နွေမှာ နံပါတ် တစ် ရောင်းထုတ်ပေးဖို့ ဘုတ်အဖွဲ့ထံ လမ်းပတ် တောင်းဆိုထားတဲ့ အသင်းသား

ချယ်ဆီးမန်နေဂျာလမ်းပတ်က ကလပ်ဘုတ်အဖွဲ့အား နွေအပြောင်းအရွှေ့အတွင်း ကီပါကို ရောင်းထုတ်ပေးဖို့ တောင်းဆိုမှု ပြုလုပ်ထားကြောင်း ချယ်ဆီးကစားသမားဟောင်းနဲ့ ESPN မှ အစီအစဉ် တင်ဆက်သူ Craig Burley က ထုတ်ပြောလိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ နွေအပြောင်းအရွှေ့မှာ ကစားသမားပေါင်း များစွာနဲ့ သတင်းတွေ ထွက်နေပြီး အေဂျက် တောင်ပံသမား ဇီယက် တစ်ဦးတည်းကိုပဲ အပြီးသတ် ခေါ်ယူထားနိုင်တာပါ။ ချယ်ဆီးမန်နေဂျာ လမ်းပတ်ရဲ့ ဦးစားပေးထဲမှာ တောင်ပံတိုက်စစ်၊ တိုက်စစ်မှူးနဲ့ ဘယ်အစွန်လူတင်မကပဲ ဂိုးသမားသစ်လည်း ပါဝင်နေတာဖြစ်ပါတယ်။

ဘန်လေက ” ကျနော် နားလည်ထားရသလောက် လမ်းပတ်က ကီပါကို ရောင်းထုတ်ပေးဖို့ ဘုတ်အဖွဲ့ကို တိုက်တွန်းထားပါတယ်။ ဘယ်လို အကြောင်းပြချက်နဲ့ဖြစ်ဖြစ် ရောင်းထုတ်ရမှာဖြစ်ပြီး သူ့ရဲ့ စွမ်းဆောင်ရည်၊ စိတ်ဓါတ်ခံယူချက်နဲ့ ကိုယ်ကျင့်စရိုက် ဘယ်အရာကို အကြောင်းပြချက်ချက်ပေးပေး ရောင်းထုတ်စေလိုတယ်။

ဒါပေမယ့် ကီပါအတွက် ငွေကြေး အများအပြား ကုန်ကျခံထားရတာဖြစ်ပြီး ဒီငွေကြေးကလည်း များပြားပါတယ်။ ချယ်ဆီးကလည်း သူတို့ ကုန်ထားတဲ့ ငွေကြေးမျိုးကို ပြန်ရမှုရှိမှ ရောင်းထုတ်နိုင်မှာပါ။ ဒါကြောင့် ကီပါ ပြဿနာက ကပ်ဆိုးတစ်ခုလို ဖြစ်နေပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး မန်နေဂျာနဲ့ ဘုတ်အဖွဲ့က တိုက်ပွဲဝင်မှုတွေတောင် လုပ်ထားပါတယ်။

ကာဘယ်လာရိုကို ပွဲအနည်းငယ် ကစားစေတာ မြင်ထားရတယ်။ နောက်တော့ ကီပါ ပြန်ဝင်လာတယ်။ ဒါက စိတ်ဝင်စားစရာတွေ မြင်ထားရတာပါ။ ချယ်ဆီးက ကီပါကို ရောင်းထုတ်မယ်ဆိုရင်တောင် သူတို့ ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေးမျိုး ပြန်ရမှာ မဟုတ်ပါဘူး ” လို့ ဖွင့်ဟခဲ့တာဖြစ်တယ်။

ချယ်ဆီးဟာ အေဂျက်ဂိုးသမား အိုနာနာနဲ့ သတင်းထွက်မှု အများအပြား ရှိထားခဲ့ပြီး ကင်မရွန်း လက်ရွေးစင်ကလည်း နယ်သာလန်လိဂ်ကနေ ထွက်ခွာပြီး နယ်မြေသစ်ကို ပြောင်းရွှေ့လိုစိတ် ရှိနေတာ ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးမန္ေနဂ်ာလမ္းပတ္က ကလပ္ဘုတ္အဖြဲ႔အား ေႏြအေျပာင္းအေရႊ႔အတြင္း ကီပါကို ေရာင္းထုတ္ေပးဖို႔ ေတာင္းဆိုမႈ ျပဳလုပ္ထားေၾကာင္း ခ်ယ္ဆီးကစားသမားေဟာင္းနဲ႔ ESPN မွ အစီအစဥ္ တင္ဆက္သူ Craig Burley က ထုတ္ေျပာလိုက္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ေႏြအေျပာင္းအေရႊ႔မွာ ကစားသမားေပါင္း မ်ားစြာနဲ႔ သတင္းေတြ ထြက္ေနျပီး ေအဂ်က္ ေတာင္ပံသမား ဇီယက္ တစ္ဦးတည္းကိုပဲ အျပီးသတ္ ေခၚယူထားႏုိင္တာပါ။ ခ်ယ္ဆီးမန္ေနဂ်ာ လမ္းပတ္ရဲ႕ ဦးစားေပးထဲမွာ ေတာင္ပံတိုက္စစ္၊ တိုက္စစ္မွဴးနဲ႔ ဘယ္အစြန္လူတင္မကပဲ ဂိုးသမားသစ္လည္း ပါဝင္ေနတာျဖစ္ပါတယ္။

ဘန္ေလက ” က်ေနာ္ နားလည္ထားရသေလာက္ လမ္းပတ္က ကီပါကို ေရာင္းထုတ္ေပးဖို႔ ဘုတ္အဖြဲ႔ကို တိုက္တြန္းထားပါတယ္။ ဘယ္လို အေၾကာင္းျပခ်က္နဲ႔ျဖစ္ျဖစ္ ေရာင္းထုတ္ရမွာျဖစ္ျပီး သူ႔ရဲ႕ စြမ္းေဆာင္ရည္၊ စိတ္ဓါတ္ခံယူခ်က္နဲ႔ ကိုယ္က်င့္စရိုက္ ဘယ္အရာကို အေၾကာင္းျပခ်က္ခ်က္ေပးေပး ေရာင္းထုတ္ေစလိုတယ္။

ဒါေပမယ့္ ကီပါအတြက္ ေငြေၾကး အမ်ားအျပား ကုန္က်ခံထားရတာျဖစ္ျပီး ဒီေငြေၾကးကလည္း မ်ားျပားပါတယ္။ ခ်ယ္ဆီးကလည္း သူတို႔ ကုန္ထားတဲ့ ေငြေၾကးမ်ိဳးကို ျပန္ရမႈရွိမွ ေရာင္းထုတ္ႏုိင္မွာပါ။ ဒါေၾကာင့္ ကီပါ ျပႆနာက ကပ္ဆိုးတစ္ခုလို ျဖစ္ေနပါတယ္။ ဒီကိစၥနဲ႔ ပက္သက္ျပီး မန္ေနဂ်ာနဲ႔ ဘုတ္အဖြဲ႔က တိုက္ပြဲဝင္မႈေတြေတာင္ လုပ္ထားပါတယ္။

ကာဘယ္လာရိုကို ပြဲအနည္းငယ္ ကစားေစတာ ျမင္ထားရတယ္။ ေနာက္ေတာ့ ကီပါ ျပန္ဝင္လာတယ္။ ဒါက စိတ္ဝင္စားစရာေတြ ျမင္ထားရတာပါ။ ခ်ယ္ဆီးက ကီပါကို ေရာင္းထုတ္မယ္ဆိုရင္ေတာင္ သူတို႔ ေပးခဲ့ရတဲ့ ေျပာင္းေရႊ႔ေၾကးမ်ိဳး ျပန္ရမွာ မဟုတ္ပါဘူး ” လို႔ ဖြင့္ဟခဲ့တာျဖစ္တယ္။

ခ်ယ္ဆီးဟာ ေအဂ်က္ဂိုးသမား အိုနာနာနဲ႔ သတင္းထြက္မႈ အမ်ားအျပား ရွိထားခဲ့ျပီး ကင္မရြန္း လက္ေရြးစင္ကလည္း နယ္သာလန္လိဂ္ကေန ထြက္ခြာျပီး နယ္ေျမသစ္ကို ေျပာင္းေရႊ႔လိုစိတ္ ရွိေနတာ ျဖစ္ပါတယ္။