အေဗရာမိုဗစ်ချ် ချယ်ဆီးကို ဝယ်ယူတဲ့ အကြောင်းရင်း ဘုတ်အဖွဲ့ဝင်တစ်ဦး ဖော်ထုတ်
ရုရှားဘီလျံနာ သဌေး တစ်ဦး ဖြစ်တဲ့ အေဗရာမိုဗစ်ချ်ဟာ ချယ်ဆီးအသင်းကို ၂၀၀၃ မှာ ပေါင် သန်း ၁၄၀ နဲ့ ဝယ်ယူနိုင်ခဲ့ပြီး အသင်းကို အောင်မြင်မှု ဆုဖလားတွေ ဆက်တိုက် ရယူတဲ့ ထိပ်သီး တစ်သင်း ဖြစ်လာအောင် ပြောင်းလဲ ပေးခဲ့ပါတယ်။
အေဗရာမိုဗစ်ချ် ချယ်ဆီးအသင်းကို ဝယ်ယူခဲ့ခြင်းက စီးပွားရေးသမား တစ်ဦး ဖြစ်တဲ့ မိုဗစ်ချ်က စိန်ခေါ်မှုတွေကို နှစ်သက်တာကြောင့် ဖြစ်တယ်လို့ ချယ်ဆီး ဘုတ်အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ ယူဂျင်း တီနမ်ဘမ်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ၎င်း အသင်းကို ဝယ်ယူပြီး ၁၇ နှစ် အတွင်းမှာ ချယ်ဆီးက မေဂျာ ဆုဖလား ၁၆ ခု ရယူထားပြီ ဖြစ်ပါတယ်။
တီနမ်ဘမ်က မိုဗစ်ချ်နဲ့ ရင်းနှီးတဲ့ တွဲဖက် တစ်ဦး ဖြစ်ပြီး အစ္စရေး-ရုရှားသား ဘီလျံနာက စိန်ခေါ်မှုတွေ အမြဲ ဆာလောင်နေသူ ဖြစ်တာကြောင့် အခိုင်အမာ ရှိပြီးသား ကလပ်အသင်း တစ်သင်းကို ပိုမြင့်တဲ့ အဆင့် မြှင့်ပေးဖို့ ကြိုးစားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
” သူ (မိုဗစ်ချ်)က စွန့်ဦးတီထွင်သူ တစ်ဦးပါ။ စိန်ခေါ်မှုတွေကို ကြိုက်တယ်။ သူ အာရုံစိုက်ပြီး ကိစ္စ တစ်ခုခုကို လုပ်လိုက်တာနဲ့ ဒါက ကံတရား မဟုတ်တော့ဘူး။ သူက ပရောဂျပ် တစ်ခုကို စလုပ်ပြီ ဆိုရင် သေချာ နားလည်တာ သဘောကျတယ်။ သူကိုယ်တိုင်လည်း ရေရှည် အစီအစဉ်တွေထဲ ပါဝင်တယ်။ ရလဒ်တွေ ရဖို့ တွန်းအားပေးရတာ သဘောကျတယ်။ နိုင်ရတာရော နိုင်ဖို့ ကူညီပေးရတာရော သူ ကြိုက်တယ်။
ဘောလုံးမှာ ရင်ခုန်စရာ အကောင်းဆုံး ကိစ္စက အစီအစဉ်တွေ ချတယ်၊ အဲဒီအတိုင်း အကောင်အထည်ဖော်တယ် အပတ်စဉ်တိုင်း ဒီ အစီအစဉ်တွေက မှန်နေလား မမှန်လား မြင်နေရတယ်။ ” လို့ တီနမ်ဘမ်က ပြောဆိုခဲ့ပါတယ်။
အေဗရာမိုဗစ်ချ် ချယ်ဆီးအသင်းကို လက်လွှဲယူလိုက်တာက ချယ်ဆီးကို ပရီးမီးယားလိဂ်မှာ တစ်ခေတ် ဖြစ်အောင် တောက်ပစေခဲ့ပြီး ကလပ်အသင်းကို ပထမဆုံးအကြိမ် နိုင်ငံခြားသား ပိုင်ရှင်တစ်ဦးက အဓိက ရင်းနှီးမြှုပ်နှံတာလည်း ဖြစ်လာပါတယ်။ မိုဗစ်ချ်ဟာ အသင်း လူစာရင်းကို အင်အားဖြည့်ဖို့ ကစားသမား ဝယ်ယူမှုတွေ အတွက် ငွေကြေးများစွာ ရင်းနှီးခဲ့ပါတယ်။
မိုဗစ်ချ် လမ်းစဉ်ကို လိုက်ပြီး မန်စီးတီးအသင်းတို့လို ငွေအင်အား အလုံးအရင်း သုံးပြီး ပြုပြင်တဲ့ ကလပ်တွေလည်း ဆက်လက် ထွက်ပေါ်လာပါတယ်။ တီနမ်ဘမ်က အေဗရာမိုဗစ်ချ် လုပ်ခဲ့တဲ့ထဲမှာ ထရိန်နင်ကွင်းသစ်၊ အမျိုးသမီးအသင်း၊ လူမှုရေး လုပ်ငန်းတွေက ကြီးမားတဲ့ သက်ရောက်မှု အဖြစ် အသင်း တိုးတက်မှုမှာ ပါဝင်ခဲ့သေးတယ်လို့ ဆိုခဲ့ပါတယ်။
ချယ်ဆီးအသင်းကို ဝယ်ယူခဲ့တာ ဆယ်စုနှစ် ၂ ခုနား ရှိလာပေမယ့် အေဗရာမိုဗစ်ချ်နဲ့ တီနမ်ဘမ်တို့ကတော့ ဘောလုံးကလပ်အသင်း တစ်သင်းရဲ့ စိန်ခေါ်မှုတွေကို နှစ်ခြိုက်သဘောကျနေဆဲ ဖြစ်ပါတယ်။
Zawgyi – ရုရှားဘီလျံနာ သဌေး တစ်ဦး ဖြစ်တဲ့ အေဗရာမိုဗစ်ခ်ျဟာ ချယ်ဆီးအသင်းကို ၂၀၀၃ မှာ ပေါင် သန်း ၁၄၀ နဲ့ ၀ယ်ယူနိုင်ခဲ့ပြီး အသင်းကို အောင်မြင်မှု ဆုဖလားတွေ ဆက်တိုက် ရယူတဲ့ ထိပ်သီး တစ်သင်း ဖြစ်လာအောင် ပြောင်းလဲ ပေးခဲ့ပါတယ်။
အေဗရာမိုဗစ်ခ်ျ ချယ်ဆီးအသင်းကို ၀ယ်ယူခဲ့ခြင်းက စီးပွားရေးသမား တစ်ဦး ဖြစ်တဲ့ မိုဗစ်ခ်ျက စိန်ခေါ်မှုတွေကို နှစ်သက်တာကြောင့် ဖြစ်တယ်လို့ ချယ်ဆီး ဘုတ်အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ ယူဂျင်း တီနမ်ဘမ်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ၄င်း အသင်းကို ၀ယ်ယူပြီး ၁၇ နှစ် အတွင်းမှာ ချယ်ဆီးက မေဂျာ ဆုဖလား ၁၆ ခု ရယူထားပြီ ဖြစ်ပါတယ်။
တီနမ်ဘမ်က မိုဗစ်ခ်ျနဲ့ ရင်းနှီးတဲ့ တွဲဖက် တစ်ဦး ဖြစ်ပြီး အစ္စရေး-ရုရှားသား ဘီလျံနာက စိန်ခေါ်မှုတွေ အမြဲ ဆာလောင်နေသူ ဖြစ်တာကြောင့် အခိုင်အမာ ရှိပြီးသား ကလပ်အသင်း တစ်သင်းကို ပိုမြင့်တဲ့ အဆင့် မြှင့်ပေးဖို့ ကြိုးစားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အေဗရာမိုဗစ်ခ်ျ ချယ်ဆီးအသင်းကို လက်လွှဲယူလိုက်တာက ချယ်ဆီးကို ပရီးမီးယားလိဂ်မှာ တစ်ခေတ် ဖြစ်အောင် တောက်ပစေခဲ့ပြီး ကလပ်အသင်းကို ပထမဆုံးအကြိမ် နိုင်ငံခြားသား ပိုင်ရှင်တစ်ဦးက အဓိက ရင်းနှီးမြှုပ်နှံတာလည်း ဖြစ်လာပါတယ်။ မိုဗစ်ခ်ျဟာ အသင်း လူစာရင်းကို အင်အားဖြည့်ဖို့ ကစားသမား ၀ယ်ယူမှုတွေ အတွက် ငွေကြေးများစွာ ရင်းနှီးခဲ့ပါတယ်။
မိုဗစ်ခ်ျ လမ်းစဉ်ကို လိုက်ပြီး မန်စီးတီးအသင်းတို့လို ငွေအင်အား အလုံးအရင်း သုံးပြီး ပြုပြင်တဲ့ ကလပ်တွေလည်း ဆက်လက် ထွက်ပေါ်လာပါတယ်။ တီနမ်ဘမ်က အေဗရာမိုဗစ်ခ်ျ လုပ်ခဲ့တဲ့ထဲမှာ ထရိန်နင်ကွင်းသစ်၊ အမျိုးသမီးအသင်း၊ လူမှုရေး လုပ်ငန်းတွေက ကြီးမားတဲ့ သက်ရောက်မှု အဖြစ် အသင်း တိုးတက်မှုမှာ ပါဝင်ခဲ့သေးတယ်လို့ ဆိုခဲ့ပါတယ်။
ချယ်ဆီးအသင်းကို ၀ယ်ယူခဲ့တာ ဆယ်စုနှစ် ၂ ခုနား ရှိလာပေမယ့် အေဗရာမိုဗစ်ခ်ျနဲ့ တီနမ်ဘမ်တို့ကတော့ ဘောလုံးကလပ်အသင်း တစ်သင်းရဲ့ စိန်ခေါ်မှုတွေကို နှစ်ခြိုက်သဘောကျနေဆဲ ဖြစ်ပါတယ်။