အာဆင်နယ်က သန်း ၃၀ ဖြင့် ရောင်းထုတ်မယ့် အူဘာမီယန် အခြေအနေကို ချယ်ဆီး စောင့်ကြည့်နေ

အာဆင်နယ်ဟာ တိုက်စစ်မှူး အူဘာမီယန်ကို နွေအပြောင်းအရွှေ့မှာ ပေါင် သန်း ၃၀ နဲ့တင် ရောင်းထုတ်သွားဖို့ ပြင်ဆင်ထားတယ်လို့ အင်္ဂလန်သတင်းတွေက ဖော်ပြလာပါတယ်။

မြောက်လန်ဒန် အခြေစိုက်ကလပ်ဟာ အသင်းနဲ့ တစ်နှစ်ပဲ စာချုပ်ကျန်တော့တဲ့ အူဘာမီယန်ကို စာချုပ်သစ်ပေးဖို့ မဖြစ်နိုင်တဲ့ အနေအထားကို ရောက်နေပါပြီ။ မနှစ်တုန်းက ရမ်ဆေးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ခဲ့ရခြင်းမျိုး မဖြစ်အောင် နွေအပြောင်းအရွှေ့မှာတင် အသက် ၃၀ အရွယ် တိုက်စစ်မှူးကို ရောင်းထုတ်သွားမှာဖြစ်တယ်။

အာဆင်နယ်ဘက်က အူဘာမီယန်အတွက် ပေါင် သန်း ၅၀ လောက်ကို အလိုရှိထားပေမယ့် ဘဏ္ဍာရေးဆိုင်ရာ ထိခိုက်ကျမယ့် အနေအထားကြောင့် ပေါင် သန်း ၃၀ ဝန်းကျင်နဲ့တင် လက်လွတ်ရမှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဘဏ္ဍာရေးဆိုင်ရာ ထိခိုက်မှု ကြီးမားမှာဖြစ်ခြင်းကြောင့် ကလပ် ကစားသမားတွေကို လုပ်ခ ၁၂.၅% ဖြတ်တောက်ဖို့ လုပ်ဆောင်ထားရပါသေးတယ်။

တယ်လီဂရပ်ကတော့ အာဆင်နယ်နဲ့ အူဘာမီယန်ကြား အခြေအနေကို ဘာစီလိုနာနဲ့ အင်တာမီလန်ဘက်က စောင့်ကြည့်နေသလို အင်္ဂလန်မှာလည်း ချယ်ဆီးက မြို့ခံပြိုင်ဘက်ရဲ့ အခြေအနေကို စောင့်ကြည့်နေတယ် ဖော်ပြထားတယ်။ ချယ်ဆီး တောင်ပံသမား ဝီလီယမ်ကို အာဆင်နယ်က ချိတ်ဆက်နေပြီး ချယ်ဆီးဘက်ကလည်း အူဘာမီယန်ကို ပြန်ခေါ်ယူလိုနေပါတယ်။

အူဘာမီယန်ရဲ့ လုပ်ခဟာ တစ်ပတ်ကို ပေါင် ၂ သိန်းဝန်းကျင် ကျသင့်မှာပါ။ ချယ်ဆီးဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရမယ်ဆိုရင် အူဘာမီယန်ရဲ့ လုပ်ခက ဝန်ပိစေမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

ZAWGYI

အာဆင္နယ္ဟာ တိုက္စစ္မွဴး အူဘာမီယန္ကို ေႏြအေျပာင္းအေရႊ႔မွာ ေပါင္ သန္း ၃၀ နဲ႔တင္ ေရာင္းထုတ္သြားဖို႔ ျပင္ဆင္ထားတယ္လို႔ အဂၤလန္သတင္းေတြက ေဖာ္ျပလာပါတယ္။

ေျမာက္လန္ဒန္ အေျခစိုက္ကလပ္ဟာ အသင္းနဲ႔ တစ္ႏွစ္ပဲ စာခ်ဳပ္က်န္ေတာ့တဲ့ အူဘာမီယန္ကို စာခ်ဳပ္သစ္ေပးဖို႔ မျဖစ္ႏုိင္တဲ့ အေနအထားကို ေရာက္ေနပါျပီ။ မႏွစ္တုန္းက ရမ္ေဆးကို အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ လက္လြတ္ခဲ့ရျခင္းမ်ိဳး မျဖစ္ေအာင္ ေႏြအေျပာင္းအေရႊ႔မွာတင္ အသက္ ၃၀ အရြယ္ တိုက္စစ္မွဴးကို ေရာင္းထုတ္သြားမွာျဖစ္တယ္။

အာဆင္နယ္ဘက္က အူဘာမီယန္အတြက္ ေပါင္ သန္း ၅၀ ေလာက္ကို အလိုရွိထားေပမယ့္ ဘ႑ာေရးဆိုင္ရာ ထိခိုက္က်မယ့္ အေနအထားေၾကာင့္ ေပါင္ သန္း ၃၀ ဝန္းက်င္နဲ႔တင္ လက္လြတ္ရမွာျဖစ္ပါတယ္။ အာဆင္နယ္ဟာ ဘ႑ာေရးဆိုင္ရာ ထိခိုက္မႈ ၾကီးမားမွာျဖစ္ျခင္းေၾကာင့္ ကလပ္ ကစားသမားေတြကို လုပ္ခ ၁၂.၅% ျဖတ္ေတာက္ဖို႔ လုပ္ေဆာင္ထားရပါေသးတယ္။

တယ္လီဂရပ္ကေတာ့ အာဆင္နယ္နဲ႔ အူဘာမီယန္ၾကား အေျခအေနကို ဘာစီလိုနာနဲ႔ အင္တာမီလန္ဘက္က ေစာင့္ၾကည့္ေနသလို အဂၤလန္မွာလည္း ခ်ယ္ဆီးက ျမိဳ႕ခံျပိဳင္ဘက္ရဲ႕ အေျခအေနကို ေစာင့္ၾကည့္ေနတယ္ ေဖာ္ျပထားတယ္။ ခ်ယ္ဆီး ေတာင္ပံသမား ဝီလီယမ္ကို အာဆင္နယ္က ခ်ိတ္ဆက္ေနျပီး ခ်ယ္ဆီးဘက္ကလည္း အူဘာမီယန္ကို ျပန္ေခၚယူလိုေနပါတယ္။

အူဘာမီယန္ရဲ႕ လုပ္ခဟာ တစ္ပတ္ကို ေပါင္ ၂ သိန္းဝန္းက်င္ က်သင့္မွာပါ။ ခ်ယ္ဆီးဟာ လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရမယ္ဆိုရင္ အူဘာမီယန္ရဲ႕ လုပ္ခက ဝန္ပိေစမွာ မဟုတ္ဘူးလို႔လည္း သိရပါတယ္။