္ ၁၉ အရြယ္ ဘယ္စြန္ လူငယ္ခံစစ္မွဴး ဆမ္ မက္ေကာလန္း ကို ေခၚယူဖို႔ လီဗာပူးအသင္းက အေလးသာေနပါတယ္။

CIES ေဘာလံုးအခ်က္အလက္ ၀က္ဘ္ဆိုဒ္က တြက္ခ်က္ ေဖာ္ထုတ္မႈေတြ အရ လက္ရွိ ေဘာလံုးရာသီ လမ္းပတ္ ခ်ယ္ဆီးအသင္းရဲ႕ တန္ေၾကးအျမင့္ဆံုး ကစားသမားက ကြင္းလယ္ကစားသမား ေဂ်ာ္ဂ်င္ဟို ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ေဘာ္ဒိုးအသင္း တိုက္စစ္သမား ဂ်ိဳ႕ရွ္ မာဂ်ာကို ပစ္မွတ္ထားေနတယ္လို႔ သတင္းေတြ ထြက္ေနပါတယ္။ ဆန္းဒါးလန္း ကစားသမားေဟာင္း ျဖစ္တဲ့ အသက္ ၂၀ လူငယ္ တိုက္စစ္သမားဟာ ဒီရာသီ လီဂူး၀မ္း ၁၆ ပြဲ ကစားရမွာ ၅ ဂိုး သြင္းယူထားပါတယ္။

Unicode

ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက် အဆင့် မဲခွဲရလဒ်များ ထွက်ပေါ်လာရာ ချယ်ဆီးအသင်းက ဂျာမန် ဘွန်ဒစ်လီဂါ ကလပ် ဘိုင်ယန်မြူးနစ် နဲ့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။

ချယ်ဆီးဟာ ပထမအကျော့အဖြစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ စတမ်းဖိုဒ့်ရစ်မှာ ဘိုင်ယန်မြူးနစ်ကို ဧည့်ခံရမှာဖြစ်ပြီး ဒုတိယအကျော့အဖြစ် မတ်လ ၁၈ ရက်နေ့မှာ အဝေးကွင်းသွားရောက် ယှဉ်ပြိုင်ရမှာဖြစ်တယ်။

ဒီတလော ရလဒ်တွေ ဆိုးဝါးနေတာအတွက် ချယ်ဆီး လူငယ် ကစားသမားတွေကို အပြစ်တင်ဖို့ထက် ပြိုင်ပွဲကြီးတွေမှာ ကစားဖို့ အတွေ့အကြုံရှိ ကစားသမားတွေ ခေါ်ယူကာ တွဲဖက်ပေးသင့်ကြောင်း ဂျင်မီရပ်နက်က အကြံပြု တိုက်တွန်းလိုက်ပါတယ်။

လီဗာပူး၊ မန်စီးတီးတို့နဲ့ အပြိုင် ချယ်ဆီး ချိန်ရွယ်နေတဲ့ ကွန်ဗန်ထရီကလပ်မှ အသက် ၁၉ အရွယ် ဘယ်စွန် လူငယ်ခံစစ်မှူး ဆမ် မက်ကောလန်း ကို ခေါ်ယူဖို့ လီဗာပူးအသင်းက အလေးသာနေပါတယ်။

CIES ဘောလုံးအချက်အလက် ဝက်ဘ်ဆိုဒ်က တွက်ချက် ဖော်ထုတ်မှုတွေ အရ လက်ရှိ ဘောလုံးရာသီ လမ်းပတ် ချယ်ဆီးအသင်းရဲ့ တန်ကြေးအမြင့်ဆုံး ကစားသမားက ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟို ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ဘော်ဒိုးအသင်း တိုက်စစ်သမား ဂျို့ရှ် မာဂျာကို ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဆန်းဒါးလန်း ကစားသမားဟောင်း ဖြစ်တဲ့ အသက် ၂၀ လူငယ် တိုက်စစ်သမားဟာ ဒီရာသီ လီဂူးဝမ်း ၁၆ ပွဲ ကစားရမှာ ၅ ဂိုး သွင်းယူထားပါတယ်။