ချယ်ဆီးအသင်းရဲ့ လုပ်ရိုးလုပ်စဉ်တွေ အပေါ် သတိပေးစကား ဆိုလိုက်တဲ့ ဂျော်ဂျင်ဟို
ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ ပြန်လည်စိန်ခေါ်နိုင်တဲ့ အသင်းကောင်း ဖြစ်ဖို့ဆိုရင် လုပ်ခဲ့တဲ့ အမှားတွေကနေ သင်ခန်းစာ ယူဖို့ လိုအပ်တယ်လို့ ကွင်းလယ် ကစားသမား ဂျော်ဂျင်ဟိုက ယုံကြည်နေပါတယ်။
ဂျော်ဂျင်ဟိုဟာ ချယ်ဆီးအသင်းနဲ့ အတူ ပြီးခဲ့တဲ့ ရာသီက ယူရိုပါလိဂ်ဖလား ကိုင်မြျောက် အောင်ပွဲခံခဲ့ပြီး ဒီတလောရာသီတွေမှာ ချယ်ဆီးအသင်းက အပြောင်းအလဲ များစွာ ပြုလုပ်ခဲ့တဲ့ အပေါ် သတိပေးစကား ဆိုလိုခြင်း ဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ လေးနှစ် အတွင်း နည်းပြ ၃ ယောက်ထိ ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။
နည်းပြ ဆာရီနဲ့ ပြိုင်တူလိုလို ဇူလိုင် ၂၀၁၈ မှာ ချယ်ဆီးအသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၅၇ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဂျော်ဂျင်ဟိုက ဆရာရင်း ဆာရီ အသင်းကနေ ထွက်ခွာသွားသည့်တိုင် လမ်းပတ်ရဲ့ ချယ်ဆီးအသင်းမှာ ဆက်လက် နေရာရနေဆဲ ဖြစ်ပါတယ်။
” ဘောလုံးရာသီ စတယ် ဆိုတာနဲ့ ကျနော်တို့ အစွမ်းကုန် ကြိုးစားခဲ့ကြတာကြောင် အများ မျှော်လင့်ထားတာထက် သာလွန်တဲ့ အနေအထားမှာ ကျနော်တို့ ရပ်တည်နိုင်ခဲ့တယ်။ ကျနေ်ာတို့က အရမ်း မြန်မြန် လုပ်သြလို မျှော်လင့်ချက်တွေကလည်း ဒီလို ဆက်လုပ်ဖို့ တွန်းအားပေး ခံထားရတာပါ။ အမှန်တိုင်း ပြောရရင် ကျနော်တို့ ဒီအတွက် အသင့် မဖြစ်သေးဘူး။
ကစားသမားတွေ အများကြီး အပြောင်းအလဲ လုပ်တာ၊ နည်းပြတွေ အပြောင်းအလဲ လုပ်တာ စသဖြင့်ပေါ့။ ဒါတောင် လူငယ်တွေ အကြောင်း မပြောသေးဘူး။ ဒီနှစ်မှာ လူငယ် ကစားသမားတွေ အများကြီး ဝင် ကစားရတယ်။ ဒီလို အနေအထားမှာ အမှားတွေ လုပ်မိတယ်ဆိုတာ ပုံမှန်ပဲ။ ကျနော်တို့ အနေနဲ့ ဒီ အမှားအယွင်းတွေကနေ သင်ယူကြရမယ်။
ပွင့်ပွင့်လင်းလင်း ပြောရရင် တခါတလေ အုပ်စုလိုက် အတွေ့အကြုံပိုင်း လိုအပ်နေတာ၊ ပွဲကို နားလည်ရမယ့် အပိုင်းတွေ စသဖြင့်ပေါ့။ တခါတလေ တိုက်စစ်ပြီးရင်း တိုက်စစ် တိုက်စစ်လို့ ထွက် ကစားနေလို့ မရဘူး။ တခါတလေ ပွဲကို နည်းနည်း ထိန်းထားဖို့ လိုအပ်တယ်။ ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေပေါ့။ ကျနေ်ာကတော့ ဒါတွေ အသားကျဖို့ အချိန် အတိုင်းအတာ တစ်ခုလိုမယ် ထင်ပါတယ်။ ” လို့ ဂျော်ဂျင်ဟိုက သုံးသပ် ပြောဆိုခဲ့ပါတယ်။
ဂျော်ဂျင်ဟိုကို နည်းပြ ဆာရီ ရှိတဲ့ ဂျူဗင်တပ်က ခေါ်ယူလိုတယ် သတင်းထွက်နေပေမယ့် ကစားသမားကတော့ လန်ဒန်မှာ ပျော်ရွှင်နေပြီး အသင်းပြောင်းဖို့ မရှိကြောင်း ၎င်း အေးဂျင့်က အတည်ပြု ပြောဆိုထားပါတယ်။
Zawgyi – ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ ပြန်လည်စိန်ခေါ်နိုင်တဲ့ အသင်းကောင်း ဖြစ်ဖို့ဆိုရင် လုပ်ခဲ့တဲ့ အမှားတွေကနေ သင်ခန်းစာ ယူဖို့ လိုအပ်တယ်လို့ ကွင်းလယ် ကစားသမား ဂျော်ဂျင်ဟိုက ယုံကြည်နေပါတယ်။
ဂျော်ဂျင်ဟိုကို နည်းပြ ဆာရီ ရှိတဲ့ ဂျူဗင်တပ်က ခေါ်ယူလိုတယ် သတင်းထွက်နေပေမယ့် ကစားသမားကတော့ လန်ဒန်မှာ ပျော်ရွှင်နေပြီး အသင်းပြောင်းဖို့ မရှိကြောင်း ၄င်း အေးဂျင့်က အတည်ပြု ပြောဆိုထားပါတယ်။