လမ်းပတ်နေရာ ဆက်ခံနိုင်စွမ်း ရှိသူလို့ သက်သေပြ ယှဉ်နိုင်တဲ့ မောင့်ရဲ့ အချက်အလက် ထွက်ပေါ်လာ
ချယ်ဆီးအကယ်ဒမီ ကြယ်ပွင့်လေး မေဆန်မောင့် ဟာ ဆရာရင်း ဖြစ်သူ နည်းပြ လမ်းပတ်ရဲ့ နေရာ ဆက်ခံပြီး ချယ်ဆီးကွင်းလယ်မှာ တောက်ပလာနိုင်သူလေး အဖြစ် ထင်ကြေးပေးခြင်း ခံရသူပါ။ မောင့်ရဲ့ စွမ်းဆောင်ရည်က ချယ်ဆီး ဂန္တဝင် တစ်ဦး ဖြစ်တဲ့ လမ်းပတ်ရဲ့ ပရီးမီးယားလိဂ် ပထမရာသီပြည့် ကစားချိန်က မှတ်တမ်းတွေနဲ့ ကောင်းကောင်း ယှဉ်နိုင်ကြောင်း အချက်အလက်တချို့ ထွက်ပေါ်လာပါတယ်။
လက်ရှိ ဘောလုံးရာသီက မေဆန်မောင့်ရဲ့ ချယ်ဆီးနဲ့ အတူ ပရီးမီးယားလိဂ်မှာ စတင် ပွဲထွက်ခွင့်ရတ့ ဘောလုံးရာသီ ဖြစ်ပြီး မောင့်ဟာ အရည်အချင်း ရှိ ကွင်းလယ် တစ်ဦး ဖြစ်ကြောင်း စတန်းဖို့ ဘရစ်ချ်မျာ အဓိက အသင်းသား တစ်ဦး အဖြစ် ပါဝင် သက်သေပြနေပါတယ်။
အသက် ၂၁ နှစ် အရွယ် အင်္ဂလန်သားဟာ ၎င်းရဲ့ ပွဲဦးထွက် ရာသီ သွင်းဂိုးက လမ်းပတ်ရဲ့ ပထမရာသီ ဝက်စ်ဟမ်းနဲ့ စတင် ကစားစဉ်ကထက် သာလွန်နေတာ တွေ့ရပါတယ်။
မောင့်က လက်ရှိ ပွဲဦးထွက်ရာသီမှာ ၆ ဂိုး သွင်းယူထားပါတယ်။ ဒီရာသီ ပြိုင်ပွဲစုံ ၄၁ ပွဲ ချယ်ဆီးနဲ့ အတူ ပါဝင်ကစားထားတဲ့ မောင့်ဟာ သွင်းဂိုးတွေကတော့ ပရီးမီးယားလိဂ်မှာချည်း သွင်းခဲ့တာ ဖြစ်နေပါတယ်။
ဖရန့်လမ်းပတ်ရဲ့ ပရီးမီးယားလိဂ် ပထမ ၆ ရာသီ သွင်းဂိုးတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။
  • 1997/98: 5 goals
  • 1998/99: 5 goals
  • 1999/00: 7 goals
  • 2000/01: 7 goals
  • 2001/02: 5 goals
  • 2002/03: 6 goals
လက်ရှိ ဘောလုံးရာသီက မေဆန်မောင့်ရဲ့ ချယ်ဆီးနဲ့ အတူ ပရီးမီးယားလိဂ်မှာ စတင် ပွဲထွက်ခွင့်ရတ့ ဘောလုံးရာသီ ဖြစ်ပြီး မောင့်ဟာ အရည်အချင်း ရှိ ကွင်းလယ် တစ်ဦး ဖြစ်ကြောင်း စတန်းဖို့ ဘရစ်ခ်ျမျာ အဓိက အသင်းသား တစ်ဦး အဖြစ် ပါဝင် သက်သေပြနေပါတယ်။
အသက် ၂၁ နှစ် အရွယ် အင်္ဂလန်သားဟာ ၄င်းရဲ့ ပွဲဦးထွက် ရာသီ သွင်းဂိုးက လမ်းပတ်ရဲ့ ပထမရာသီ ၀က်စ်ဟမ်းနဲ့ စတင် ကစားစဉ်ကထက် သာလွန်နေတာ တွေ့ရပါတယ်။