ဂရင်းဝုဒ်၊ ဂိုးမက်၊ ယန်း၊ ပေါ့ဘာ၊ ဟာလန်းတို့နဲ့ ယူနိုက်တက် ညနေခင်းသတင်းများ



လူငယ်တိုက်စစ်သမား မေဆန်ဂရင်းဝုဒ်က အထင်ကြီးလောက်ဖွယ် ခြေစွမ်းပြနေပြီလို့ နဗီးလ်က ချီးကျူးလိုက်ပြီး တိုက်စစ်မှူး ရက်ဖို့ဒ်ထက်တောင် အဆုံးသတ် စကေးလ် ကျွမ်းကျင်နေပြီလို့ ၄င်းက ပြောဆိုခဲ့ပါတယ်။




Unicode

ယူနိုက်တက် ခံစစ်မှူးဟောင်း ပေါလ်ပါကာက အသင်း ကွင်းလယ်ကစားသမား ပေါ့ဘာရဲ့ အသင်းနဲ့ ပတ်သတ်ပြီး နှစ်လို အားထုတ်မှုအပေါ် မေးခွန်းထုတ်လိုက်ကာ ပြင်သစ်သားကို ရောင်းချပြီး မန်ဇူကစ်ကို ခေါ်ယူဖို့ ယူနိုက်တက်အား တိုက်တွန်းလိုက်ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားဟာ ဟာလန်းကို ကိုယ်တိုင် ခရီးထွက်ကာ သွားရောက်တွေ့ဆုံမှု ပြုလုပ်ခဲ့တာကြောင့် ရက်ဘူး ဆဲလ်ဘတ် တိုက်စစ်မှူး ကို အရခေါ်ယူနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

လူငယ်တိုက်စစ်သမား မေဆန်ဂရင်းဝုဒ်က အထင်ကြီးလောက်ဖွယ် ခြေစွမ်းပြနေပြီလို့ နဗီးလ်က ချီးကျူးလိုက်ပြီး တိုက်စစ်မှူး ရက်ဖို့ဒ်ထက်တောင် အဆုံးသတ် စကေးလ် ကျွမ်းကျင်နေပြီလို့ ၎င်းက ပြောဆိုခဲ့ပါတယ်။

ယူရိုပါလိဂ် ၃၂ သင်း အဆင့် မဲခွဲရလဒ်များ ထွက်ပေါ်လာရာ မန်ချက်စတာယူနိုက်တက်ဟာ ဘယ်လ်ဂျီယံကလပ် Club Brugge နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။

ယူနိုက်တက် လူငယ်ကစားသမား အိန်ဂျယ် ဂိုးမက်ဇ်ဟာ အင်စတာဂရမ်မှာ ကလပ်အသင်းနဲ့ ပတ်သတ်တဲ့ အချက်အလက်များကို ဖျက်ပစ်ခဲ့တာကြောင့် အသင်းကနေ ထွက်ခွာရန် ပြင်ဆင်နေတယ်လို့ သုံးသပ်နေကြပါတယ်။

ဒီရာသီကုန်ရင် အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီ ဖြစ်တဲ့ ယူနိုက်တက် အသင်းခေါင်းဆောင် အက်ရှ်လေယန်းကို ကလပ်အသင်းဘက်က သက်တမ်းတိုး ကမ်းလှမ်းမှု မပြုလုပ်တော့ဘဲ အသင်းကနေ ထွက်ခွာခွင့် ပြုတော့မှာ ဖြစ်ပါတယ်။