လာဇီယို ကြယ်ပွင့် ဆာဗစ်ကို ဆက်သွယ် ထားတဲ့ ပရီးမီးယားလိဂ်ကလပ် ၃ သင်း ရှိနေ

လာဇီယို ကွင်းလယ်ကြယ်ပွင့် ကစားသမား မီလင်ကိုဗစ် ဆာဗစ်ကို ခေါ်ယူဖို့ ချိတ်ဆက် မေးမြန်းထားတဲ့ ပရီးမီးယားလိဂ် ကလပ်တွေ ရှိနေပြီး ချယ်ဆီး၊ ယူနိုက်တက်နဲ့ စပါးအသင်းတို့ ဖြစ်တယ်လို့ ဒေးလီးမေးလ် သတင်းဌာနက ဖော်ထုတ်ုလိက်ပါတယ်။ ဆာဗစ်က စီးရီးအေမှာတော့ အကောင်းဆုံး ကွင်းလယ် တစ်ဦး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၈ လ အတွင်း ထူးချွန်စွာ ခြေစွမ်းပြနေသူ ဖြစ်တာကြောင့် ဆာဗစ်ကို အလိုရှိတဲ့ ဥရောပ ထိပ်သီးကလပ်အသင်းတွေ ရှိနေပြီး ပရီးမီးယားလိဂ် ကလပ်တွေက ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်၊ ပီအက်စ်ဂျီ စတဲ့ အင်အားကြီးကလပ်တွေနဲ့ ဆာဗစ်ကို ရဖို့ ယှဉ်ပြိုင်ရဖွယ် ရှိပါတယ်။

ချယ်ဆီးအသင်း အနေနဲ့ကတော့ ဆားဘီးယား လက်ရွေးစင် ကွင်းလယ်သမားကို စိတ်ဝင်စား ပစ်မှတ်ထားတာ ဒါက ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ အသက် ၂၅ နှစ် အရွယ် ကွင်းလယ်သမားကို ပြီးခဲ့တဲ့ ဇန်နဝါရီကလည်း ခေါ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် မအောင် မြင်ခဲ့တာကြောင့် လမ်းပတ်က လာမယ့် အပြောင်းအရွှေ့ ဖွင့်တာနဲ့ ထပ်မံ ကြိုးစားဖို့ ပြင်ဆင်နေပါတယ်။

ကြံ့ခိုင်မှု၊ ခွန်အားအပြည့် စိုက်ထုတ်နိုင်မှု၊ နည်းစနစ် ကျေညက်မှုတွေ အပြင် သွင်းဂိုးတွေ အတွက်ပါ အမြင်ရှိတဲ့ ဆာဗစ်ကလည်း ကစားသမား ဘ၀ နောက်ထပ် ခြေလှမ်းတစ်ရပ် အနေနဲ့ အသင်းကြီး တစ်သင်းထံ ပြောင်းရွှေ့ ကစားဖို့ လိုလားနေပြီ ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ ချယ်ဆီးနည်းပြဟောင်း ဖြစ်ပြီး လက်ရှိ စပါးအသင်းကို တာဝန်ယူနေတဲ့ မော်ရင်ညိုကလည်း သူ ယူနိုက်တက်မှာ ရှိစဉ်တည်းက ဆာဗစ်ကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပြီး ဒီတကြိမ်မှာလည်း ထပ်မံ ကြိုးစားဖို့ ရှိေ်နပါတယ်။

ဆာဗစ်ရဲ့ လက်ရှိ စာချုပ်က ၂၀၂၄ ထိ ကျန်ရှိနေသေးပြီး ၎င်းကို ခေါ်ယူလိုပါက လာဇီယို အသင်းဟာ ပေါင် သန်း ၅၀ ထက် ပိုတဲ့ ကမ်းလှမ်းမှုမျိုးကိုမှ စဉ်းစားမှာ ဖြစ်ပါတယ်။ ဆာဗစ်ဟာ ၂၀၁၅ နွေမှာ လာဇီယိုထံ ရောက်လာခဲ့တာ ဖြစ်ပြီး စီးရီးအေမှာ ၁၉၄ ပွဲ ကစားပြီး ၃၆ ဂိုး သွင်း၊ ၂၆ ကြိမ် ဂိုးထောက်ပံ့မှု ပြုလုပ်ထားပါတယ်။

Zawgyi – လာဇီယို ကြင္းလယ္ၾကယ္ပြင့္ ကစားသမား မီလင္ကိုဗစ္ ဆာဗစ္ကို ေခၚယူဖို႔ ခ်ိတ္ဆက္ ေမးျမန္းထားတဲ့ ပရီးမီးယားလိဂ္ ကလပ္ေတြ ရွိေနျပီး ခ်ယ္ဆီး၊ ယူနိုက္တက္နဲ႕ စပါးအသင္းတို႔ ျဖစ္တယ္လို႔ ေဒးလီးေမးလ္ သတင္းဌာနက ေဖာ္ထုတ္ုလိက္ပါတယ္။ ဆာဗစ္က စီးရီးေအမွာေတာ့ အေကာင္းဆံုး ကြင္းလယ္ တစ္ဦး ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ၁၈ လ အတြင္း ထူးခၽြန္စြာ ေျခစြမ္းျပေနသူ ျဖစ္တာေၾကာင့္ ဆာဗစ္ကို အလိုရွိတဲ့ ဥေရာပ ထိပ္သီးကလပ္အသင္းေတြ ရွိေနျပီး ပရီးမီးယားလိဂ္ ကလပ္ေတြက ရီးရဲလ္မက္ဒရစ္၊ ဂ်ဴဗင္တပ္၊ ပီအက္စ္ဂ်ီ စတဲ့ အင္အားၾကီးကလပ္ေတြနဲ႕ ဆာဗစ္ကို ရဖို႔ ယွဥ္ျပိဳင္ရဖြယ္ ရွိပါတယ္။

ခ်ယ္ဆီးအသင္း အေနနဲ႕ကေတာ့ ဆားဘီးယား လက္ေရြးစင္ ကြင္းလယ္သမားကို စိတ္၀င္စား ပစ္မွတ္ထားတာ ဒါက ပထမဆံုး အၾကိမ္ေတာ့ မဟုတ္ပါဘူး။ အသက္ ၂၅ နွစ္ အရြယ္ ကြင္းလယ္သမားကို ျပီးခဲ့တဲ့ ဇန္န၀ါရီကလည္း ေခၚယူဖို႔ ၾကိဳးစားခဲ့ပါေသးတယ္။ ဒါေပမယ့္ မေအာင္ ျမင္ခဲ့တာေၾကာင့္ လမ္းပတ္က လာမယ့္ အေျပာင္းအေရႊ႕ ဖြင့္တာနဲ႕ ထပ္မံ ၾကိဳးစားဖို႔ ျပင္ဆင္ေနပါတယ္။

ၾကံ႕ခိုင္မႈ၊ ခြန္အားအျပည့္ စိုက္ထုတ္နုိင္မႈ၊ နည္းစနစ္ ေက်ညက္မႈေတြ အျပင္ သြင္းဂိုးေတြ အတြက္ပါ အျမင္ရွိတဲ့ ဆာဗစ္ကလည္း ကစားသမား ဘ၀ ေနာက္ထပ္ ေျခလွမး္တစ္ရပ္ အေနနဲ႕ အသင္းၾကီး တစ္သင္းထံ ေျပာင္းေရႊ႕ ကစားဖို႔ လိုလားေနျပီ ျဖစ္ပါတယ္။

ယူနိုက္တက္နဲ႕ ခ်ယ္ဆီးနည္းျပေဟာင္း ျဖစ္ျပီး လက္ရွိ စပါးအသင္းကို တာ၀န္ယူေနတဲ့ ေမာ္ရင္ညိဳကလည္း သူ ယူနိုက္တက္မွာ ရွိစဥ္တည္းက ဆာဗစ္ကို ပစ္မွတ္ထားခဲ့တာ ျဖစ္ျပီး ဒီတၾကိမ္မွာလည္း ထပ္မံ ၾကိဳးစားဖို႔ ရွိေ္နပါတယ္။

ဆာဗစ္ရဲ႕ လက္ရွိ စာခ်ဳပ္က ၂၀၂၄ ထိ က်န္ရွိေနေသးျပီး ၄င္းကို ေခၚယူလိုပါက လာဇီယို အသင္းဟာ ေပါင္ သန္း ၅၀ ထက္ ပိုတဲ့ ကမ္းလွမ္းမႈမ်ိဳးကိုမွ စဥ္းစားမွာ ျဖစ္ပါတယ္။ ဆာဗစ္ဟာ ၂၀၁၅ ေႏြမွာ လာဇီယိုထံ ေရာက္လာခဲ့တာ ျဖစ္ျပီး စီးရီးေအမွာ ၁၉၄ ပြဲ ကစားျပီး ၃၆ ဂိုး သြင္း၊ ၂၆ ၾကိမ္ ဂိုးေထာက္ပံ့မႈ ျပဳလုပ္ထားပါတယ္။