ချယ်ဆီးနဲ့ ပွဲဦးထွက်ရာသီမှာ စိတ်ပျက်ရတဲ့ ကိစ္စ လမ်းပတ် ထုတ်ဖော် ပြောကြား

ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ၎င်းရဲ့ ချယ်ဆီးနည်းပြ အဖြစ် ပွဲဦးထွက် ရာသီမှာ အသင်းရဲ့ အားထားရတဲ့ ကွင်းလယ်ကစားသမား ကန်တေ ဒဏ်ရာများကြောင့် ပွဲစဉ် တော်တော်များများ မပါဝင်နိုင်တာက ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခု ဖြစ်ပြီး စိတ်ပျက်ခဲ့ရကြောင်း ဝန်ခံ ပြောဆိုခဲ့ပါတယ်။

လမ်းပတ်က ပြင်သစ် ကွင်းလယ်ကစားသမားကို ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမာေးတွထဲ ပါဝင်သူ အဖြစ် ညွှန်းဆိုလိုက်ပြီး ကန်တေ မပါဝင်နိုင်တဲ့ ချယ်ဆီးက အထိနာလွန်းတယ်လို့ ပြောဆိုခဲ့တာပါ။

” ကျနေ်ာတို့ ဒီတလော ပွဲတွေ မနားခင်မှာ ဒဏ်ရာရ ကစားမသား လေးငါးယောက်လောက် ရှိပါတယ်။ ကန်တေကတော့ အသိသာဆုံး တစ်ယောက်ပေါ့။ သူက ဘောလုံးရာသီ လေး ငါး ရာသီလောက်ကို ဆက်တိုက် ထူးချွန်စွာ ခြေစွမ်းပြလာသူပါ။ အသင်း မန်နေဂျာ တိုင်း အတွက် လုံး၀ အသုံးတည့် အားထားရတဲ့သူ ဖြစ်တယ်။

ဒါပေမယ့် ဒီဘောလုံးရာသီမှာ ချယ်ဆီးပွဲတွေရဲ့ ၄၀% လောက်ပဲ သူ ပါဝင် ကစားနိုင်ခဲ့တယ်။ ဒါက သူ့အတွက်လည်း တော်တော် ခက်ခဲမှာပါ။ တစ်ဦး ချင်း အနေနဲ့ သူ့အပေါ် စာနာမိသလို သူ မပါနိုင်တာကလည်း ကျနေ်ာတို့ အတွက် ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခု ဖြစ်တယ်။ ပွဲတွေ ပြန်စရင် ကန်တေ အကောင်းဆုံး ပုံစံနဲ့ ပြန် ပါဝင်လာနိုင်ဖို့ ကျနော် မျှော်လင့်ထားတယ်။ ” လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

” ကျနော်တို့ အသင်းမှာ ကန်တေကို ပြန်လိုအပ်နေတာ အသေအချာပဲပေါ့။ သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။ ဒါကို ချယ်ဆီးမှာ နည်းပြ ဖြစ်မလာခင်တည်းက ကျနော် သိတယ်။ အခု သူနဲ့ လက်တွဲ အလုပ်လုပ်တော့လည်း ပိုတောင် သိလာပါသေးတယ်။ ” လို့ လမ်းပတ်က ကန်တေကို ချီးကျူးစကား ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ငါးနှစ် အတွင်းမှာ ကန်တေက ပရီးမီးယားလိဂ်ရဲ့ ခြေစွမ်း အတည်ငြိမ်ဆုံး ကစားသမားတွေထဲ ပါဝင်ပြီး သူ ပါဝင်တဲ့ ပွဲတိုင်း ကွင်းလယ်မှာ မရပ်မနားတမ်း မောင်းနှင်နေသူ ဖြစ်ပါတယ်။ အသက် ၂၉ နှစ် ရှိပြီ ဖြစ်တဲ့ ကွင်းလယ်သမားဟာ လက်စတာနဲ့ရော ချယ်ဆီးနဲ့ ပါ အမှတ်ပေးဖလား ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၈ မှာ ပြင်သစ်နဲ့ အတူ ကမ္ဘာ့ဖလားပါ ဗိုလ်စွဲခဲ့သူ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္က ၄င္းရဲ႕ ခ်ယ္ဆီးနည္းျပ အျဖစ္ ပြဲဦးထြက္ ရာသီမွာ အသင္းရဲ႕ အားထားရတဲ့ ကြင္းလယ္ကစားသမား ကန္ေတ ဒဏ္ရာမ်ားေၾကာင့္ ပြဲစဥ္ ေတာ္ေတာ္မ်ားမ်ား မပါ၀င္နုိင္တာက ၾကီးမားတဲ့ ဆံုးရွံဳးမႈ တစ္ခု ျဖစ္ျပီး စိတ္ပ်က္ခဲ့ရေၾကာင္း ၀န္ခံ ေျပာဆိုခဲ့ပါတယ္။

လမ္းပတ္က ျပင္သစ္ ကြင္းလယ္ကစားသမားကို ကမၻာ့အေကာင္းဆံုး ကြင္းလယ္ကစားသမာေးတြထဲ ပါ၀င္သူ အျဖစ္ ညႊန္းဆိုလိုက္ျပီး ကန္ေတ မပါ၀င္နိုင္တဲ့ ခ်ယ္ဆီးက အထိနာလြန္းတယ္လို႔ ေျပာဆိုခဲ့တာပါ။

” က်ေန္ာတို႔ ဒီတေလာ ပြဲေတြ မနားခင္မွာ ဒဏ္ရာရ ကစားမသား ေလးငါးေယာက္ေလာက္ ရွိပါတယ္။ ကန္ေတကေတာ့ အသိသာဆံုး တစ္ေယာက္ေပါ့။ သူက ေဘာလံုးရာသီ ေလး ငါး ရာသီေလာက္ကို ဆက္တိုက္ ထူးခၽြန္စြာ ေျခစြမ္းျပလာသူပါ။ အသင္း မန္ေနဂ်ာ တိုင္း အတြက္ လံုး၀ အသံုးတည့္ အားထားရတဲ့သူ ျဖစ္တယ္။

ဒါေပမယ့္ ဒီေဘာလံုးရာသီမွာ ခ်ယ္ဆီးပြဲေတြရဲ႕ ၄၀% ေလာက္ပဲ သူ ပါ၀င္ ကစားနုိင္ခဲ့တယ္။ ဒါက သူ႔အတြက္လည္း ေတာ္ေတာ္ ခက္ခဲမွာပါ။ တစ္ဦး ခ်င္း အေနနဲ႕ သူ႔အေပၚ စာနာမိသလို သူ မပါနုိင္တာကလည္း က်ေန္ာတို႔ အတြက္ ၾကီးမားတဲ့ ထိုးနွက္ခ်က္ တစ္ခု ျဖစ္တယ္။ ပြဲေတြ ျပန္စရင္ ကန္ေတ အေကာင္းဆံုး ပံုစံနဲ႕ ျပန္ ပါ၀င္လာနုိင္ဖို႔ က်ေနာ္ ေမွ်ာ္လင့္ထားတယ္။ ” လို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

” က်ေနာ္တို႔ အသင္းမွာ ကန္ေတကို ျပန္လိုအပ္ေနတာ အေသအခ်ာပဲေပါ့။ သူက ကမၻာ့အေကာင္းဆံုး ကစားသမားေတြထဲက တစ္ေယာက္ပါ။ ဒါကို ခ်ယ္ဆီးမွာ နည္းျပ ျဖစ္မလာခင္တည္းက က်ေနာ္ သိတယ္။ အခု သူနဲ႕ လက္တြဲ အလုပ္လုပ္ေတာ့လည္း ပိုေတာင္ သိလာပါေသးတယ္။ ” လို႔ လမ္းပတ္က ကန္ေတကို ခ်ီးက်ဴးစကား ေျပာခဲ့ပါတယ္။

ျပီးခဲ့တဲ့ ငါးနွစ္ အတြင္းမွာ ကန္ေတက ပရီးမီးယားလိဂ္ရဲ႕ ေျခစြမ္း အတည္ျငိမ္ဆံုး ကစားသမားေတြထဲ ပါ၀င္ျပီး သူ ပါ၀င္တဲ့ ပြဲတုိင္း ကြင္းလယ္မွာ မရပ္မနားတမ္း ေမာင္းနွင္ေနသူ ျဖစ္ပါတယ္။ အသက္ ၂၉ နွစ္ ရွိျပီ ျဖစ္တဲ့ ကြင္းလယ္သမားဟာ လက္စတာနဲ႕ေရာ ခ်ယ္ဆီးနဲ႕ ပါ အမွတ္ေပးဖလား ဆြတ္ခူးနုိင္ခဲ့ျပီး ၂၀၁၈ မွာ ျပင္သစ္နဲ႕ အတူ ကမၻာ့ဖလားပါ ဗိုလ္စဲြခဲ့သူ ျဖစ္ပါတယ္။