စီးရီးအေ တိုက်စစ်သမား ချီဆာကို စိတ်ဝင်စားနေတဲ့ ကလပ် ၄ သင်းမှာ ချယ်ဆီး ပါဝင်နေလား

အီတလီသတင်းတွေကတော့ ဖီအိုရင် တိုက်စစ်သမား ချီဆာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဥရောပ ကလပ် ၄ သင်းထဲမှာ ချယ်ဆီးကလည်း တစ်သင်း အပါအဝင်အဖြစ် ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ်ပဲ ရှိသေးတဲ့ တောင်ပံတိုက်စစ်သမားကို ဂျူဗင်တပ်၊ အင်တာမီလန်နဲ့ ယူနိုက်တက်တို့ကလည်း စိတ်ဝင်စားနေတာပါ။ ဖီအိုရင်တီးနားဘက်က လူငယ်တိုက်စစ်သမားအတွက် ယူရို သန်း ၇၀ ဈေးဖြတ်ထားတယ်လို့ သိထားရတာဖြစ်တယ်။

ချယ်ဆီးအသင်းဟာ ဘယ်ခြေအားသန်ပြီး ညာခြမ်းတိုက်စစ်ကို ကစားနိုင်တဲ့ တိုက်စစ်သမားကို ရှာဖွေနေတာပါ။ တောင်ပံတိုက်စစ်သမားတွေဖြစ်တဲ့ ပက်ဒရို၊ ဝီလီယမ်တို့ လက်လွတ်ပြီးရင် တောင်ပံတိုက်စစ် အင်အားနည်းမှုကို ဖာထေးဖို့ အစီအစဉ်တွေ ရှိနေတာဖြစ်တယ်။

ဇီယက်ကို ခေါ်ယူထားပေမယ့် ကွင်းလယ်ဖန်တီးရှင်နေရာမှာ သုံးမယ်လို့ သတင်းထွက်နေပြီး ညာတောင်ပံအတွက် ဆန်ချိုကိုလည်း စိတ်ဝင်စားနေတယ်။ ဒေါ့မွန်ဘက်က အင်္ဂလန်သား တိုက်စစ်သမားကို ပေါင် သန်း ၁၀၀ ထိ ဈေးတင်ထားပြီး ယူနိုက်တက်က ခေါ်ယူဖို့ ပိုမို အရေးသာနေပါတယ်။

ချယ်ဆီးဘက်ကတော့ နွေဈေးကွက်မှာ ခေါ်ယူနိုင်မယ့် ကစားသမာတွေကို စာရင်းပြုစုနေတဲ့ သဘောဖြစ်ဟန်ရှိတယ်။ ကော်တင်ညိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို တစ်ချိန်တည်းမှာ သူ့ထက် ၇ နှစ်ငယ်တဲ့ လူငယ်ကစားသမား ကိုင်းဟာဗက်ကိုလည်း အကဲဖြတ်နေတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေအရ ချယ်ဆီးရဲ့ ဦးစားပေး ဖြည့်တင်းမှုက တိုက်စစ်ပိုင်း ဖြစ်ဖို့ များနေပြီး ဘယ်အစွန်နေရာဟာ ဒုတိယ ဦးစားပေးဖြစ်လာဖို့ ရှိနေပါတယ်။

ZAWGYI

အီတလီသတင္းေတြကေတာ့ ဖီအိုရင္ တိုက္စစ္သမား ခ်ီဆာကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ ဥေရာပ ကလပ္ ၄ သင္းထဲမွာ ခ်ယ္ဆီးကလည္း တစ္သင္း အပါအဝင္အျဖစ္ ေဖာ္ျပလာခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ပဲ ရွိေသးတဲ့ ေတာင္ပံတိုက္စစ္သမားကို ဂ်ဴဗင္တပ္၊ အင္တာမီလန္နဲ႔ ယူႏုိက္တက္တို႔ကလည္း စိတ္ဝင္စားေနတာပါ။ ဖီအိုရင္တီးနားဘက္က လူငယ္တိုက္စစ္သမားအတြက္ ယူရို သန္း ၇၀ ေစ်းျဖတ္ထားတယ္လို႔ သိထားရတာျဖစ္တယ္။

ခ်ယ္ဆီးအသင္းဟာ ဘယ္ေျခအားသန္ျပီး ညာျခမ္းတိုက္စစ္ကို ကစားႏုိင္တဲ့ တိုက္စစ္သမားကို ရွာေဖြေနတာပါ။ ေတာင္ပံတိုက္စစ္သမားေတြျဖစ္တဲ့ ပက္ဒရို၊ ဝီလီယမ္တို႔ လက္လြတ္ျပီးရင္ ေတာင္ပံတိုက္စစ္ အင္အားနည္းမႈကို ဖာေထးဖို႔ အစီအစဥ္ေတြ ရွိေနတာျဖစ္တယ္။

ဇီယက္ကို ေခၚယူထားေပမယ့္ ကြင္းလယ္ဖန္တီးရွင္ေနရာမွာ သံုးမယ္လို႔ သတင္းထြက္ေနျပီး ညာေတာင္ပံအတြက္ ဆန္ခ်ိဳကိုလည္း စိတ္ဝင္စားေနတယ္။ ေဒါ့မြန္ဘက္က အဂၤလန္သား တိုက္စစ္သမားကို ေပါင္ သန္း ၁၀၀ ထိ ေစ်းတင္ထားျပီး ယူႏုိက္တက္က ေခၚယူဖို႔ ပိုမို အေရးသာေနပါတယ္။

ခ်ယ္ဆီးဘက္ကေတာ့ ေႏြေစ်းကြက္မွာ ေခၚယူႏုိင္မယ့္ ကစားသမာေတြကို စာရင္းျပဳစုေနတ့ဲ သေဘာျဖစ္ဟန္ရွိတယ္။ ေကာ္တင္ညိဳကို ေခၚယူဖို႔ စိတ္ဝင္စားေနသလို တစ္ခ်ိန္တည္းမွာ သူ႔ထက္ ၇ ႏွစ္ငယ္တဲ့ လူငယ္ကစားသမား ကိုင္းဟာဗက္ကိုလည္း အကဲျဖတ္ေနတယ္။

ထြက္ေပၚေနတဲ့ သတင္းေတြအရ ခ်ယ္ဆီးရဲ႕ ဦးစားေပး ျဖည့္တင္းမႈက တိုက္စစ္ပိုင္း ျဖစ္ဖို႔ မ်ားေနျပီး ဘယ္အစြန္ေနရာဟာ ဒုတိယ ဦးစားေပးျဖစ္လာဖို႔ ရွိေနပါတယ္။