ချယ်ဆီး တိုက်စစ်သမားကို ဈေးညှိနှိုင်းပြီး ဝယ်ယူလိုနေတဲ့ အင်တာမီလန်

စီးရီးအေ ကလပ် အင်တာမီလန်အသင်းဟာ အငှားခေါ်ထားတဲ့ ချယ်ဆီး တောင်ပံတိုက်စစ်သမား ဗစ်တာ မော့ဆက်ကို လက်ရှိရာသီ အကုန် အငှားပြီးဆုံးပါက အပြီးသတ် ခေါ်ယူသွားလိုနေပါတယ်။

ချယ်ဆီးမှာတည်းက လက်တွဲဖူးတဲ့ မော့ဆက်ကို အင်တာနည်းပြ ကွန်တီက ဆန်စီရိုမှာ ဆက်လက် ထိန်းသိမ်းထားလိုနေပြီး ပြောင်းရွှေ့ကြေး ကတော့ အတားအဆီး ဖြစ်နေပါတယ်။

မော့ဆက် အတွက် ချယ်ဆီးက ပေါင် ၁၀ သန်း (ယူရို ၁၂ သန်း) အလိုရှိနေပြီး အင်တာကတော့ ထိုပမာဏထက် လျှော့စေလိုနေပါတယ်။ အပြောင်းအရွှေ့ ဖြစ်လာဖို့ အတွက် ကလပ်အသင်း နှစ်သင်းကြား ညှိနှိုင်းမှုတွေ လုပ်ဆောင်ရဦးမှာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီကမှ အင်တာမီလန်ထံ အငှား ကစားဖို့ ထွက်ခွာသွားတဲ့ မော့ဆက်ဟာ ချယ်ဆီးကနေ ငါးကြိမ်မြောက် အငှား ထွက်ကစားတာ ဖြစ်ပါတယ်။ လက်ရှိ ဘောလုံးရာသီ အစတုန်းကလည်း ၎င်းက ဖီနာဘာချီမှာ အငှား သွား ကစားခဲ့ပါသေးတယ်။ ဒါပေမယ့် ရာသီ ဝက်မှာတင် အငှား ဖျက်သိမ်းကာ ပြန်လာခဲ့ပြီး အင်တာသို့ ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၂ မှာ ဝီဂန်ကနေ ချယ်ဆီးအသင်းထံ ရောက်လာခဲ့တဲ့ နိုင်ဂျီးရီးယား တောင်ပံသမားဟာ စတန်းဖို့ဘရစ်ချ်မှာ ကြာရှည်နေခွင့် မရဘဲ အငှားထွက် ကစားနေရတာကြောင့် ဒီတကြိမ်မှာတော့ လန်ဒန်ကလပ်ကနေ တကယ် ထွက်ခွာသွားဖွယ် ရှိနေပါတယ်။

Zawgyi – စီးရီးေအ ကလပ္ အင္တာမီလန္အသင္းဟာ အငွားေခၚထားတဲ့ ခ်ယ္ဆီး ေတာင္ပံတုိက္စစ္သမား ဗစ္တာ ေမာ့ဆက္ကို လက္ရွိရာသီ အကုန္ အငွားျပီးဆံုးပါက အျပီးသတ္ ေခၚယူသြားလိုေနပါတယ္။

ခ်ယ္ဆီးမွာတည္းက လက္တဲြဖူးတဲ့ ေမာ့ဆက္ကို အင္တာနည္းျပ ကြန္တီက ဆန္စီရိုမွာ ဆက္လက္ ထိန္းသိမ္းထားလိုေနျပီး ေျပာင္းေရႊ႕ေၾကး ကေတာ့ အတားအဆီး ျဖစ္ေနပါတယ္။

ေမာ့ဆက္ အတြက္ ခ်ယ္ဆီးက ေပါင္ ၁၀ သန္း (ယူရို ၁၂ သန္း) အလိုရွိေနျပီး အင္တာကေတာ့ ထုိပမာဏထက္ ေလွ်ာ့ေစလိုေနပါတယ္။ အေျပာင္းအေရႊ႕ ျဖစ္လာဖို႔ အတြက္ ကလပ္အသင္း နွစ္သင္းၾကား ညွိနိႈင္းမႈေတြ လုပ္ေဆာင္ရဦးမွာပါ။

ျပီးခဲ့တဲ့ ဇန္န၀ါရီကမွ အင္တာမီလန္ထံ အငွား ကစားဖို႔ ထြက္ခြာသြားတဲ့ ေမာ့ဆက္ဟာ ခ်ယ္ဆီးကေန ငါးၾကိမ္ေျမာက္ အငွား ထြက္ကစားတာ ျဖစ္ပါတယ္။ လက္ရွိ ေဘာလံုးရာသီ အစတုန္းကလည္း ၄င္းက ဖီနာဘာခ်ီမွာ အငွား သြား ကစားခဲ့ပါေသးတယ္။ ဒါေပမယ့္ ရာသီ ၀က္မွာတင္ အငွား ဖ်က္သိမ္းကာ ျပန္လာခဲ့ျပီး အင္တာသို႔ ေရာက္သြားခဲ့တာ ျဖစ္ပါတယ္။

၂၀၁၂ မွာ ၀ီဂန္ကေန ခ်ယ္ဆီးအသင္းထံ ေရာက္လာခဲ့တဲ့ နိုင္ဂ်ီးရီးယား ေတာင္ပံသမားဟာ စတန္းဖို႔ဘရစ္ခ်္မွာ ၾကာရွည္ေနခြင့္ မရဘဲ အငွားထြက္ ကစားေနရတာေၾကာင့္ ဒီတၾကိမ္မွာေတာ့ လန္ဒန္ကလပ္ကေန တကယ္ ထြက္ခြာသြားဖြယ္ ရွိေနပါတယ္။