အသင်း ထရိန်နင်မှာ ဂေးလ်မား စောင့်ကြည့် သင်ယူရတဲ့ ချယ်ဆီးစီနီယာ နှစ်ဦး

ချယ်ဆီး လူငယ်ကစားသမားလေး ဘီလီ ဂေးလ်မားဟာ ဒီတလောမှာ စီနီယာအသင်းကြီးမှာ ပါဝင် ကစားခွင့်ရလာခဲ့သူ ဖြစ်ပြီး နည်းပြ လမ်းပတ်ရော အသင်း ပရိသတ်တွေကိုပါ ဖမ်းစားနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဂေးလ်မားကတော့ အသင်း ထရိန်နင်မှာ ဆိုရင် သူ စောင့်ကြည့် သင်ယူရတဲ့ စီနီယာ ကစားသမား နှစ်ဦး ဖြစ်ကြောင်း ဖွင့်ဟပြောဆို သွားခဲ့ပါတယ်။ ကော့ဘ်ဟမ်း ထရိန်နင်မှာ ဆိုရင် ဂေးလ်မား စောင့်ကြည့်နေရသူတွေကတော့ ကွင်းလယ် နှစ်ဦး ဖြစ်တဲ့ ကိုဗာဆစ်နဲ့ ဂျော်ဂျင်ဟိုပဲ ဖြစ်ပါတယ်။

” ထရိန်နင်မှာဆိုရင် ကျနော်က ကိုဗာဆစ်နဲ့ ဂျော်ဂျင်ဟိုတို့ လုပ်တာ အမြဲ စောင့်ကြည့် ဖြစ်တယ်။ သူတို့ လုပ်သလို လိုက်လုပ်ကြည့်ပြီး ကော်ပီကူးဖို့လည်း ကြိုးစားတယ်။

သူတို့ နှစ်ယောက်ကလည်း ကျနေ်ာ့ကို ကွင်းတွင်း ကွင်းပြင် အမြဲ ကောင်းကောင်း ဆက်ဆံပါတယ်။ ကျနော့်ကို အမြဲ စကားပြောဆိုနေကြတယ်။ ဘာလိုအပ်လဲ အမြဲ အုပ်ထိန်းပေးနေကြတယ်။ ရိမ်းဂျားစ်မှာတုန်းကလိုပဲ ဂရုစိုက်ခံရတယ်။ သူတို့လည်း ကျနော့် အကြောင်း သိလာသလို ကျနော်လည်း သူတို့ကို ပို နားလည်လာပါတယ်။

သူတို့က အမြဲ အကူအညီပေးနေကြတော့တာ။ တကယ်တော့ သူတို့က ထိပ်တန်း ကစားသမားတွေ ဖြစ်တယ်။ သူတို့နဲ့ အတူ တစ်ပတ်ပြီး တစ်ပတ် အတူ ကစားရ လေ့ကျင့်လာရတာက ကျနေ်ာ စိတ်ပဲ ကူးနိုင်တဲ့ အိပ်မက်တွေ တကယ် ဖြစ်လာတာပါ။ ” လို့ ဂေးလ်မားက ပြောဆိုခဲ့ပါတယ်။

အသက် ၁၈ နှစ် အရွယ် ကွင်းလယ်ကစားသမားလေးဟာ မတ်လထဲက ချယ်ဆီး လီဗာပူးကို ၂-၀ နဲ့ နိုင်ခဲ့တဲ့ အက်ဖ်အေဖလား ပွဲမှာ ပွဲစဉ် အကောင်းဆုံး ကစားသမား ဆု ရခဲ့ပြီး ပိုသတိထားမိခြင်း ခံခဲ့ရပါတယ်။ အဲဒီနောက် အဲဗာတန်ကို ၄-၀ နဲ့ နိုင်ခဲ့တဲ့ စတန်းဖို့ဒ်ဘရစ်ချ်က ပွဲမှာလည်း မိနစ် ၉၀ ပြည့် ပါဝင် ကစားခဲ့ပါသေးတယ်။

Zawgyi – ခ်ယ္ဆီး လူငယ္ကစားသမားေလး ဘီလီ ေဂးလ္မားဟာ ဒီတေလာမွာ စီနီယာအသင္းၾကီးမွာ ပါ၀င္ ကစားခြင့္ရလာခဲ့သူ ျဖစ္ျပီး နည္းျပ လမ္းပတ္ေရာ အသင္း ပရိသတ္ေတြကိုပါ ဖမ္းစားနုိင္ခဲ့တဲ့ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသနုိင္ခဲ့သူ ျဖစ္ပါတယ္။

ေဂးလ္မားကေတာ့ အသင္း ထရိန္နင္မွာ ဆိုရင္ သူ ေစာင့္ၾကည့္ သင္ယူရတဲ့ စီနီယာ ကစားသမား နွစ္ဦး ျဖစ္ေၾကာင္း ဖြင့္ဟေျပာဆို သြားခဲ့ပါတယ္။ ေကာ့ဘ္ဟမ္း ထရိန္နင္မွာ ဆိုရင္ ေဂးလ္မား ေစာင့္ၾကည့္ေနရသူေတြကေတာ့ ကြင္းလယ္ နွစ္ဦး ျဖစ္္တဲ့ ကိုဗာဆစ္နဲ႕ ေဂ်ာ္ဂ်င္ဟိုပဲ ျဖစ္ပါတယ္။

” ထရိန္နင္မွာဆိုရင္ က်ေနာ္က ကိုဗာဆစ္နဲ႕ ေဂ်ာ္ဂ်င္ဟိုတို႔ လုပ္တာ အျမဲ ေစာင့္ၾကည့္ ျဖစ္တယ္။ သူတို႔ လုပ္သလို လိုက္လုပ္ၾကည့္ျပီး ေကာ္ပီကူးဖို႔လည္း ၾကိဳးစားတယ္။

သူတို႔ နွစ္ေယာက္ကလည္း က်ေန္ာ့ကို ကြင္းတြင္း ကြင္းျပင္ အျမဲ ေကာင္းေကာင္း ဆက္ဆံပါတယ္။ က်ေနာ့္ကို အျမဲ စကားေျပာဆိုေနၾကတယ္။ ဘာလိုအပ္လဲ အျမဲ အုပ္ထိန္းေပးေနၾကတယ္။ ရိမ္းဂ်ားစ္မွာတုန္းကလိုပဲ ဂရုစိုက္ခံရတယ္။ သူတို႔လည္း က်ေနာ့္ အေၾကာင္း သိလာသလို က်ေနာ္လည္း သူတို႔ကို ပို နားလည္လာပါတယ္။

သူတို႔က အျမဲ အကူအညီေပးေနၾကေတာ့တာ။ တကယ္ေတာ့ သူတို႔က ထိပ္တန္း ကစားသမားေတြ ျဖစ္တယ္။ သူတို႔နဲ႕ အတူ တစ္ပတ္ျပီး တစ္ပတ္ အတူ ကစားရ ေလ့က်င့္လာရတာက က်ေန္ာ စိတ္ပဲ ကူးနုိင္တဲ့ အိပ္မက္ေတြ တကယ္ ျဖစ္လာတာပါ။ ” လုိ႔ ေဂးလ္မားက ေျပာဆိုခဲ့ပါတယ္။

အသက္ ၁၈ နွစ္ အရြယ္ ကြင္းလယ္ကစားသမားေလးဟာ မတ္လထဲက ခ်ယ္ဆီး လီဗာပူးကို ၂-၀ နဲ႕ နုိင္ခဲ့တဲ့ အက္ဖ္ေအဖလား ပြဲမွာ ပြဲစဥ္ အေကာင္းဆံုး ကစားသမား ဆု ရခဲ့ျပီး ပိုသတိထားမိျခင္း ခံခဲ့ရပါတယ္။ အဲဒီေနာက္ အဲဗာတန္ကို ၄-၀ နဲ႕ နုိင္ခဲ့တဲ့ စတန္းဖို႔ဒ္ဘရစ္ခ်္က ပြဲမွာလည္း မိနစ္ ၉၀ ျပည့္ ပါ၀င္ ကစားခဲ့ပါေသးတယ္။