ချယ်ဆီးစီနီယာကြီးတွေ ရှိန်ခဲ့ရတဲ့ အဝတ်လဲခန်းအတွင်း ကော်စတာရဲ့ ပထမဆုံး မိတ်ဆက်စကား

ဒီယေဂို ကော်စတာကို နှစ်သက်သူရှိမယ်၊ မနှစ်သက်သူတွေရှိပေမယ်။ သူ့ရဲ့ အမူအကျင့်နဲ့ ပက်သက်လို့ ဝေဖန်မှုတွေ ချီးကျူးမှုတွေ ရှိခဲ့ရင်တောင် ကော်စတာဟာ ချယ်ဆီးအသင်းသမိုင်းမှာ တစ်ထောင့်တစ်နေရာက ပါဝင်ခဲ့ပြီဖြစ်တယ်။

စပိန် အတ္ထုပ္ပတ္တိ စာရေးဆရာ Fran Guillen က Diego Costa: The Art of War အမည်ရ စာအုပ်မှာ ချယ်ဆီးတိုက်စစ်သမားဟောင်း ဒီယေဂို ကော်စတာရဲ့ လန်ဒန်အသင်းသားဘဝ ပထမဆုံး မိတ်ဆက်မှုကို ထည့်သွင်းရေးထားခဲ့ပါတယ်။

” အော်စကာက တယ်ရီ၊ ကာဟေး၊ အိုင်ဗန်နိုဗစ်နဲ့ မာတစ်တို့ကို ဒီယေဂိုကော်စတာနဲ့ မိတ်ဆက်ပေးခဲ့တယ်။ သူတို့တွေ လက်ဆွဲနုတ်ဆက်ခဲ့ကြတယ် အဲ့တာပြီးတော့ ကော်စတာက မပြီပြင်တဲ့ အင်္ဂလိပ်စကားကို တစ်လုံးချင်း ပြင်းပြင်ထန်ထန် ပြောခဲ့တာက ‘ငါ စစ်ပွဲထဲ သွားမယ်၊ မင်းတို့တွေ ငါ့နဲ့အတူ လိုက်ကြမယ်မှတ်လား'” လို့ Fran Guillen က ရေးသားခဲ့တာပါ။

၂၀၁၄ ခုနှစ်မှာ အက်သလက်တီကို မက်ဒရစ်ကနေ ပေါင် ၃၂ သန်းဖြင့် လန်ဒန်ကလပ်ကို ရောက်လာခဲ့တဲ့ ကော်စတာဟာ ပထမဆုံး ပရီးမီးယားလိဂ်မှာတင် သွင်းဂိုး ၂၀ ရယူခဲ့တယ်။ အဲ့သည်နှစ်မှာ ချန်ပီယံဖြစ်ခဲ့သလို ၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှာလည်း ချန်ပီယံ ထပ်ဖြစ်ခဲ့ပါတယ်။

ကော်စတာက ချယ်ဆီး စီနီယာအသင်းသားတွေကို သူမိတ်ဆက်ခဲ့သလိုပဲ ဘောလုံးကွင်းကို စစ်ပွဲတစ်ခုအလား ဒေါမာန်ကြီးကြီး ဝင်ရောက်ကစားခဲ့ပြီး ရန်ပွဲပေါင်းများစွာ ရှာဖွေခဲ့တယ်။ သွင်းဂိုးများစွာ သွင်းခဲ့ပြီး နိုင်ပွဲတွေအများကြီး ရစေခဲ့တယ်။ ၂၀၁၇ ခုနှစ်မှာ ကွန်တီရဲ့ ရောင်းထုတ်ခြင်း ခံခဲ့ရပေမယ့် ချယ်ဆီး စီနီယာအသင်းသားတွေထဲမှာကော ပရိသတ်တွေကြားမှာပါ လေးစားခံ ကစားသမားဟောင်းအဖြစ် ဆက်ရှိနေစေခဲ့ပါတယ်။

ZAWGYI

ဒီေယဂို ေကာ္စတာကို ႏွစ္သက္သူရွိမယ္၊ မႏွစ္သက္သူေတြရွိေပမယ္။ သူ႔ရဲ႕ အမူအက်င့္နဲ႔ ပက္သက္လို႔ ေဝဖန္မႈေတြ ခ်ီးက်ဴးမႈေတြ ရွိခဲ့ရင္ေတာင္ ေကာ္စတာဟာ ခ်ယ္ဆီးအသင္းသမိုင္းမွာ တစ္ေထာင့္တစ္ေနရာက ပါဝင္ခဲ့ျပီျဖစ္တယ္။

စပိန္ အတၳဳပၸတိၱ စာေရးဆရာ Fran Guillen က Diego Costa: The Art of War အမည္ရ စာအုပ္မွာ ခ်ယ္ဆီးတိုက္စစ္သမားေဟာင္း ဒီေယဂို ေကာ္စတာရဲ႕ လန္ဒန္အသင္းသားဘဝ ပထမဆံုး မိတ္ဆက္မႈကို ထည့္သြင္းေရးထားခဲ့ပါတယ္။

” ေအာ္စကာက တယ္ရီ၊ ကာေဟး၊ အိုင္ဗန္ႏိုဗစ္နဲ႔ မာတစ္တို႔ကို ဒီေယဂိုေကာ္စတာနဲ႔ မိတ္ဆက္ေပးခဲ့တယ္။ သူတို႔ေတြ လက္ဆြဲႏုတ္ဆက္ခ့ဲၾကတယ္ အဲ့တာျပီးေတာ့ ေကာ္စတာက မျပီျပင္တဲ့ အဂၤလိပ္စကားကို တစ္လံုးခ်င္း ျပင္းျပင္ထန္ထန္ ေျပာခဲ့တာက ‘ငါ စစ္ပြဲထဲ သြားမယ္၊ မင္းတို႔ေတြ ငါ့နဲ႔အတူ လုိက္ၾကမယ္မွတ္လား'” လို႔ Fran Guillen က ေရးသားခဲ့တာပါ။

၂၀၁၄ ခုႏွစ္မွာ အက္သလက္တီကို မက္ဒရစ္ကေန ေပါင္ ၃၂ သန္းျဖင့္ လန္ဒန္ကလပ္ကို ေရာက္လာခဲ့တဲ့ ေကာ္စတာဟာ ပထမဆံုး ပရီးမီးယားလိဂ္မွာတင္ သြင္းဂိုး ၂၀ ရယူခဲ့တယ္။ အဲ့သည္ႏွစ္မွာ ခ်န္ပီယံျဖစ္ခဲ့သလို ၂၀၁၆-၂၀၁၇ ေဘာလံုးရာသီမွာလည္း ခ်န္ပီယံ ထပ္ျဖစ္ခဲ့ပါတယ္။

ေကာ္စတာက ခ်ယ္ဆီး စီနီယာအသင္းသားေတြကို သူမိတ္ဆက္ခဲ့သလိုပဲ ေဘာလံုးကြင္းကို စစ္ပြဲတစ္ခုအလား ေဒါမာန္ၾကီးၾကီး ဝင္ေရာက္ကစားခဲ့ျပီး ရန္ပြဲေပါင္းမ်ားစြာ ရွာေဖြခဲ့တယ္။ သြင္းဂိုးမ်ားစြာ သြင္းခဲ့ျပီး ႏုိင္ပြဲေတြအမ်ားၾကီး ရေစခဲ့တယ္။ ၂၀၁၇ ခုႏွစ္မွာ ကြန္တီရဲ႕ ေရာင္းထုတ္ျခင္း ခံခဲ့ရေပမယ့္ ခ်ယ္ဆီး စီနီယာအသင္းသားေတြထဲမွာေကာ ပရိသတ္ေတြၾကားမွာပါ ေလးစားခံ ကစားသမားေဟာင္းအျဖစ္ ဆက္ရွိေနေစခ့ဲပါတယ္။