လီဗာပူး၊ မန်စီးတီးကို ယှဉ်ပြိုင်ပြီး ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်မယ့် အသင်းကို ရွေးထုတ်မှု

ပရီးမီးယားလိဂ် ကစားသမားဟောင်း ခရိတ်ဘန်လေက လာမယ့်ရာသီမှာ လီဗာပူး၊ မန်စီးတီးတို့နဲ့အပြိုင် အမှတ်ပေးဖလား စိန်ခေါ်မယ့် အသင်းတစ်သင်းကို ရွေးထုတ်မှု ပြုလုပ်သွားပါတယ်။

လိဂ် ဦးဆောင်သူ အသင်းတွေဖြစ်တဲ့ လီဗာပူးနဲ့ မန်စီးတီးတို့ဟာ ထိပ်တန်း ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားခြင်းကြောင့် လာမယ့်ရာသီမှာလည်း ဆုဖလား စိန်ခေါ်ကြဦးမှာပါ။ သူတို့နဲ့ အပြိုင် ခေါ်ယူဖို့က အာဆင်နယ်၊ စပါးလို အသင်းတွေ မဖြစ်နိုင်ပဲ ချယ်ဆီးနဲ့ ယူနိုက်တက် နှစ်သင်းထဲက တစ်သင်း ဖြစ်လိမ့်မယ်လို့ ESPN မှာ သုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ ခရိတ်လန်လေက ယူဆထားပါတယ်။

ဘန်လေ ” ယူနိုက်တက်က နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲတွေမှာတော့ ကစားပုံကောင်းသလို ရလဒ်ကောင်းတွေ ရယူထားနိုင်တယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ အတွက်ဆိုရင် သူတို့ကလည်း ပိုပြီး ကြိုးစားရဦးမှာပါ။

လာမယ့် ရာသီတွေမှာ လီဗာပူး၊ မန်စီးတီးကို ယှဉ်ပြိုင်ပြီး ချန်ပီယံဆုကို စိန်ခေါ်မယ့် နောက်ထပ် အသင်းအဖြစ် ချယ်ဆီး မဟုတ်ရင် ယူနိုက်တက်ပဲ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ အမှတ်ပေးဖလားကို အပြိုင်စိန်ခေါ်မှာ ဒီနှစ်သင်းပဲ ရှိနိုင်ပါတယ်။

ယူနိုက်တက်က နွေဈေးကွက်မှာ ကစားသမားကောင်းတွေအတွက် အသုံးစရိတ်တွေ ထုတ်လာနိုင်ပါတယ်။ ချယ်ဆီးကလည်း အပြောင်းအရွှေ့ ပိတ်ခံထားရမှုကနေ လွတ်မြောက်ခဲ့ပြီဖြစ်လို့ ကစားသမားကောင်းတွေ ခေါ်ယူမှာပါ။ ဒီနှစ်သင်းထဲက ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်မယ့် တစ်သင်းဆိုရင်တော့ ချယ်ဆီးပဲ ဖြစ်ပါလိမ့်မယ် ” လို့ ရွေးချယ်သွားတာ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ကစားသမားေဟာင္း ခရိတ္ဘန္ေလက လာမယ့္ရာသီမွာ လီဗာပူး၊ မန္စီးတီးတို႔နဲ႔အျပိဳင္ အမွတ္ေပးဖလား စိန္ေခၚမယ့္ အသင္းတစ္သင္းကို ေရြးထုတ္မႈ ျပဳလုပ္သြားပါတယ္။

လိဂ္ ဦးေဆာင္သူ အသင္းေတြျဖစ္တဲ့ လီဗာပူးနဲ႔ မန္စီးတီးတို႔ဟာ ထိပ္တန္း ကစားသမားေကာင္းေတြ ပိုင္ဆိုင္ထားျခင္းေၾကာင့္ လာမယ့္ရာသီမွာလည္း ဆုဖလား စိန္ေခၚၾကဦးမွာပါ။ သူတို႔နဲ႔ အျပိဳင္ ေခၚယူဖို႔က အာဆင္နယ္၊ စပါးလို အသင္းေတြ မျဖစ္ႏုိင္ပဲ ခ်ယ္ဆီးနဲ႔ ယူႏုိက္တက္ ႏွစ္သင္းထဲက တစ္သင္း ျဖစ္လိမ့္မယ္လို႔ ESPN မွာ သံုးသပ္သူအျဖစ္ လုပ္ကိုင္ေနတဲ့ ခရိတ္လန္ေလက ယူဆထားပါတယ္။

ဘန္ေလ ” ယူႏုိက္တက္က ေနာက္ဆံုး ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲေတြမွာေတာ့ ကစားပံုေကာင္းသလို ရလဒ္ေကာင္းေတြ ရယူထားႏုိင္တယ္ဆိုတာ ေသခ်ာပါတယ္။ ဒါေပမယ့္ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို စိန္ေခၚႏုိင္ဖို႔ အတြက္ဆိုရင္ သူတို႔ကလည္း ပိုျပီး ၾကိဳးစားရဦးမွာပါ။

လာမယ့္ ရာသီေတြမွာ လီဗာပူး၊ မန္စီးတီးကို ယွဥ္ျပိဳင္ျပီး ခ်န္ပီယံဆုကို စိန္ေခၚမယ့္ ေနာက္ထပ္ အသင္းအျဖစ္ ခ်ယ္ဆီး မဟုတ္ရင္ ယူႏုိက္တက္ပဲ ျဖစ္လိမ့္မယ္လို႔ ထင္ပါတယ္။ အမွတ္ေပးဖလားကို အျပိဳင္စိန္ေခၚမွာ ဒီႏွစ္သင္းပဲ ရွိႏုိင္ပါတယ္။

ယူႏုိက္တက္က ေႏြေစ်းကြက္မွာ ကစားသမားေကာင္းေတြအတြက္ အသံုးစရိတ္ေတြ ထုတ္လာႏုိင္ပါတယ္။ ခ်ယ္ဆီးကလည္း အေျပာင္းအေရႊ႔ ပိတ္ခံထားရမႈကေန လြတ္ေျမာက္ခဲ့ျပီျဖစ္လုိ႔ ကစားသမားေကာင္းေတြ ေခၚယူမွာပါ။ ဒီႏွစ္သင္းထဲက ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚမယ့္ တစ္သင္းဆိုရင္ေတာ့ ခ်ယ္ဆီးပဲ ျဖစ္ပါလိမ့္မယ္ ” လို႔ ေရြးခ်ယ္သြားတာ ျဖစ္ပါတယ္။