အင်္ဂလန်အသင်းဖော် ဆန်ချို ချယ်ဆီး ပြောင်းလာစေချင်ကြောင်း ကြိုဆိုလိုက်တဲ့ အိုဒွိုင်း

ချယ်ဆီး တိုက်စစ်သမား အိုဒွိုင်းကတော့ အသင်း ပစ်မှတ်ထားနေတဲ့ ဒေါ့မွန်တိုက်စစ် ကြယ်ပွင့် အင်္ဂလန်အသင်းဖော် ဂျေဒန် ဆန်ချို စတန်းဖို့ဘရစ်ချ်သို့ ရောက်လာစေချင်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဆန်ချိုကို ချယ်ဆီးအသင်း အပါအဝင် ဥရောပ ထိပ်သီးကလပ် တော်တော်များများက စိတ်ဝင်စားနေပြီး အင်္ဂလန်သားကတော့ မွေးရပ်မြေသို့ ပြန်လာ စကားလိုနေပါတယ်။ ဆန်ချိုကို လောလောဆယ် ချိတ်ဆက်နေကြတာကတော့ ချယ်ဆီး၊ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့ ဖြစ်ပါတယ်။

အိုဒွိုင်းဟာ နိူင်ငံအသင်းမှာ တောင်ပံကစားသမား ဆန်ချိုရဲ့ အရည်အချင်းကို အနီးကပ် တွေ့မြင်ခဲ့ရသလို အတူတူ ကစားဖို့ သူတို့ နှစ်ယောက်လုံး အမြဲ အလိုရှိခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်နဲ့ ဆန်ချိုက အတော်လေး ရင်းနှီးတယ်၊ အမြဲတမ်း စကားပြောကြပြီး တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုရှိတယ် ဘယ်လို ကစားတယ်ဆိုတာ အမြဲ ပြောဖြစ် တွေ့ဖြစ် နေရတယ်၊ ကျွန်တော်တို့ နှစ်ယောက်လုံး ကလပ်တွေမှာ ကောင်းကောင်း ကစားနေတယ်၊ သူက တကယ့် ဂရိတ် ကစားသမားပါ၊ သူနဲ့တွဲကစားရတာကို နှစ်သက်ပါတယ်။

အင်္ဂလန်အတွက် အသက်တန်း အားလုံးမှာ ကျွန်တော်တို့ တူတူကစားလာခဲ့တာပါ၊ ဒါကြောင့် ချိတ်ဆက်မှု ရှိပြီးသားဖြစ်တယ်၊ တစ်ခါတစ်လေ လူငယ်ဖလားပွဲတွေမှာ သူ့နဲ့ ပြိုင်ဘက်အဖြစ် ကစားခဲ့ရတယ်၊ အင်္ဂလန်အတွက် အတူတူကစားရတယ်၊ တစ်ယောက်နဲ့ တစ်ယောက်က တွဲကစားရတာကို အမြဲသဘောကျခဲ့တယ်၊

သူ ချယ်ဆီးအသင်းဆီ လာမလားဆိုတာ ကျွန်တော်မသိဘူး၊ ဒီကို လာမယ်ဆိုရင်တော့ ကျွန်တော် သဘောကျတာပေါ့၊ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ တွဲဖက်မှုရှိခဲ့ပြီး ကျွန်တော်တို့ရဲ့ ကစားပုံက အံ့ဩစရာကောင်းပါတယ်၊ သူ လာမယ်ဆိုရင် ချိတ်ဆက်မှုတွေက ရှိနေဦးမှာပါ။” လို့ အိုဒွိုင်းက ဆိုခဲ့ပါတယ်။

ဒေါ့မွန်ဟာ နွေအပြောင်းအရွှေ့ကာလ မတိုင်ခင် ဘောလုံးပွဲများ မနားခင်က ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ လို့ ဈေး သတ်မှတ်ထား ပါတယ်။ အသက် ၂၀ အရွယ် အင်္ဂလန်သားဟာ ဒီရာသီမှာ ဒေါ့မွန် အတွက် ပြိုင်ပွဲစုံ ၁၇ ဂိုး သွင်းပြီး ၁၉ ကြိမ် ဂိုးဖန်တီး ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။

Zawgyi – ခ်ယ္ဆီး တိုက္စစ္သမား အိုဒြိဳင္းကေတာ့ အသင္း ပစ္မွတ္ထားေနတဲ့ ေဒါ့မြန္တိုက္စစ္ ၾကယ္ပြင့္ အဂၤလန္အသင္းေဖာ္ ေဂ်ဒန္ ဆန္ခ်ိဳ စတန္းဖို႔ဘရစ္ခ်္သို႔ ေရာက္လာေစခ်င္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ဆန္ခ်ိဳကို ခ်ယ္ဆီးအသင္း အပါအ၀င္ ဥေရာပ ထိပ္သီးကလပ္ ေတာ္ေတာ္မ်ားမ်ားက စိတ္၀င္စားေနျပီး အဂၤလန္သားကေတာ့ ေမြးရပ္ေျမသို႔ ျပန္လာ စကားလိုေနပါတယ္။ ဆန္ခ်ိဳကို ေလာေလာဆယ္ ခ်ိတ္ဆက္ေနၾကတာကေတာ့ ခ်ယ္ဆီး၊ ယူနိုက္တက္နဲ႕ ရီးရဲလ္မက္ဒရစ္တို႔ ျဖစ္ပါတယ္။

အိုဒြိဳင္းဟာ ႏိူင္ငံအသင္းမွာ ေတာင္ပံကစားသမား ဆန္ခ်ိဳရဲ႕ အရည္အခ်င္းကို အနီးကပ္ ေတြ႕ျမင္ခဲ့ရသလို အတူတူ ကစားဖို႔ သူတို႔ နွစ္ေယာက္လံုး အၿမဲ အလိုရွိခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

“ကြၽန္ေတာ္နဲ႔ ဆန္ခ်ိဳက အေတာ္ေလး ရင္းႏွီးတယ္၊ အၿမဲတမ္း စကားေျပာၾကၿပီး တစ္​ေယာက္နဲ႔ တစ္ေယာက္ ဘယ္လိုရွိတယ္ ဘယ္လို ကစားတယ္ဆိုတာ အၿမဲ ေျပာျဖစ္ ေတြ႕ျဖစ္ ေနရတယ္၊ ကြၽန္ေတာ္တို႔ နွစ္ေယာက္လုံး ကလပ္ေတြမွာ ေကာင္းေကာင္း ကစားေနတယ္၊ သူက တကယ့္ ဂရိတ္ ကစားသမားပါ၊ သူနဲ႔တြဲကစားရတာကို ႏွစ္သက္ပါတယ္။

အဂၤလန္အတြက္ အသက္တန္း အားလုံးမွာ ကြၽန္ေတာ္တို႔ တူတူကစားလာခဲ့တာပါ၊ ဒါေၾကာင့္ ခ်ိတ္ဆက္မႈ ရွိၿပီးသားျဖစ္တယ္၊ တစ္ခါတစ္ေလ လူငယ္ဖလားပြဲေတြမွာ သူ႔နဲ႔ ၿပိဳင္ဘက္အျဖစ္ ကစားခဲ့ရတယ္၊ အဂၤလန္အတြက္ အတူတူကစားရတယ္၊ တစ္​ေယာက္နဲ႔ တစ္ေယာက္က တြဲကစားရတာကို အၿမဲသေဘာက်ခဲ့တယ္၊

သူ ခ်ယ္ဆီးအသင္းဆီ လာမလားဆိုတာ ကြၽန္ေတာ္မသိဘူး၊ ဒီကို လာမယ္ဆိုရင္ေတာ့ ကြၽန္ေတာ္ သေဘာက်တာေပါ့၊ ကြၽန္ေတာ္တို႔မွာ ေကာင္းမြန္တဲ့ တြဲဖက္မႈရွိခဲ့ၿပီး ကြၽန္ေတာ္တို႔ရဲ႕ ကစားပုံက အံ့ဩစရာေကာင္းပါတယ္၊ သူ လာမယ္ဆိုရင္ ခ်ိတ္ဆက္မႈေတြက ရွိေနဦးမွာပါ။” လို႔ အိုဒြိဳင္းက ဆိုခဲ့ပါတယ္။

ေဒါ့မြန္ဟာ ေႏြအေျပာင္းအေ႐ႊ႕ကာလ မတိုင္ခင္ ေဘာလံုးပြဲမ်ား မနားခင္က ဆန္ခ်ိဳအတြက္ ​ေျပာင္းေ႐ႊ႕ေၾကး ေပါင္ သန္း ၁၀၀ လို႔ ေစ်း သတ္မွတ္ထား ပါတယ္။ အသက္ ၂၀ အရြယ္ အဂၤလန္သားဟာ ဒီရာသီမွာ ေဒါ့မြန္ အတြက္ ျပိဳင္ပြဲစံု ၁၇ ဂိုး သြင္းျပီး ၁၉ ၾကိမ္ ဂိုးဖန္တီး ေထာက္ပံ့မႈ ျပဳလုပ္ထားပါတယ္။