ကလေးဘဝတည်းက ချယ်ဆီး ဂျာစီဝတ်ပြီး အားပေးခဲ့ကြောင်း ဂေးလ်မား ထုတ်ဖော်

ချယ်ဆီး လူငယ်ကွင်းလယ် ကစားသမားလေး ဘီလီ ဂေးလ်မားက စကော့တလန် ရိမ်းဂျားစ် အကယ်ဒမီ ထွက် ဖြစ်ပေမယ့် ငယ်တည်းက ချယ်ဆီး အသင်းကို အားပေးခဲ့ကာ ပရီးမီးယားလိဂ်မှာ ဒီကလပ်အသင်းအတွက်ပဲ စိတ်ထဲ ရှိခဲ့တဲ့အကြောင့် လတ်တလော အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုလာပါတယ်။

အသက် ၁၈ နှစ်သား လူငယ်လေးကို သူ့ဘ၀ ပထမဆုံး ဘောလုံးဂျာစီ အကြောင်း မေးမြန်းခဲ့ရာမှာ စကော့သားလေး အဖြေတွေက ချယ်ဆီး ပရိသတ်တွေကို ကြည်နူးကျေနပ်စေမှာ အမှန်ပါ။

” ပထမဆုံး ရှိဖူးတဲ့ ဘောလုံးဂျာစီက ချယ်ဆီးအသင်း အကျီၤပါ၊ ကျနော် အသက် ၅ နှစ်သားလောက်ပါ။ အဲဒီတည်းက ကျနော်က ချယ်ဆီး ပရိသတ်ပါ။ သူတို့မှာ ဂရိတ် ကစားသမားတွေ အများကြီး ရှိတယ် ဆုဖလားတွေ အများကြီး နိုင်နေတယ်။ ” လို့ ဂေးလ်မားက ဆိုခဲ့ပါတယ်။

ဒါက ဂေးလ်မား အတွက် ချယ်ဆီး ကစားသမား တစ်ယောက် ဖြစ်လာဖို့ ခြေလှမ်းအစ လို့လည်း ဆိုနိုင်ပါတယ်။ ရိမ်းဂျားစ် အကယ်ဒမီကနေ လွန်ခဲ့တဲ့ သုံးနှစ်က ချယ်ဆီးထံ ရောက်လာခဲ့တာ ဖြစ်ပြီး ချယ်ဆီးအသင်းမှာလည်း အစွမ်းပြနိုင်ခဲ့ကာ ဒီရာသီမှာ လမ်းပတ်ရဲ့ အသင်းကြီးမှာပါ ပါဝင် ခြေစွမ်းပြနေပြီ ဖြစ်ပါတယ်။

ဒီဘောလုံးရာသီက ဂေးလ်မားရဲ့ ပရောက်ဖက်ရှင်နယ် ဘောလုံးသမား ဘ၀ တကယ့် အစလို့ ဆိုနိုင်ပြီး ဆယ်ကျော်သက် ကွင်းလယ်လေးဟာ ပထမအသင်းကြီးနဲ့ ဒီရာသီ ၇ ပွဲ ပါဝင် ကစားထားပါတယ်။

ဒီရာသီ ပါဝင်ကစားထားတာ ၇ ပွဲသာ ဆိုပေမယ့် လီဗာပူး၊ အဲဗာတန်တို့နဲ့ ပွဲတွေမှာ ပွဲစဉ် အကောင်းဆုံး ကစားသမား ဆုတွေ ရသည်ထိ ခြေစွာထားသူလေး ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီး လူငယ္ကြင္းလယ္ ကစားသမားေလး ဘီလီ ေဂးလ္မားက စေကာ့တလန္ ရိမ္းဂ်ားစ္ အကယ္ဒမီ ထြက္ ျဖစ္ေပမယ့္ ငယ္တည္းက ခ်ယ္ဆီး အသင္းကို အားေပးခဲ့ကာ ပရီးမီးယားလိဂ္မွာ ဒီကလပ္အသင္းအတြက္ပဲ စိတ္ထဲ ရွိခဲ့တဲ့အေၾကာင့္ လတ္တေလာ အင္တာဗ်ဴးမွာ ထုတ္ေဖာ္ ေျပာဆိုလာပါတယ္။

အသက္ ၁၈ နွစ္သား လူငယ္ေလးကို သူ႔ဘ၀ ပထမဆံုး ေဘာလံုးဂ်ာစီ အေၾကာင္း ေမးျမန္းခဲ့ရာမွာ စေကာ့သားေလး အေျဖေတြက ခ်ယ္ဆီး ပရိသတ္ေတြကို ၾကည္နူးေက်နပ္ေစမွာ အမွန္ပါ။

” ပထမဆံုး ရွိဖူးတဲ့ ေဘာလံုးဂ်ာစီက ခ်ယ္ဆီးအသင္း အက်ီၤပါ၊ က်ေနာ္ အသက္ ၅ နွစ္သားေလာက္ပါ။ အဲဒီတည္းက က်ေနာ္က ခ်ယ္ဆီး ပရိသတ္ပါ။ သူတို႔မွာ ဂရိတ္ ကစားသမားေတြ အမ်ားၾကီး ရွိတယ္ ဆုဖလားေတြ အမ်ားၾကီး နုိင္ေနတယ္။ ” လို႔ ေဂးလ္မားက ဆိုခဲ့ပါတယ္။

ဒါက ေဂးလ္မား အတြက္ ခ်ယ္ဆီး ကစားသမား တစ္ေယာက္ ျဖစ္လာဖို႔ ေျခလွမ္းအစ လို႔လည္း ဆိုနုိင္ပါတယ္။ ရိမ္းဂ်ားစ္ အကယ္ဒမီကေန လြန္ခဲ့တဲ့ သံုးနွစ္က ခ်ယ္ဆီးထံ ေရာက္လာခဲ့တာ ျဖစ္ျပီး ခ်ယ္ဆီးအသင္းမွာလည္း အစြမ္းျပနိုင္ခဲ့ကာ ဒီရာသီမွာ လမ္းပတ္ရဲ႕ အသင္းၾကီးမွာပါ ပါ၀င္ ေျခစြမ္းျပေနျပီ ျဖစ္ပါတယ္။

ဒီေဘာလံုးရာသီက ေဂးလ္မားရဲ႕ ပေရာက္ဖက္ရွင္နယ္ ေဘာလံုးသမား ဘ၀ တကယ့္ အစလို႔ ဆိုနုိင္ျပီး ဆယ္ေက်ာ္သက္ ကြင္းလယ္ေလးဟာ ပထမအသင္းၾကီးနဲ႕ ဒီရာသီ ၇ ပြဲ ပါ၀င္ ကစားထားပါတယ္။

ဒီရာသီ ပါ၀င္ကစားထားတာ ၇ ပြဲသာ ဆိုေပမယ့္ လီဗာပူး၊ အဲဗာတန္တို႔နဲ႔ ပြဲေတြမွာ ပြဲစဥ္ အေကာင္းဆံုး ကစားသမား ဆုေတြ ရသည္ထိ ေျခစြာထားသူေလး ျဖစ္ပါတယ္။