ဘယ်စွန် ခံစစ် ပစ်မှတ်၊ ကင်နီဒဲဂလစ်ရှ်၊ ဘရူစတားနဲ့ လီဗာပူး ညနေခင်းသတင်းများ

လီဗာပူး လူငယ္တိုက္စစ္မွဴး ဘရူစတားကို အငွားနဲ႕ ေခၚယူလိုတဲ့ ကလပ္အသင္းေတြ အမ်ားၾကီး ရွိေသာ္လည္း ခ်န္ပီယံလိဂ္ကလပ္ ဆြမ္ဆီးအသင္း မန္ေနဂ်ာ စတိဗ္ ကူပါးကေတာ့ ကစားသမားနဲ႕ ရင္းနွီးတဲ့ ဆက္ဆံေရး ရွိတာေၾကာင့္ ေခၚယူနိုင္ဖို႔ အေလးသာေနပါတယ္။

ယာဂင္ကေလာ့ပ္နဲ႕ စတီဗင္ဂ်ရတ္တို႔ဟာ လက္ရွိ ကလပ္အသင္းမ်ားနဲ႕ တစ္ရက္တည္းမွာပဲ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုလိုက္ျပီး ၄င္းတို႔ စာခ်ဳပ္ေတြက ၂၀၂၄ မွာ ကုန္ဆံုးမွာ ျဖစ္တာေၾကာင့္ လီဗာပူးအသင္း အတြက္ တကယ့္ စိတ္ကူးယဥ္စရာ ပံုျပင္တစ္ပုဒ္လို ျဖစ္ျပီလို႔ ကင္နီ ဒဲဂလစ္ခ်္က မွတ္ခ်က္ျပဳ လိုက္ပါတယ္။

ခ်န္ပီယံလိဂ္ ၁၆သင္း ရွံဳးထြက္ အဆင့္ မဲခြဲရလဒ္မ်ား ထြက္ေပၚလာရာ လီဗာပူးအသင္းက စပိန္ကလပ္ အက္သလက္တီကို မက္ဒရစ္နဲ႕ ထိပ္တိုက္ ေတြ႔ဆံုေနပါတယ္။

လီဗာူးအသင္းဟာ ပထမအေက်ာ့ အျဖစ္ အက္သလက္တီကိုကြင္းမွာ ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔ သြားေရာက္ ကစားရမွာ ျဖစ္ျပီး ဒုတိယ အေက်ာ့ ကိုေတာ့ မတ္လ ၁၁ ရက္မွာ အိမ္ကြင္းမွာ ဧည့္ခံရပါမယ္။

ကာရာေဘာင္း ကြာတားဖိုင္နယ္အျဖစ္ အက္စတြန္ဗီလာကြင္းမွာ သြားေရာက္ကစားမယ့္ လီဗာပူးအသင္းကို ယူ-၂၃ အသင္း နည္းျပ ေနးခရစ္ခ်္ေလ တာဝန္ယူမွာ ျဖစ္ပါတယ္။ ၄င္းက ထိုပြဲစဥ္အတြက္ အရမ္းကို စိတ္လႈပ္ရွား ဂုဏ္ယူေနတယ္လို႔ ပြဲၾကိဳရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ခ်ယ္ဆီးနဲ႕ မန္စီးတီးတို႔ကို ေက်ာ္ျဖတ္ကာ ကြန္ဗန္ထရီကလပ္မွ ဘယ္စြန္ လူငယ္ခံစစ္မွဴး ဆမ္ မက္ေကာလန္းကို ေခၚယူဖို႔ အေလးသာေနပါတယ္။ အသက္ ၁၉ အရြယ္ လူငယ္ ကစားသမားေလးကို လီဗာပူးက ဇန္န၀ါရီမွာ ေခၚယူကာ ရာသီကုန္ထိ ကြန္ဗန္ထရီမွာပဲ အငွားခ်ထားဖို႔ စီစဥ္ေနပါတယ္။

Unicode

လီဗာပူး လူငယ်တိုက်စစ်မှူး ဘရူစတားကို အငှားနဲ့ ခေါ်ယူလိုတဲ့ ကလပ်အသင်းတွေ အများကြီး ရှိသော်လည်း ချန်ပီယံလိဂ်ကလပ် ဆွမ်ဆီးအသင်း မန်နေဂျာ စတိဗ် ကူပါးကတော့ ကစားသမားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာကြောင့် ခေါ်ယူနိုင်ဖို့ အလေးသာနေပါတယ်။

ယာဂင်ကလော့ပ်နဲ့ စတီဗင်ဂျရတ်တို့ဟာ လက်ရှိ ကလပ်အသင်းများနဲ့ တစ်ရက်တည်းမှာပဲ သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ပြီး ၎င်းတို့ စာချုပ်တွေက ၂၀၂၄ မှာ ကုန်ဆုံးမှာ ဖြစ်တာကြောင့် လီဗာပူးအသင်း အတွက် တကယ့် စိတ်ကူးယဉ်စရာ ပုံပြင်တစ်ပုဒ်လို ဖြစ်ပြီလို့ ကင်နီ ဒဲဂလစ်ချ်က မှတ်ချက်ပြု လိုက်ပါတယ်။

ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက် အဆင့် မဲခွဲရလဒ်များ ထွက်ပေါ်လာရာ လီဗာပူးအသင်းက စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်နဲ့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။

လီဗာူးအသင်းဟာ ပထမအကျော့ အဖြစ် အက်သလက်တီကိုကွင်းမှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ သွားရောက် ကစားရမှာ ဖြစ်ပြီး ဒုတိယ အကျော့ ကိုတော့ မတ်လ ၁၁ ရက်မှာ အိမ်ကွင်းမှာ ဧည့်ခံရပါမယ်။

ကာရာဘောင်း ကွာတားဖိုင်နယ်အဖြစ် အက်စတွန်ဗီလာကွင်းမှာ သွားရောက်ကစားမယ့် လီဗာပူးအသင်းကို ယူ-၂၃ အသင်း နည်းပြ နေးခရစ်ချ်လေ တာဝန်ယူမှာ ဖြစ်ပါတယ်။ ၎င်းက ထိုပွဲစဉ်အတွက် အရမ်းကို စိတ်လှုပ်ရှား ဂုဏ်ယူနေတယ်လို့ ပွဲကြိုရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ချယ်ဆီးနဲ့ မန်စီးတီးတို့ကို ကျော်ဖြတ်ကာ ကွန်ဗန်ထရီကလပ်မှ ဘယ်စွန် လူငယ်ခံစစ်မှူး ဆမ် မက်ကောလန်းကို ခေါ်ယူဖို့ အလေးသာနေပါတယ်။ အသက် ၁၉ အရွယ် လူငယ် ကစားသမားလေးကို လီဗာပူးက ဇန်နဝါရီမှာ ခေါ်ယူကာ ရာသီကုန်ထိ ကွန်ဗန်ထရီမှာပဲ အငှားချထားဖို့ စီစဉ်နေပါတယ်။