ကွင်းပိတ်ကစားစေမယ့် အစီအစဉ်အဖြစ် ပရီးမီးယားလိဂ်ကို ပြန်လည် စတင်တော့မည်

ပရီးမီးယားလိဂ် ပွဲစဉ်တွေကို မကြာခင်မှာပဲ ပြန်စတင်တော့မှာဖြစ်ပြီး ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ထံ လက်ကျန် ၉၂ ပွဲလုံး ကစားနိုင်ဖို့အား တင်ပြထားပြီလို့ သိရပါတယ်။

ဘောလုံးပွဲတွေကိုတော့ ကွင်းပိတ် ကစားရမှာဖြစ်သလို အတည်ပြုတဲ့ ကွင်းတွေမှာပဲ ယှဉ်ပြိုင်ရမှာပါ။ ဒါအတွက် ဗြိတိန်အစိုးရထံက ခွင့်ပြုမိန့်ကို အရင်ဆုံး စောင့်ရမှာဖြစ်တယ်။ အင်္ဂလန်ဘောလုံးလိဂ်တွေထဲမှာ ပရီးမီးယားလိဂ်ကို အရင်ဆုံး စမှာဖြစ်ကာ ကစားသမားတွေနဲ့ ဝန်ထမ်းတွေက ကိုရိုနာ စစ်ဆေးမှုကို ပုံမှန် ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ဥရောပတစ်လွှားမှာ အခြေအနေတွေက မတူညီပဲ ဘယ်ဂျီယံနဲ့ နယ်သာလန်တို့ကတော့ ဘောလုံးရာသီတွေကို ရပ်ဆိုင်းလိုက်ကြပါပြီ။ ဒါပေမယ့် ဂျာမနီကတော့ မေလ ၉ ရက်နေ့မှာ ဘောလုံးပွဲတွေ ပြန်စတင်မှာဖြစ်တယ်။ ဥရောပလိဂ်တွေက ကိုယ်ကိုင်တွယ်နိုင်သလောက် အကောင်းဆုံး လုပ်ဆောင်မှုတွေကို လုပ်နေကြာ ပရီးမီးယားလိဂ်ကတော့ ပြန်စဖို့ကို ရွှေးချယ်လာခြင်း ဖြစ်ပါတယ်။

အင်္ဂလန်ပြည်တွင်းမှာတော့ ဘောလုံးပွဲတွေကို ပထမဆုံး ပြန်စတင်မှာက ပရီးမီးယားလိဂ်ဖြစ်ပြီး အခြားသော EFL ပြိုင်ပွဲတွေကတော့ နောက်ကျပြီးမှ ပြန်စနိုင်မယ်လို့ သိရတယ်။ အာဏာပိုင်တွေက ဘောလုံးပွဲတွေ ပြန်မစခင်မှာ ဗြိတိန်ပြည်တွင်း ကိုရိုနာကြောင့် ကူးစက်နှုန်း၊ သေဆုံးနှုန်းတွေ အပါအဝင် စမ်းသပ်မှုတွေကို အရင်ဆုံး လုပ်သွားဦးမှာ ဖြစ်ပါတယ်။

ဗြိတိန်အစိုးရဟာ လက်ရှိ lockdown ကို ပြန်လည် သုံးသပ်မှုအား လာမယ့် မေလ ၇ ရက်နေ့မှာ လုပ်ဆောင်မှာဖြစ်တယ်။ အဆိုပါ သုံးသပ်မှု အပြီးမှာ ဘောလုံးပွဲတွေ ပြန်စဖို့ ကိစ္စကိုပါ ဆုံးဖြတ်ပေးသွားဖို့ ရှိနေပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ပြဲစဥ္ေတြကို မၾကာခင္မွာပဲ ျပန္စတင္ေတာ့မွာျဖစ္ျပီး ျဗိတိန္ဝန္ၾကီးခ်ဳပ္ Boris Johnson ထံ လက္က်န္ ၉၂ ပြဲလံုး ကစားႏုိင္ဖို႔အား တင္ျပထားျပီလို႔ သိရပါတယ္။

ေဘာလံုးပြဲေတြကိုေတာ့ ကြင္းပိတ္ ကစားရမွာျဖစ္သလို အတည္ျပဳတဲ့ ကြင္းေတြမွာပဲ ယွဥ္ျပိဳင္ရမွာပါ။ ဒါအတြက္ ျဗိတိန္အစိုးရထံက ခြင့္ျပဳမိန္႔ကို အရင္ဆံုး ေစာင့္ရမွာျဖစ္တယ္။ အဂၤလန္ေဘာလံုးလိဂ္ေတြထဲမွာ ပရီးမီးယားလိဂ္ကို အရင္ဆံုး စမွာျဖစ္ကာ ကစားသမားေတြနဲ႔ ဝန္ထမ္းေတြက ကိုရိုနာ စစ္ေဆးမႈကို ပံုမွန္ ျပဳလုပ္ရမွာ ျဖစ္ပါတယ္။

ဥေရာပတစ္လႊားမွာ အေျခအေနေတြက မတူညီပဲ ဘယ္ဂ်ီယံနဲ႔ နယ္သာလန္တို႔ကေတာ့ ေဘာလံုးရာသီေတြကို ရပ္ဆိုင္းလိုက္ၾကပါျပီ။ ဒါေပမယ့္ ဂ်ာမနီကေတာ့ ေမလ ၉ ရက္ေန႔မွာ ေဘာလံုးပြဲေတြ ျပန္စတင္မွာျဖစ္တယ္။ ဥေရာပလိဂ္ေတြက ကိုယ္ကိုင္တြယ္ႏုိင္သေလာက္ အေကာင္းဆံုး လုပ္ေဆာင္မႈေတြကို လုပ္ေနၾကာ ပရီးမီးယားလိဂ္ကေတာ့ ျပန္စဖို႔ကို ေရႊးခ်ယ္လာျခင္း ျဖစ္ပါတယ္။

အဂၤလန္ျပည္တြင္းမွာေတာ့ ေဘာလံုးပြဲေတြကို ပထမဆံုး ျပန္စတင္မွာက ပရီးမီးယားလိဂ္ျဖစ္ျပီး အျခားေသာ EFL ျပိဳင္ပြဲေတြကေတာ့ ေနာက္က်ျပီးမွ ျပန္စႏုိင္မယ္လို႔ သိရတယ္။ အာဏာပိုင္ေတြက ေဘာလံုးပြဲေတြ ျပန္မစခင္မွာ ျဗိတိန္ျပည္တြင္း ကိုရိုနာေၾကာင့္ ကူးစက္ႏႈန္း၊ ေသဆံုးႏႈန္းေတြ အပါအဝင္ စမ္းသပ္မႈေတြကို အရင္ဆံုး လုပ္သြားဦးမွာ ျဖစ္ပါတယ္။

ျဗိတိန္အစိုးရဟာ လက္ရွိ lockdown ကို ျပန္လည္ သံုးသပ္မႈအား လာမယ့္ ေမလ ၇ ရက္ေန႔မွာ လုပ္ေဆာင္မွာျဖစ္တယ္။ အဆိုပါ သံုးသပ္မႈ အျပီးမွာ ေဘာလံုးပြဲေတြ ျပန္စဖို႔ ကိစၥကိုပါ ဆံုးျဖတ္ေပးသြားဖို႔ ရွိေနပါတယ္။