ချယ်ဆီးက ကော်တင်ညိုကို ခေါ်ယူလိုက်ရင် ပူလီဆစ် ဘယ်လို တုန့်ပြန်ရမလဲ

ချယ်ဆီးဟာ ဘာစီလိုနာ ကွင်းလယ်လူ ကော်တင်ဟိုကို ပရီးမီးယားလိဂ်ထံ ကာလရှည် စာချုပ်ဖြင့် ပြန်လည်ခေါ်ယူနိုင်ဖို့ အတော်လေး နီးစပ်နေကြောင်း သတင်းတွေ ထွက်ပေါ်ထားတယ်။

ချယ်ဆီးကစားသမားဟောင်း ခရိတ် ဘန်လေက ဒီသတင်းဟာ ပူလီဆစ်အတွက် သတင်းဆိုးမဟုတ်ပဲ ပိုကောင်းတဲ့ တွန်းအားအဖြစ် အသုံးချနိုင်ရမယ်လို့ တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် တိုက်စစ်သမားလေးဟာ ဇန်နဝါရီ ၄ ရက်နေ့မှာ ပေါင်ခြံဒဏ်ရာရခဲ့တာကြောင့် အနားယူနေရခဲ့တာပါ။ ဆောင်းရာသီ အားလပ်ရက်အတွင်း ပြန်သက်သာလာဖို့ မျှော်လင့်ထားခဲ့ရပေမယ့် တိုးတက်မှုဆိုင်ရာ မပြသနိုင်တာကြောင့် ဆက်လက် အနားယူနေခဲ့ရတာဖြစ်ပါတယ်။

ခရိတ် ဘန်လေက “ အမေရိကန် ပရိသတ်တွေက ချယ်ဆီးက ဘယ်ကစားသမားကို လက်မှတ်ထိုးနေပါစေ စိုးရိမ်နေဖို့ မလိုပါဘူး။ ဘာလို့လည်းဆိုတော့ ဘယ်ကစားသမားကိုပဲ လက်မှတ်ထိုးပါစေ ပူလီဆစ်က ကောင်းကောင်းလုပ်နိုင်ရင် သူနေရာရမှာပါ။ ဒါက တကယ်ကို ရိုးရှင်းတဲ့ကိစ္စ ဖြစ်ပါတယ်။

ဘယ်ကစားသမား ဝင်လာမလဲဆိုတဲ့အပေါ် စိုးရိမ်နေရမှာ မဟုတ်ဘူး။ ဝင်လာတဲ့ ကစားသမားက ကိုယ်ကို ပိုကောင်းစေမှာပါ။ ဘာလို့လည်းဆိုတော့ ကိုယ်က ပိုကောင်းတဲ့ ကစားသမားတွေနဲ့ တွဲဘက်ရတော့မှာမို့ ပိုကောင်းကောင်း ကစားလာနိုင်မှာ ဖြစ်လို့ပါပဲ။

ကိုယ်မကစားရရင် အဲ့တာက ကိုယ်ဘာသာ လုံလောက်အောင် မကောင်းလိုပါပဲ။ ဒါက ဘောလုံးအားကစားရဲ့ အစိတ်အပိုင်းပါပဲ။ ပူလီဆစ်က ကော်တင်ညို ဝင်လာမှာနဲ့ ပက်သက်ပြီး စိတ်ပူနေမယ် မထင်ပါဘူး။ သူက ဘောလုံးရာသီ ပြန်စဖို့နဲ့ လာမယ့် ရာသီတွေအတွက် ပြင်ဆင်နေပြီး လမ်းပတ်ကို တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေ ပြသလိုနေမယ်လို့ ကျနော် မြင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးဟာ ဘာစီလိုနာ ကြင္းလယ္လူ ေကာ္တင္ဟိုကို ပရီးမီးယားလိဂ္ထံ ကာလရွည္ စာခ်ဳပ္ျဖင့္ ျပန္လည္ေခၚယူႏိုင္ဖို႔ အေတာ္ေလး နီးစပ္ေနေၾကာင္း သတင္းေတြ ထြက္ေပၚထားတယ္။

ခ်ယ္ဆီးကစားသမားေဟာင္း ခရိတ္ ဘန္ေလက ဒီသတင္းဟာ ပူလီဆစ္အတြက္ သတင္းဆိုးမဟုတ္ပဲ ပိုေကာင္းတဲ့ တြန္းအားအျဖစ္ အသံုးခ်ႏုိင္ရမယ္လို႔ တိုက္တြန္းလိုက္ပါတယ္။ အေမရိကန္ တိုက္စစ္သမားေလးဟာ ဇန္နဝါရီ ၄ ရက္ေန႔မွာ ေပါင္ျခံဒဏ္ရာရခဲ့တာေၾကာင့္ အနားယူေနရခဲ့တာပါ။ ေဆာင္းရာသီ အားလပ္ရက္အတြင္း ျပန္သက္သာလာဖို႔ ေမွ်ာ္လင့္ထားခဲ့ရေပမယ့္ တိုးတက္မႈဆိုင္ရာ မျပသႏုိင္တာေၾကာင့္ ဆက္လက္ အနားယူေနခဲ့ရတာျဖစ္ပါတယ္။

ခရိတ္ ဘန္ေလက “ အေမရိကန္ ပရိသတ္ေတြက ခ်ယ္ဆီးက ဘယ္ကစားသမားကို လက္မွတ္ထိုးေနပါေစ စိုးရိမ္ေနဖို႔ မလိုပါဘူး။ ဘာလို႔လည္းဆိုေတာ့ ဘယ္ကစားသမားကိုပဲ လက္မွတ္ထိုးပါေစ ပူလီဆစ္က ေကာင္းေကာင္းလုပ္ႏုိင္ရင္ သူေနရာရမွာပါ။ ဒါက တကယ္ကို ရိုးရွင္းတဲ့ကိစၥ ျဖစ္ပါတယ္။

ဘယ္ကစားသမား ဝင္လာမလဲဆိုတဲ့အေပၚ စိုးရိမ္ေနရမွာ မဟုတ္ဘူး။ ဝင္လာတဲ့ ကစားသမားက ကိုယ္ကို ပိုေကာင္းေစမွာပါ။ ဘာလို႔လည္းဆိုေတာ့ ကိုယ္က ပိုေကာင္းတဲ့ ကစားသမားေတြနဲ႔ တြဲဘက္ရေတာ့မွာမို႔ ပိုေကာင္းေကာင္း ကစားလာႏုိင္မွာ ျဖစ္လို႔ပါပဲ။

ကိုယ္မကစားရရင္ အဲ့တာက ကိုယ္ဘာသာ လံုေလာက္ေအာင္ မေကာင္းလိုပါပဲ။ ဒါက ေဘာလံုးအားကစားရဲ႕ အစိတ္အပိုင္းပါပဲ။ ပူလီဆစ္က ေကာ္တင္ညိဳ ဝင္လာမွာနဲ႔ ပက္သက္ျပီး စိတ္ပူေနမယ္ မထင္ပါဘူး။ သူက ေဘာလံုးရာသီ ျပန္စဖို႔နဲ႔ လာမယ့္ ရာသီေတြအတြက္ ျပင္ဆင္ေနျပီး လမ္းပတ္ကို တည္ျငိမ္တဲ့ စြမ္းေဆာင္ရည္ေတြ ျပသလိုေနမယ္လုိ႔ က်ေနာ္ ျမင္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။