ချယ်ဆီးနဲ့ တီမိုဝါနာ အပြောင်းအရွှေ့ကြား အားတက်စရာကိစ္စကို ကစားသမား ဖြေဆို

ချယ်ဆီးအသင်းက နွေအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ တိုက်ရိုက် ကမ်းလှမ်းမှု လုပ်နေတဲ့ လိုက်ဇစ်တိုက်စစ်မှူး တီမိုဝါနာက ဘွန်ဒက်လီဂါ ပြိုင်ဘက် ဘိုင်ယန်မြူးနစ်ကို ပြောင်းမှာ မဟုတ်ပဲ ဂျာမနီပြင်ပ ထွက်ကစားမယ်လို့ အတည်ပြု ပြောဆိုလိုက်ပါတယ်။

ဂျာမနီသတင်းဌာန Sport Bild နဲ့ အင်တာဗျူးမှာ ဂျာမနီလက်ရွေးစင် တိုက်စစ်သမားက ” ဘိုင်ယန်မြူနစ်ကို ပြောင်းဖို့ထက် ပြင်ပနိုင်ငံတစ်ခုမှာ ထွက်ကစားဖို့ဆိုတဲ့ စိန်ခေါ်မှုကိုပဲ ကျနော် ရယူလိုပါတယ် ” လို့ ဒဲ့တိုး ဖြေဆိုခဲ့တာပါ။

Fabrizio Romano ရဲ့ ဖော်ပြမှုအရဆိုရင် ချယ်ဆီးအသင်းကလည်း ကစားသမားရဲ့ အေးဂျင့်နဲ့ တိုက်ရိုက် ဆက်သွယ်မှုတွေ လုပ်ထားတာဖြစ်တယ်။ ချယ်ဆီးက လိုင်ယွန်မှ ဒမ်ဘီလီ၊ လိုက်ဇစ်မှ တီမိုဝါနာ နှစ်ဦးကို အထောင်တိုက်စစ်အတွက် အဓိကထား စောင့်ကြည့်နေပါတယ်။

ချယ်ဆီးဟာ ဝါနာကို ခေါ်ယူဖို့မှာ လီဗာပူးကို အရေးမသာခြင်းကြောင့် နောက်ဆုတ်ခဲ့ပြီလို့ သတင်းတွေ ထွက်နေပေမယ့် ဂျာမနီသတင်းတွေကပဲ လန်ဒန်ကလပ်ဟာ ဝါနာကို တိုက်ရိုက် ဆက်သွယ်ပြီး ချိတ်ဆက်မှုတွေ လုပ်နေတာလို့ ဖော်ပြလာတာဖြစ်တယ်။ ၂၀၂၃ ခုနှစ်ထိ လိုက်ဇစ်အသင်းနဲ့ စာချုပ်ရှိနေတဲ့ ဝါနာကို ပေါင် ၅၁ သန်း ပေးရင် ခေါ်ယူခွင့်ရှိမှာဖြစ်တယ်။

ဥရောပကလပ်တွေရဲ့ အလိုရှိခြင်း အခံရဆုံး တိုက်စစ်သမားတွေထဲက တစ်ဦးအဖြစ် တောက်ပနေသူ ဝါနာဟာ လိုက်ဇစ်အတွက် ပွဲပေါင်း ၁၅၀ ကစားပေးထားပြီး ကိုယ်တိုင် ၈၈ ဂိုး သွင်းယူထားသလို ဂိုးထောက်ပံံ့မှု ၃၉ ကြိမ်ထိ လုပ်ပေးထားတာဖြစ်တယ်။ သူဟာ ဒီရာသီမှာတင် သွင်းဂိုး ၂၇ ဂိုးထိ သွင်းယူထားပါတယ်။

ZAWGYI

ခ်ယ္ဆီးအသင္းက ေႏြအေျပာင္းအေရႊ႔မွာ ေခၚယူဖို႔ တိုက္ရိုက္ ကမ္းလွမ္းမႈ လုပ္ေနတဲ့ လိုက္ဇစ္တိုက္စစ္မွဴး တီမိုဝါနာက ဘြန္ဒက္လီဂါ ျပိဳင္ဘက္ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းမွာ မဟုတ္ပဲ ဂ်ာမနီျပင္ပ ထြက္ကစားမယ္လို႔ အတည္ျပဳ ေျပာဆိုလိုက္ပါတယ္။

ဂ်ာမနီသတင္းဌာန Sport Bild နဲ႔ အင္တာဗ်ဴးမွာ ဂ်ာမနီလက္ေရြးစင္ တုိက္စစ္သမားက ” ဘိုင္ယန္ျမဴနစ္ကို ေျပာင္းဖို႔ထက္ ျပင္ပႏုိင္ငံတစ္ခုမွာ ထြက္ကစားဖို႔ဆိုတဲ့ စိန္ေခၚမႈကိုပဲ က်ေနာ္ ရယူလိုပါတယ္ ” လို႔ ဒဲ့တိုး ေျဖဆိုခဲ့တာပါ။

Fabrizio Romano ရဲ႕ ေဖာ္ျပမႈအရဆိုရင္ ခ်ယ္ဆီးအသင္းကလည္း ကစားသမားရဲ႕ ေအးဂ်င့္နဲ႔ တိုက္ရိုက္ ဆက္သြယ္မႈေတြ လုပ္ထားတာျဖစ္တယ္။ ခ်ယ္ဆီးက လိုင္ယြန္မွ ဒမ္ဘီလီ၊ လိုက္ဇစ္မွ တီမိုဝါနာ ႏွစ္ဦးကို အေထာင္တုိက္စစ္အတြက္ အဓိကထား ေစာင့္ၾကည့္ေနပါတယ္။

ခ်ယ္ဆီးဟာ ဝါနာကို ေခၚယူဖို႔မွာ လီဗာပူးကို အေရးမသာျခင္းေၾကာင့္ ေနာက္ဆုတ္ခဲ့ျပီလုိ႔ သတင္းေတြ ထြက္ေနေပမယ့္ ဂ်ာမနီသတင္းေတြကပဲ လန္ဒန္ကလပ္ဟာ ဝါနာကို တိုက္ရိုက္ ဆက္သြယ္ျပီး ခ်ိတ္ဆက္မႈေတြ လုပ္ေနတာလို႔ ေဖာ္ျပလာတာျဖစ္တယ္။ ၂၀၂၃ ခုႏွစ္ထိ လိုက္ဇစ္အသင္းနဲ႔ စာခ်ဳပ္ရွိေနတဲ့ ဝါနာကို ေပါင္ ၅၁ သန္း ေပးရင္ ေခၚယူခြင့္ရွိမွာျဖစ္တယ္။

ဥေရာပကလပ္ေတြရဲ႕ အလိုရွိျခင္း အခံရဆံုး တိုက္စစ္သမားေတြထဲက တစ္ဦးအျဖစ္ ေတာက္ပေနသူ ဝါနာဟာ လိုက္ဇစ္အတြက္ ပြဲေပါင္း ၁၅၀ ကစားေပးထားျပီး ကိုယ္တိုင္ ၈၈ ဂိုး သြင္းယူထားသလို ဂိုးေထာက္ပံံ့မႈ ၃၉ ၾကိမ္ထိ လုပ္ေပးထားတာျဖစ္တယ္။ သူဟာ ဒီရာသီမွာတင္ သြင္းဂိုး ၂၇ ဂိုုးထိ သြင္းယူထားပါတယ္။