ချယ်ဆီးကနေ ထွက်ခွာဖွယ် ရှိတယ်ဆိုတဲ့ သတင်းများအပေါ် ကီပါ တုန့်ပြန်လာ

ချယ်ဆီး ဂိုးသမား ကီပါက အသင်းကနေ ထွက်ခွာရဖွယ် ရှိတယ် သတင်း ထွက်နေခဲ့ပေမယ့် နည်းပြ လမ်းပတ်ရဲ့ အပြည့်အ၀ ထောက်ခံမှုကို ရရှိထားဆဲ ဖြစ်တယ်လို့ ယုံကြည်မှု ရှိနေပါတယ်။

ကော်တိုရစ်ကို ရောင်းချပြီးနောက် အစားထိုးဖို့ ပေါင် ၇၁.၆ သန်းနဲ့ ခေါ်ယူခဲ့တဲ့ အသက် ၂၅ နှစ် အရွယ် စပိန်သား ဂိုးသမားကို လမ်းပတ်က စိတ်တိုင်းမကျတာကြောင့် ဒီနွေမှာ ရောင်းချလိုနေပြီလို့ သတင်ကြီးနေပါတယ်။ ကိုရိုနာကြောင့် ဘောလုံးပွဲတွေ မရပ်နားရခင်က ချယ်ဆီးအသင်းရဲ့ နောက်ဆုံး ၇ ပွဲမှာ ကီပါက ၅ ပွဲ အရန်ခုံမှာ ရှိနေခဲ့ရပါတယ်။

ဒါပေမယ့် ပွဲ ပြန် ကစားခွင့် ရလာတဲ့ အပြင် နည်းပြရဲ့ ယုံကြည်မှုတွေ ရရှိနေပြီလို့ ကီပါက ယုံကြည်နေပြီး သူ့ရည်မှန်းချက် အတိုင်း လမ်းကြောင်း မှန်ပေါ်ကနေ ဆက်သွားမှာ ဖြစ်ကြောင်း စပိန် မာကာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောဆိုလိုက်ပါတယ်။

” ကျနော်တို့ တစ်နှစ် ပွဲ ၅၀-၆၀ လောက် ကစားရပါတယ်။ ဒီတော့ ခြေစွမ်း တစ်ဆင့်တည်းမှာ ငြိမ်နေအောင် ထိန်းဖို့က ခက်ခဲတယ်။ ဒါပေမယ့် အရေးကြီးတာက ကိုယ့် ရည်မှန်းချက်နဲ့ ကိုယ်ဖြစ်ချင်တာကို ရှင်းရှင်းလင်းလင်း သိထားပြီး အဲဒီအတွက်လည်း အစွမ်းကုန် တိုးတက်လာအောင် အားထုတ်နေဖို့ပါ။

ကိုယ်သွားတဲ့ လမ်းကြောင်းမှာ အတားအဆီးတွေ ရှိကောင်း ရှိပေမယ်။ ဒါပေမယ့် ကိုယ် ဘာဖြစ်ချင်လဲ ကောင်းကောင်း သိထားရင် ဖြတ်ကျော်သွားဖို့က လွယ်ကူပါတယ်။ အခက်အခဲတွေ ရှိလာရင် ပရော်ဖက်ရှင်နယ် ဆန်ဆန်၊ လေးစားမှု ရှိရှိနဲ့ ရင်ဆိုင်ပြီး ပို ကြိုးစား အားထုတ်ဖို့၊ အခြေအနေတွေကို ပြောင်းပစ်ဖို့ လိုတာပါ။ ” လို့ ကီပါက ဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ အေဂျက် ဂိုးသမား အိုနာနာကို အလေးအနက် ချိတ်ဆက်နေပြီး ကီပါကို ရောင်းချလိုနေတယ် သတင်းကြီးနေပေမယ့် ကီပါကတော့ လမ်းပတ်က သူ့အပေါ် ယုံကြည်အားထားနေဆဲလို့ ဆိုပါတယ်။

” ကျနော်နဲ့ ဖရန့်ရဲ့ ဆက်ဆံရေးက သိပ်ကောင်းပါတယ်။ ပထမ စဆုံတည်းက စလို့ သူက ကျနော့်အပေါ် ယုံကြည်မှု ရှိကြောင်း ပြသခဲ့တယ်။ ဒါပေမယ့် လိုအပ်ရင် လိုအပ်သလို သူက ဆုံးဖြတ်ရတာတွေ ရှိမယ်။ ကျနော့် အပေါ်မှာ ယုံကြည်မှု ရှိတယ်ဆိုတာကို ကျနော် ခံစားလို့ ရပါတယ်။ သူရော တစ်သင်းလုံးကပါ။ ကျနေ်ာတို့ အားလုံးကတော့ ပွဲတိုင်း ဝင် ကစားချင်ကြတာချည်း မဟုတ်လား။ ” လို့ ကီပါက ဆိုပါတယ်။

Zawgyi – ခ်ယ္ဆီး ဂိုးသမား ကီပါက အသင္းကေန ထြက္ခြာရဖြယ္ ရွိတယ္ သတင္းထြက္ေနခဲ့ေပမယ့္ နည္းျပ လမ္းပတ္ရဲ႕ အျပည့္အ၀ ေထာက္ခံမႈကို ရရွိထားဆဲ ျဖစ္တယ္လို႔ ယံုၾကည္မႈ ရွိေနပါတယ္။

ေကာ္တိုရစ္ကို ေရာင္းခ်ျပီးေနာက္ အစားထိုးဖို႔ ေပါင္ ၇၁.၆ သန္းနဲ႕ ေခၚယူခဲ့တဲ့ အသက္ ၂၅ နွစ္ အရြယ္ စပိန္သား ဂိုးသမားကို လမ္းပတ္က စိတ္တိုင္းမက်တာေၾကာင့္ ဒီေႏြမွာ ေရာင္းခ်လိုေနျပီလို႔ သတင္ၾကီးေနပါတယ္။ ကိုရိုနာေၾကာင့္ ေဘာလံုးပြဲေတြ မရပ္နားရခင္က ခ်ယ္ဆီးအသင္းရဲ႕ ေနာက္ဆံုး ၇ ပြဲမွာ ကီပါက ၅ ပြဲ အရန္ခံုမွာ ရွိေနခဲ့ရပါတယ္။

ဒါေပမယ့္ ပြဲ ျပန္ ကစားခြင့္ ရလာတဲ့ အျပင္ နည္းျပရဲ႕ ယံုၾကည္မႈေတြ ရရွိေနျပီလို႔ ကီပါက ယံုၾကည္ေနျပီး သူ႔ရည္မွန္းခ်က္ အတိုင္း လမ္းေၾကာင္း မွန္ေပၚကေန ဆက္သြားမွာ ျဖစ္ေၾကာင္း စပိန္ မာကာသတင္းဌာနနဲ႕ အင္တာဗ်ဴးမွာ ေျပာဆိုလိုက္ပါတယ္။

” က်ေနာ္တို႔ တစ္နွစ္ ပြဲ ၅၀-၆၀ ေလာက္ ကစားရပါတယ္။ ဒီေတာ့ ေျခစြမ္း တစ္ဆင့္တည္းမွာ ျငိမ္ေနေအာင္ ထိန္းဖို႔က ခက္ခဲတယ္။ ဒါေပမယ့္ အေရးၾကီးတာက ကုိယ့္ ရည္မွန္းခ်က္နဲ႕ ကုိယ္ျဖစ္ခ်င္တာကို ရွင္းရွင္းလင္းလင္း သိထားျပီး အဲဒီအတြက္လည္း အစြမ္းကုန္ တိုးတက္လာေအာင္ အားထုတ္ေနဖို႔ပါ။

ကိုယ္သြားတဲ့ လမ္းေၾကာင္းမွာ အတားအဆီးေတြ ရွိေကာင္း ရွိေပမယ္။ ဒါေပမယ့္ ကုိယ္ ဘာျဖစ္ခ်င္လဲ ေကာင္းေကာင္း သိထားရင္ ျဖတ္ေက်ာ္သြားဖို႔က လြယ္ကူပါတယ္။ အခက္အခဲေတြ ရွိလာရင္ ပေရာ္ဖက္ရွင္နယ္ ဆန္ဆန္၊ ေလးစားမႈ ရွိရွိနဲ႕ ရင္ဆုိင္ျပီး ပို ၾကိဳးစား အားထုတ္ဖို႔၊ အေျခအေနေတြကို ေျပာင္းပစ္ဖို႔ လိုတာပါ။ ” လို႔ ကီပါက ဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ေအဂ်က္ ဂိုးသမား အိုနာနာကို အေလးအနက္ ခ်ိတ္ဆက္ေနျပီး ကီပါကို ေရာင္းခ်လိုေနတယ္ သတင္းၾကီးေနေပမယ့္ ကီပါကေတာ့ လမ္းပတ္က သူ႔အေပၚ ယံုၾကည္အားထားေနဆဲလို႔ ဆိုပါတယ္။

” က်ေနာ္နဲ႕ ဖရန္႔ရဲ႕ ဆက္ဆံေရးက သိပ္ေကာင္းပါတယ္။ ပထမ စဆံုတည္းက စလို႔ သူက က်ေနာ့္အေပၚ ယံုၾကည္မႈ ရွိေၾကာင္း ျပသခဲ့တယ္။ ဒါေပမယ့္ လိုအပ္ရင္ လိုအပ္သလို သူက ဆံုးျဖတ္ရတာေတြ ရွိမယ္။ က်ေနာ့္ အေပၚမွာ ယံုၾကည္မႈ ရွိတယ္ဆိုတာကို က်ေနာ္ ခံစားလို႕ ရပါတယ္။ သူေရာ တစ္သင္းလံုးကပါ။ က်ေန္ာတုိ႔ အားလံုးကေတာ့ ပြဲတိုင္း ၀င္ ကစားခ်င္ၾကတာခ်ည္း မဟုတ္လား။ ” လို႔ ကီပါက ဆိုပါတယ္။