လူကာကူ လက်သစ် တိုက်စစ်မှူးကို အက်သလက်တီကိုနဲ့ အပြိုင်ခေါ်ရန် ချယ်ဆီးပြင်ဆင်

ချယ်ဆီးအသင်းဟာ လူကာကူနဲ့ ကစားပေါက် ဆင်တူတဲ့ စတုတ်စီးတီး လူငယ်တိုက်စစ်မူှး မိုဟာမက်ဆန်ကို ကို ခေါ်ယူရန် ပြင်ဆင် နေပါတယ်။ ဆန်ကို ကို အက်သလက်တီကို မက်ဒရစ်ကလည်း စောင့်ကြည့်နေတာ ဖြစ်လို့ ချယ်ဆီး အနေနဲ့ အပြိုင် ကြိုးစားရဖွယ် ရှိပါတယ်။

ဆန်ကိုဟာ ဒီရာသီ ချန်ပီယံရှစ် U18 လယ်ဗယ်တန်းမှာ ၉ ဂိုးသွင်း ၉ဂိုး ဖန်တီးကာ ခြေစွမ်းပြနေပြီး အသင်း အကယ်ဒမီမှာ အတောက်ပဆုံး ကြယ်ပွင့်ဖြစ်ပါတယ်။ ဆန်ကိုက ၂၀၁၉ မှာ နယ်သာလန်အသင်းနဲ့ အတူ ယူ ၁၇ ချန်ပီယံရှစ်မှာလည်း အောင်မြင်မှု ရရှိခဲ့ပါတယ်။

ချယ်ဆီးအသင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ဟာ အသက် ၁၆နှစ် အရွယ် တိုက်စစ်မှူးနဲ့ ချိတ်ဆက်ပြောဆိုမှုတွေ စတင် ထားပါတယ်။ ချယ်ဆီး၊ ယူနိုက်တက် တိုက်စစ်မှူးဟောင်း လူကာကူနဲ့ နှိုင်းယှဉ်ပြောဆိုခြင်း ခံရတဲ့ တိုက်စစ်မှူး ဆာကိုဟာ အသင်းကြီးတွေရဲ့ မျက်စိကျမှု ခံယူနေရပါတယ်။

ဆန်ကိုက ချယ်ဆီးအသင်းထံ သွားဖြစ်ခဲ့ရင် စီနီယာအသင်းကြီးမှာတော့ နေရာ ရဦးမှာ မဟုတ်ဘဲ အကယ်ဒမီမှာပဲ ဝင်ရောက် ကစားရဦးမှာ ဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ အလားအလာရှိ လူငယ် ကစားသမားတွေကိုလည်း တောက်လျောက် ချိတ်ဆက် ခေါ်ယူမှုတွေ ပြုလုပ်နေပါတယ်။

နည်းပြလမ်းပတ်ရဲ့ အသင်းမှာ လူငယ်သွေးသစ် ကစားသမားတွေကို နေရာပေးနေတာကြောင့် ဆန်ကို အနေနဲ့ ချယ်ဆီးကို ရွေးချင်ခဲ့ရင် နှစ် အနည်းငယ် အတွင်း အသင်းကြီး လူစာရင်းမှာ ပါဝင်ဖို့ တံခါးခေါက်လာနိုင်ဖွယ် ရှိပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ လူကာကူနဲ႕ ကစားေပါက္ ဆင္တူတဲ့ စတုတ္စီးတီး လူငယ္တိုက္စစ္မဴွး မိုဟာမက္ဆန္ကို ကို ေခၚယူရန္ ျပင္ဆင္ ေနပါတယ္။ ဆန္ကို ကို အက္သလက္တီကို မက္ဒရစ္ကလည္း ေစာင့္ၾကည့္ေနတာ ျဖစ္လို႔ ခ်ယ္ဆီး အေနနဲ႕ အျပိဳင္ ၾကိဳးစားရဖြယ္ ရွိပါတယ္။

ဆန္ကိုဟာ ဒီရာသီ ခ်န္ပီယံရွစ္ U18 လယ္ဗယ္တန္းမွာ ၉ ဂိုးသြင္း ၉ဂိုး ဖန္တီးကာ ေျခစြမ္းျပေနျပီး အသင္း အကယ္ဒမီမွာ အေတာက္ပဆုံး ၾကယ္ပြင့္ျဖစ္ပါတယ္။ ဆန္ကိုက ၂၀၁၉ မွာ နယ္သာလန္အသင္းနဲ႕ အတူ ယူ ၁၇ ခ်န္ပီယံရွစ္မွာလည္း ေအာင္ျမင္မႈ ရရွိခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းနဲ႕ အက္သလက္တီကို မက္ဒရစ္အသင္းတို႔ဟာ အသက္ ၁၆ႏွစ္ အ႐ြယ္ တိုက္စစ္မွဴးနဲ႕ ခ်ိတ္ဆက္ေျပာဆိုမႈေတြ စတင္ ထားပါတယ္။ ခ်ယ္ဆီး၊ ယူနိုက္တက္ တုိက္စစ္မွဴးေဟာင္း လူကာကူနဲ႕ ႏိႈင္းယွဥ္ေျပာဆိုျခင္း ခံရတဲ့ တိုက္စစ္မွဴး ဆာကိုဟာ အသင္းၾကီးေတြရဲ႕ မ်က္စိက်မႈ ခံယူေနရပါတယ္။

ဆန္ကိုက ခ်ယ္ဆီးအသင္းထံ သြားျဖစ္ခဲ့ရင္ စီနီယာအသင္းၾကီးမွာေတာ့ ေနရာ ရဦးမွာ မဟုတ္ဘဲ အကယ္ဒမီမွာပဲ ၀င္ေရာက္ ကစားရဦးမွာ ျဖစ္ပါတယ္။ ခ်ယ္ဆီးအသင္းဟာ အလားအလာရွိ လူငယ္ ကစားသမားေတြကိုလည္း ေတာက္ေလ်ာက္ ခ်ိတ္ဆက္ ေခၚယူမႈေတြ ျပဳလုပ္ေနပါတယ္။

နည္းျပလမ္းပတ္ရဲ႕ အသင္းမွာ လူငယ္ေသြးသစ္ ကစားသမားေတြကို ေနရာေပးေနတာေၾကာင့္ ဆန္ကို အေနနဲ႕ ခ်ယ္ဆီးကို ေရြးခ်င္ခဲ့ရင္ နွစ္ အနည္းငယ္ အတြင္း အသင္းၾကီး လူစာရင္းမွာ ပါ၀င္ဖို႔ တံခါးေခါက္လာနုိင္ဖြယ္ ရွိပါတယ္။