ချယ်ဆီးထံ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရောက်လာနိုင်တဲ့ တိုက်စစ်မှူး ဒရိုင်းစ် မာတင်

ဇန်နဝါရီ အပြောင်းအရွှေ့မှာ အဆင်မပြေခဲ့ပေမယ့် နာပိုလီ တိုက်စစ်မှူး ဒရိုင်းစ်မာတင်က နောက်ဆုံးမှာတောာ့ ချယ်ဆီးအသင်းထံ ပြောင်းရွှေ့ကြေး အလွတ်နဲ့ မထင်မှတ်စွာ ရောက်ရှိလာနိုင်ဖွယ် ရှိပါတယ်။

အီတလီဘက်က သတင်းတွေ အရ ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်ဟာ ဘယ်လ်ဂျီယံသား တိုက်စစ်သမားနဲ့ ကိုယ်တိုင် တိုက်ရိုက် ချိတ်ဆက် ပြောဆိုနေပြီး နွေမှာ လန်ဒန်သို့ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

လာမယ့် ဘောလုံးရာသီမှာ တိုက်စစ်ကို အင်အားထပ်ဖြည့်ချင်နေတဲ့ ချယ်ဆီးနည်းပြ လမ်းပတ်ဟာ အသက် ၃၂ နှစ် အရွယ် နာပိုလီကြယ်ပွင့် တိုက်စစ်မှူးကို သဘောတွေ့နေပါတယ်။

မာတင်ကလည်း ဒီနွေမှာ နာပိုလီနဲ့ စာချုပ်ကုန်ဆုံးပြီ ဖြစ်ပြီး အခုထိလည်း သက်တမ်းတိုး စာချုပ် အတွက် သဘောတူညီမှု မရသေးတာကြောင့် ပြောင်းရွှေ့ကြေး အလွတ်နဲ့ နာပိုလီက လက်လွှတ်ရတော့မှာပါ။

ဘောလုံးပွဲတွေ မရပ်နားခင်က ဒရိုင်းစ်မာတင်ဟာ နာပိုလီ အသင်းနဲ့ အတူ ဒီရာသီ ပြိုင်ပွဲစုံ ၂၉ ပွဲ ကစားပြီး ၁၂ ဂိုး သွင်းကာ၊ ၆ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။ ဒရိုင်းစ်မာတင် ရောက်ရှိလာပါက ချယ်ဆီး အတွက် တိုက်စစ်မှာ ပိုမိုရွေးချယ်စရာ များလာမှာ ဖြစ်ပြီး ဂျီရူးကလည်း ချယ်ဆီးမှာ တစ်ရာသီ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။

Zawgyi – ဇန္န၀ါရီ အေျပာင္းအေရႊ႕မွာ အဆင္မေျပခဲ့ေပမယ့္ နာပိုလီ တိုက္စစ္မွဴး ဒရိုင္းစ္မာတင္က ေနာက္ဆံုးမွာေတာာ့ ခ်ယ္ဆီးအသင္းထံ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ မထင္မွတ္စြာ ေရာက္ရွိလာနုိင္ဖြယ္ ရွိပါတယ္။

အီတလီဘက္က သတင္းေတြ အရ ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္ဟာ ဘယ္လ္ဂ်ီယံသား တုိက္စစ္သမားနဲ႕ ကိုယ္တိုင္ တိုက္ရိုက္ ခ်ိတ္ဆက္ ေျပာဆိုေနျပီး ေႏြမွာ လန္ဒန္သို႔ ေခၚယူဖို႔ ၾကိဳးစားေနပါတယ္။

လာမယ့္ ေဘာလံုးရာသီမွာ တိုက္စစ္ကို အင္အားထပ္ျဖည့္ခ်င္ေနတဲ့ ခ်ယ္ဆီးနည္းျပ လမ္းပတ္ဟာ အသက္ ၃၂ နွစ္ အရြယ္ နာပိုလီၾကယ္ပြင့္ တိုက္စစ္မွဴးကို သေဘာေတြ႔ေနပါတယ္။

မာတင္ကလည္း ဒီေႏြမွာ နာပိုလီနဲ႕ စာခ်ဳပ္ကုန္ဆံုးျပီ ျဖစ္ျပီး အခုထိလည္း သက္တမ္းတိုး စာခ်ဳပ္ အတြက္ သေဘာတူညီမႈ မရေသးတာေၾကာင့္ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ နာပိုလီက လက္လႊတ္ရေတာ့မွာပါ။

ေဘာလံုးပြဲေတြ မရပ္နားခင္က ဒရိုင္းစ္မာတင္ဟာ နာပိုလီ အသင္းနဲ႕ အတူ ဒီရာသီ ျပိဳင္ပြဲစံု ၂၉ ပြဲ ကစားျပီး ၁၂ ဂိုး သြင္းကာ၊ ၆ ဂိုး ေထာက္ပံ့မႈ ျပဳလုပ္ထားပါတယ္။ ဒရိုင္းစ္မာတင္ ေရာက္ရွိလာပါက ခ်ယ္ဆီး အတြက္ တိုက္စစ္မွာ ပိုမိုေရြးခ်ယ္စရာ မ်ားလာမွာ ျဖစ္ျပီး ဂ်ီရူးကလည္း ခ်ယ္ဆီးမွာ တစ္ရာသီ ဆက္ရွိေနဦးမွာ ျဖစ္ပါတယ္။