ဘယ်အစွန်နေရာ ဖြေရှင်းဖို့ မန်နေဂျာလမ်းပတ် သဘောတွေ့နေတဲ့ ဘိုင်ယန်စွယ်စုံရ အသင်းသား

စပိန် ဘောလုံးသတင်းထောက်ဖြစ်သူ Guillem Balague က မန်နေဂျျာလမ်းပတ်က ဘယ်အစွန်နေရာအတွက် အင်အားဖြည့်ဖို့ရာ ဘိုင်ယန်မြူးနစ် ကစားသမား အလာဘာကို စိတ်ဝင်စားနေပါတယ်လို့ ထုတ်ဖော်လိုက်ပါတယ်။

ချယ်ဆီးဟာ အလွန်ဆိုကော အီမာဆန်ကိုပါ နွေမှာ ရောင်းထုတ်ပြီး ဘယ်အစွန်လူသစ် ခေါ်ယူလိုနေတာပါ။ ပေါ်တိုအသင်းမှ အဲလက်စ်နဲ့ လက်စတာအသင်းမှ ဘမ်ချီဝဲလ်တို့ကို ခေါ်ယူလိုနေသလို အခြားသော ကစားသမားတွေကိုလည်း ဈေးကွက်ထဲမှာ ရှာဖွေနေဆဲဖြစ်ပါတယ်။

Balague က ပြောရာမှာ ” ချယ်ဆီးက အလာဘာကိုလည်း ချိတ်ဆက်နိုင်ပါတယ်။ ကလပ်တွေက သူ့ကို ချဉ်းကပ်မှုတွေ လုပ်ထားကြပေမယ့် ချယ်ဆီးကလည်း သူ့ကို စိတ်ဝင်စားနေတာပါ။ သူ့ရဲ့ စွယ်စုံရမှုက အလုပ်အတူတွဲလုပ်ဖို့ မန်နေဂျာလမ်းပတ်အတွက် စိတ်ကျေနပ်စရာ ဖြစ်စေနိုင်ပါတယ်။

အလာဘာက ကွင်းလယ်မှာလည်း ကစားနိုင်သလို အစွန်နေရာမှာလည်း ကစားနိုင်သူဖြစ်တယ်။ အစွန်သမားအဖြစ်တော့ သူ့ကို လူပိုသိကြပါတယ်။ မန်နေဂျာ ပပ်ဂွာဒီယိုလာက သူ့ကို အစွန်သမားအဖြစ်တင် မကပဲ အခြား နေရာတွေမှာလည်း ကစားနိုင်ဖို့ သင်ပြပေးခဲ့တာပါ။

အလာဘာကို ပရီးမီးယားလိဂ်မှာ မြင်ရမယ်ဆိုရင် သူ့အတွက် စိတ်ဝင်စားစရာ ကောင်းပါလိမ့်မယ်။ ချယ်ဆီးက သူ့ကို ခေါ်ယူဖို့ သေချာပေါက်ကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ” လို့ ဖြစ်တယ်။

အလာဘာကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်လည်း ပါဝင်ပါတယ်။ အသက် ၂၇ နှစ်အရွယ် အစွန်လူဟာ ၂၀၂၁ ခုနှစ်မှာ စာချုပ်ကုန်မှာဖြစ်လို့ နွေမှာ သူ့ကို ကမ်းလှမ်းတဲ့အခါ ပြောင်းရွှေ့ကြေး အများကြီး မပေးရနိုင်ဘူးလို့ သိထားရပါတယ်။

ZAWGYI

စပိန္ ေဘာလံုးသတင္းေထာက္ျဖစ္သူ Guillem Balague က မန္ေနဂ််ာလမ္းပတ္က ဘယ္အစြန္ေနရာအတြက္ အင္အားျဖည့္ဖို႔ရာ ဘိုင္ယန္ျမဴးနစ္ ကစားသမား အလာဘာကို စိတ္ဝင္စားေနပါတယ္လို႔ ထုတ္ေဖာ္လိုက္ပါတယ္။

ခ်ယ္ဆီးဟာ အလြန္ဆိုေကာ အီမာဆန္ကိုပါ ေႏြမွာ ေရာင္းထုတ္ျပီး ဘယ္အစြန္လူသစ္ ေခၚယူလိုေနတာပါ။ ေပၚတိုအသင္းမွ အဲလက္စ္နဲ႔ လက္စတာအသင္းမွ ဘမ္ခ်ီဝဲလ္တို႔ကို ေခၚယူလိုေနသလို အျခားေသာ ကစားသမားေတြကိုလည္း ေစ်းကြက္ထဲမွာ ရွာေဖြေနဆဲျဖစ္ပါတယ္။

Balague က ေျပာရာမွာ ” ခ်ယ္ဆီးက အလာဘာကိုလည္း ခ်ိတ္ဆက္ႏုိင္ပါတယ္။ ကလပ္ေတြက သူ႔ကို ခ်ဥ္းကပ္မႈေတြ လုပ္ထားၾကေပမယ့္ ခ်ယ္ဆီးကလည္း သူ႔ကို စိတ္ဝင္စားေနတာပါ။ သူ႔ရဲ႕ စြယ္စံုရမႈက အလုပ္အတူတြဲလုပ္ဖို႔ မန္ေနဂ်ာလမ္းပတ္အတြက္ စိတ္ေက်နပ္စရာ ျဖစ္ေစႏုိင္ပါတယ္။

အလာဘာက ကြင္းလယ္မွာလည္း ကစားႏုိင္သလို အစြန္ေနရာမွာလည္း ကစားႏိုင္သူျဖစ္တယ္။ အစြန္သမားအျဖစ္ေတာ့ သူ႔ကို လူပိုသိၾကပါတယ္။ မန္ေနဂ်ာ ပပ္ဂြာဒီယိုလာက သူ႔ကို အစြန္သမားအျဖစ္တင္ မကပဲ အျခား ေနရာေတြမွာလည္း ကစားႏုိင္ဖို႔ သင္ျပေပးခဲ့တာပါ။

အလာဘာကို ပရီးမီးယားလိဂ္မွာ ျမင္ရမယ္ဆိုရင္ သူ႔အတြက္ စိတ္ဝင္စားစရာ ေကာင္းပါလိမ့္မယ္။ ခ်ယ္ဆီးက သူ႔ကို ေခၚယူဖို႔ ေသခ်ာေပါက္ကို စိတ္ဝင္စားေနတာ ျဖစ္ပါတယ္။ ” လို႔ ျဖစ္တယ္။

အလာဘာကို ေခၚယူလိုတဲ့ အသင္းေတြထဲမွာ မန္စီးတီးနဲ႔ ရီးရဲလ္မက္ဒရစ္လည္း ပါဝင္ပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ အစြန္လူဟာ ၂၀၂၁ ခုနွစ္မွာ စာခ်ဳပ္ကုန္မွာျဖစ္လို႔ ေႏြမွာ သူ႔ကို ကမ္းလွမ္းတဲ့အခါ ေျပာင္းေရႊ႔ေၾကး အမ်ားၾကီး မေပးရႏုိင္ဘူးလို႔ သိထားရပါတယ္။