ဂျိုးကိုး၊ ဟာဇက်လို အရည်အချင်းရှိသူလို့ အက်စတွန်ဗီလာ အသင်းသားကို တယ်ရီ နှိုင်းယှဉ်

အက်စတွန်ဗီလာ လက်ထောက်နည်းပြ ဂျွန်တယ်ရီက ၎င်းအသင်း ကွင်းလယ်လူ ဂရီလစ်ဟာ အရမ်းကို လျှင်မြန်လွန်းသူဖြစ်ပြီး အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဟာဇက်၊ ဂရီလစ်လို အရည်အချင်း ရှိသူလို့ နှိုင်းယှဉ် ပြောဆိုပါတယ်။

အင်္ဂလန်သား ကွင်းလယ် ဖန်တီးရှင်ကို ယူနိုက်တက်၊ ချယ်ဆီး၊ မန်စီးတီးတို့က စိတ်ဝင်စားကြောင်း သတင်းတွေ ထွက်ပေါ်ထားခဲ့ပေမယ့် သူ့ကို ကမ်းလှမ်းမှု လုပ်တဲ့အထဲမှာ ချယ်ဆီးက ပါဝင်သွားဖွယ် မရှိတော့ဘူးလို့ သိထားရတာဖြစ်တယ်။ တယ်ရီက ဂရီလစ်ရဲ့ ကောင်းကွက်တွေကို ထုတ်ပြောလိုက်တာက အသင်းဟောင်းကို သတိပေးခြင်းလားဆိုတာတော့ မသိနိုင်တာဖြစ်ပါတယ်။

တယ်ရီက “ သူဟာ ဂျိုးကိုး၊ ဟာဇက်တို့နဲ့ တူညီတဲ့ အရည်အချင်းရှိတယ်လို့ မြင်ပါတယ်။ သူက ဂျိုးကိုးလိုပဲ ပင်ကိုယ် အရည်အချင်းရှိသူဖြစ်တယ်။ ဘုရားသခင်က သူ့ကို အရည်အချင်းကောင်းတွေ ပေးထားပြီး လူအများကြီးက သူ့ရထားတဲ့ လက်ဆောင်ကောင်းမျိုးတွေကို ချီးမြင့်ခြင်း ခံခဲ့ရတာမျိုး မဟုတ်ပါဘူး။

ပြိုင်ဘက်တွေကို သူကျော်ဖြတ်သွားသလို နည်းလမ်းမျိုးက သူဘယ်လောက် မြန်သလဲဆိုတာဖြစ်ပြီး ဒါကို လူတိုင်း သိကြတာ မဟုတ်ပါဘူး။ သူ့ဘာသာတောင်မှ သူဘယ်လောက်ထိ မြန်သလဲဆိုတာ သိမယ်လို့ မထင်ပါဘူး။ တကယ်ကို ထူးချွန်လွန်းတဲ့ အရည်အချင်းရှိပြီး ချန်ပီယံရှစ်မှာ ပြစ်ဒဏ်ဘောတွေ အများကြီး အနိုင်ရခဲ့သလိုပဲ ပရီးမီးယားလိဂ်မှာ တူညီစွာ လုပ်ဆောင်နိုင်ပါတယ်။

လူတွေက ဂရီလစ်ကို ဘယ်လို ရပ်တန့်ရမလဲ ဆိုတာကို သေချာ သိကြတာ မဟုတ်ပါဘူး ” လို့ ချီးကျူးပြောဆိုသွားတာ ဖြစ်ပါတယ်။

ZAWGYI

အက္စတြန္ဗီလာ လက္ေထာက္နည္းျပ ဂၽြန္တယ္ရီက ၄င္းအသင္း ကြင္းလယ္လူ ဂရီလစ္ဟာ အရမ္းကို လွ်င္ျမန္လြန္းသူျဖစ္ျပီး အသင္းေဖာ္ေဟာင္းေတြျဖစ္တဲ့ ဟာဇက္၊ ဂရီလစ္လို အရည္အခ်င္း ရွိသူလို႔ ႏိႈင္းယွဥ္ ေျပာဆိုပါတယ္။

အဂၤလန္သား ကြင္းလယ္ ဖန္တီးရွင္ကို ယူႏုိက္တက္၊ ခ်ယ္ဆီး၊ မန္စီးတီးတို႔က စိတ္ဝင္စားေၾကာင္း သတင္းေတြ ထြက္ေပၚထားခဲ့ေပမယ့္ သူ႔ကို ကမ္းလွမ္းမႈ လုပ္တဲ့အထဲမွာ ခ်ယ္ဆီးက ပါဝင္သြားဖြယ္ မရွိေတာ့ဘူးလို႔ သိထားရတာျဖစ္တယ္။ တယ္ရီက ဂရီလစ္ရဲ႕ ေကာင္းကြက္ေတြကို ထုတ္ေျပာလိုက္တာက အသင္းေဟာင္းကို သတိေပးျခင္းလားဆိုတာေတာ့ မသိႏုိင္တာျဖစ္ပါတယ္။

တယ္ရီက “ သူဟာ ဂ်ိဳးကိုး၊ ဟာဇက္တို႔နဲ႔ တူညီတဲ့ အရည္အခ်င္းရွိတယ္လို႔ ျမင္ပါတယ္။ သူက ဂ်ိဳးကိုးလိုပဲ ပင္ကိုယ္ အရည္အခ်င္းရွိသူျဖစ္တယ္။ ဘုရားသခင္က သူ႔ကို အရည္အခ်င္းေကာင္းေတြ ေပးထားျပီး လူအမ်ားၾကီးက သူ႔ရထားတဲ့ လက္ေဆာင္ေကာင္းမ်ိဳးေတြကို ခ်ီးျမင့္ျခင္း ခံခဲ့ရတာမ်ိဳး မဟုတ္ပါဘူး။

ျပိဳင္ဘက္ေတြကို သူေက်ာ္ျဖတ္သြားသလို နည္းလမ္းမ်ိဳးက သူဘယ္ေလာက္ ျမန္သလဲဆိုတာျဖစ္ျပီး ဒါကို လူတိုင္း သိၾကတာ မဟုတ္ပါဘူး။ သူ႔ဘာသာေတာင္မွ သူဘယ္ေလာက္ထိ ျမန္သလဲဆိုတာ သိမယ္လို႔ မထင္ပါဘူး။ တကယ္ကို ထူးခၽြန္လြန္းတဲ့ အရည္အခ်င္းရွိျပီး ခ်န္ပီယံရွစ္မွာ ျပစ္ဒဏ္ေဘာေတြ အမ်ားၾကီး အႏုိင္ရခဲ့သလိုပဲ ပရီးမီးယားလိဂ္မွာ တူညီစြာ လုပ္ေဆာင္ႏုိင္ပါတယ္။

လူေတြက ဂရီလစ္ကို ဘယ္လို ရပ္တန္႔ရမလဲ ဆုိတာကို ေသခ်ာ သိၾကတာ မဟုတ္ပါဘူး ” လို႔ ခ်ီးက်ဴးေျပာဆိုသြားတာ ျဖစ္ပါတယ္။