ချယ်ဆီးနဲ့ အနာဂတ် အဖြူအမည်း မသဲကွဲ ဖြစ်နေရတဲ့ ပက်ဒရို

ချယ်ဆီး တောင်ပံတိုက်စစ်သမား ပက်ဒရိုက နွေမှာပဲ လက်ရှိကလပ်နဲ့ စာချုပ် ကုန်ပြီ ဖြစ်တာကြောင့် နောက်ဘောလုံးရာသီမှာ ဘယ်ကလပ်အသင်းမှာ ကစားဖြစ်မလဲ မသိသေးကြောင်း ဝန်ခံပြောဆိုလိုက်ပါတယ်။

စပိန်သား တိုက်စစ်သမားဟာ ချယ်ဆီးနဲ့ စာချုပ်က ဇွန် ၃၀မှာ ကုန်ဆုံးပြီ ဖြစ်ပြီး ၎င်းကို ခေါ်ယူဖို့ ရီးရဲလ်ဘက်တစ် အသင်းက ချိတ်ဆက်နေပါတယ်။

အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပက်ဒရိုက ချယ်ဆီးနဲ့ သက်တမ်းတိုး ကိစ္စ ဆွေးနွေးဖို့ စီစဉ်ထားခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီး ကိုရိုနာ ဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ရကြောင်း ဖွင့်ဟခဲ့ပါတယ်။

” ကျနော် ကလပ်အသင်းနဲ့ စကားပြောရမှာပါ။ ကျနော့် စာချုပ်က ဇွန် ၃၀ ထိ ရှိတယ်။ ကမ်းလှမ်းမှုတွေကိုလည်း ကျနော် နားစွင့်နေပါတယ်။ ဘက်တစ်စ်နဲကတော့ ကျနော် မသိသေးဘူး။ ချယ်ဆီးနဲ့ ကျနော် ဆွေးနွေးဖို့ လုပ်ထားပေမယ့် ဆိုင်းငံ့လိုက်ရတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အရာအားလုံး ထိခိုက်ကုန်တယ်။ လောလောဆယ်မှာ ချယ်ဆီးနဲ့ ဆွေးနွေးခွင့် ရဖို့ စောင့်ဆိုင်းနေတာပါ။

စာချုပ်က ကုန်တော့မယ်ဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် အသစ် သက်တမ်းတိုးမလား မတိုးဘူးလား ကျနေ်ာတို့ သေချာထိုင်ပြီး စကားပြောဖို့ လိုတယ်။ ဒါကြောင့် ကလပ်အသင်းနဲ့ တွေ့ဆုံဖို့ စောင့်နေတာ။ တချိန်တည်းမှာပဲ ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားမှာပါ။ လောလောဆယ်တော့ စာချုပ် ကုန်သွားတာ အရင်စောင့်ပြီး ဘာဆက်ဖြစ်မလဲ ကြည့်ရမှာပေါ့။ ” လို့ ပက်ဒရိုက ပြောဆိုခဲ့ပါတယ်။

လူငယ်တွေကို ပိုမို နေရာပေးနေတဲ့ နည်းပြ လမ်းပတ်ကြောင့် ပက်ဒရို ချယ်ဆီး အသင်းမှာ ဆက်ရှိဖို့က အခွင့်အရေး နည်းပါးပါတယ်။ ဒဏ်ရာတွေကြောင့် ပက်ဒရို တစ်ယောက် ဒီရာသီမှာ ပိုမို ရုန်းကန်ခဲ့ရပြီး လာမယ့် ဇူလိုင်ဆိုရင် အသက် ၃၃ နှစ် ဖြစ်တော့မှာကြောင့် လန်ဒန်ကလပ်က သက်တမ်းတိုးဖို့ အလားအလာ နည်းပါတယ်။

Zawgyi – ခ်ယ္ဆီး ေတာင္ပံတုိက္စစ္သမား ပက္ဒရိုက ေႏြမွာပဲ လက္ရွိကလပ္နဲ႕ စာခ်ဳပ္ ကုန္ျပီ ျဖစ္တာေၾကာင့္ ေနာက္ေဘာလံုးရာသီမွာ ဘယ္ကလပ္အသင္းမွာ ကစားျဖစ္မလဲ မသိေသးေၾကာင္း ၀န္ခံေျပာဆုိလိုက္ပါတယ္။

စပိန္သား တိုက္စစ္သမားဟာ ခ်ယ္ဆီးနဲ႕ စာခ်ဳပ္က ဇြန္ ၃၀မွာ ကုန္ဆံုးျပီ ျဖစ္ျပီး ၄င္းကို ေခၚယူဖို႔ ရီးရဲလ္ဘက္တစ္ အသင္းက ခ်ိတ္ဆက္ေနပါတယ္။ အသက္ ၃၂ နွစ္ အရြယ္ ရွိျပီ ျဖစ္တဲ့ ပက္ဒရိုက ခ်ယ္ဆီးနဲ႕ သက္တမ္းတိုး ကိစၥ ေဆြးေႏြးဖို႔ စီစဥ္ထားခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ျပီး ကိုရိုနာ ဗိုင္းရပ္စ္ ရိုက္္ခတ္မႈေၾကာင့္ အစည္းအေ၀းကို ေရႊ႕ဆိုင္းလိုက္ရေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

” က်ေနာ္ ကလပ္အသင္းနဲ႕ စကားေျပာရမွာပါ။ က်ေနာ့္ စာခ်ဳပ္က ဇြန္ ၃၀ ထိ ရွိတယ္။ ကမ္းလွမ္းမႈေတြကိုလည္း က်ေနာ္ နားစြင့္ေနပါတယ္။ ဘက္တစ္စ္နဲကေတာ့ က်ေနာ္ မသိေသးဘူး။ ခ်ယ္ဆီးနဲ႕ က်ေနာ္ ေဆြးေႏြးဖို႔ လုပ္ထားေပမယ့္ ဆိုင္းငံ့လိုက္ရတယ္။ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ အရာအားလံုး ထိခိုက္ကုန္တယ္။ ေလာေလာဆယ္မွာ ခ်ယ္ဆီးနဲ႕ ေဆြးေႏြးခြင့္ ရဖို႔ ေစာင့္ဆိုင္းေနတာပါ။

စာခ်ဳပ္က ကုန္ေတာ့မယ္ဆိုတာ က်ေနာ္ သိပါတယ္။ ဒါေပမယ့္ အသစ္ သက္တမ္းတိုးမလား မတိုးဘူးလား က်ေန္ာတို႔ ေသခ်ာထိုင္ျပီး စကားေျပာဖို႔ လိုတယ္။ ဒါေၾကာင့္ ကလပ္အသင္းနဲ႕ ေတြ႔ဆံုဖို႔ ေစာင့္ေနတာ။ တခ်ိန္တည္းမွာပဲ ကမ္းလွမ္းမႈေတြကို လက္ခံ စဥ္းစားမွာပါ။ ေလာေလာဆယ္ေတာ့ စာခ်ဳပ္ ကုန္သြားတာ အရင္ေစာင့္ျပီး ဘာဆက္ျဖစ္မလဲ ၾကည့္ရမွာေပါ့။ ” လို႔ ပက္ဒရိုက ေျပာဆိုခဲ့ပါတယ္။

လူငယ္ေတြကို ပိုမို ေနရာေပးေနတဲ့ နည္းျပ လမ္းပတ္ေၾကာင့္ ပက္ဒရို ခ်ယ္ဆီး အသင္းမွာ ဆက္ရွိဖို႔က အခြင့္အေရး နည္းပါးပါတယ္။ ဒဏ္ရာေတြေၾကာင့္ ပက္ဒရို တစ္ေယာက္ ဒီရာသီမွာ ပိုမို ရုန္းကန္ခဲ့ရျပီး လာမယ့္ ဇူလိုင္ဆိုရင္ အသက္ ၃၃ နွစ္ ျဖစ္ေတာ့မွာေၾကာင့္ လန္ဒန္ကလပ္က သက္တမ္းတိုးဖို႔ အလားအလာ နည္းပါတယ္။