လိုင်လီကနေ အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့စဉ်က ချယ်ဆီးကို ရွေးချယ်ခဲ့ခြင်းအား ဟာဇက် ရှင်းပြ
၂၀၁၂ ခုနှစ်မှာ လိုင်လီအသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့စဉ် ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းကို ဘာလို့ ရွှေးချယ်ခဲ့သလဲကို အီဒင်ဟာဇက်က ဘယ်ဂျီယံသတင်းဌာနကို ဖြေဆိုမှု လုပ်ပေးသွားပါတယ်။
၂၀၁၂ ခုနှစ်မှာ ချယ်ဆီးကို ပြောင်းလာဖို့ ဒရော့ဘာရဲ့ သက်ရောက်မှုကလည်း ရှိခဲ့ပြီး ဒါအတွက်လည်း ဟာဇက်က ကျေးဇူးတင်တယ်။ ချယ်ဆီးကစားသမားဘဝ ပရီးမီးယားလိဂ်ပွဲ ၂၄၅ ပွဲမှာ သွင်းဂိုး ၈၅ ဂိုး ရခဲ့တဲ့ ဟာဇက်က ချယ်ဆီးကို ပြောင်းခဲ့တဲ့ နောက်ထပ် အကြောင်းရင်းကို အခုလို ပြောပြခဲ့ပါတယ်။
” ချယ်ဆီးမှာ အခြေကျဖို့ လွယ်မယ်ဆိုတာ ကျနေ်ာ နားလည်ခဲ့တယ်။ လန်ဒန်က အိမ်နဲ့ နီးသလို လိုင်လီနဲ့လည်း သိပ် မဝေးပါဘူး။ ဒီဘရိုင်းရှိတယ်၊ လူကာကူလည်း ရှိတယ်လေ။ အဲ့မှာ ပြင်သစ်စကားပြောနိုင်တဲ့ သူတွေရှိတယ်။ ကစားချိန် လုံလုံလောက်လောက် ရမယ်ဆိုတာကိုလည်း သိခဲ့တယ် ” ဟာဇက်က ရှင်းပြသွားတာဖြစ်တယ်။
အီဒင်ဟာဇက်ဟာ မနှစ်က ဇွန်လအစောပိုင်းမှာ ချယ်ဆီးကနေ သူ့ရဲ့အိပ်မက် အသင်းဖြစ်တဲ့ ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့သွားပြီး ကြီးမားလှတဲ့ ဘာနေဗျူးကွင်းကြီးထဲမှာ များပြားလှတဲ့ ရီးရဲမက်ဒရစ် ပရိသတ်ပေါင်း ငါးသောင်းကျော်ရဲ့ ရှေ့မှောက်မှာ မိတ်ဆက်ပေးခံခဲ့ရပါတယ်။
ဟာဇက်က ချယ်ဆီးကနေ ထွက်ခွာပြီးမှာ ချယ်ဆီးအသင်းရဲ့ WhatsApp group မှာပဲ အသင်းဖော်တွေကို ‘ကျေးဇူးတင်ပါတယ်၊ မင်းတို့ အားလုံးကို ငါချစ်ပါတယ်’ လို့ မက်ဆေ့ပို့ခဲ့ကာ ဂရုကနေ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။
ZAWGYI