ချယ်ဆီးအသင်းရဲ့ ပစ်မှတ် ခံစစ်မှူးကို ခေါ်ဖို့ ကြားဖြတ်ဝင်လာတဲ့ ပီအက်စ်ဂျီ

လာမယ့် နွေ အပြောင်းအရွှေ့မှာ ချယ်ဆီးအသင်း ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ပေါ်တို ဘယ်စွန် ခံစစ်မှူး အဲလက်စ် တဲလက်စ်ကို ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီက လက်ဦးမှုယူကာ ကြားဖြတ်ဝင်ရောက်ဖို့ ကြိုးစားလာပါတယ်။

ချယ်ဆီးအသင်းဟာ တဲလက်စ်ကို ခေါ်ဖို့ ပြီးခဲ့တဲ့ နွေတည်းက ချိတ်ဆက်နေခဲ့တာ ဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ အသင်း ဘယ်စွန်တွေ ဖြစ်တဲ့ အီမာဆန်၊ အလွန်ဆိုတို့ကို လက်လွှတ်ကာ တဲလက်စ်ကို အရ ခေါ်ယူဖို့ ကြိုးစားလာခဲ့ပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီက ကြားဝင်လာခဲ့ပြီး ပေါ်တိုခံစစ်မှူးကို အမြန်ခေါ်ယူသွားရန် လှုပ်ရှားလာပါတယ်။ ပေါ်တိုကတော့ စာချုပ် နောက်ဆုံးနှစ်ထဲ ရောက်ရှိနေပြီ ဖြစ်တဲ့ တဲလက်စ် အတွက် ကြိုက်ဈေး ရရင် ရောင်းချသွားလိုနေပါတယ်။

ပီအက်စ်ဂျီ အသင်းက ဒီတလောမှာ တဲလက်စ်ကို ခေါ်ယူဖို့ ချိတ်ဆက် လှုပ်ရှားလာခဲ့ပြီး ယူရို ၂၅ သန်းနဲ့ အရင် ခေါ်ယူသွားရန် ပြင်ဆင်လာခဲ့ပါတယ်။ တဲလက်စ်ရဲ့ ခြေစွမ်းအရ ယူရို ၂၅ သန်းကို ပေးအပ်ဖို့ ပီအက်စ်ဂျီဘက်က လက်မတွန့်ဘဲ ဆွေးနွေးမှုတွေလည်း စတင် ထားခဲ့ပါတယ်။

ပေါ်တို အသင်းဘက်ကတော့ ကစားသမားရဲ့ စာချုပ်ပါ ဖျက်သိမ်းကြေး အတိုင်း ယူရို သန်း ၄၀ အလိုရှိနေဆဲ ဖြစ်ပြီး ပီအက်စ်ဂျီကတော့ နှစ်ဘက် ကလပ်အသင်းကြား မျှတတယ် ယူဆတဲ့ ပမာဏနဲ့ စတင် ဆွေးနွေးနေခဲ့တာပါ။ လာမယ့် ရက်ပိုင်း အတွင်းမှာတော့ ဆွေးနွေးမှု အပြီးသတ်နိုင်မယ် မျှော်လင့်ရပြီး ပြင်သစ် သတင်းတွေကတော့ ပီအက်စ်ဂျီ တဲလက်စ်ကို ခေါ်ယူနိုင်မယ် သုံးသပ်နေကြပါတယ်။

ချယ်ဆီး အသင်း အနေနဲ့ ပြည်တွင်းမှာ ကစားသမားတွေနဲ့ လုပ်ခလစာ ညှိနှိုင်းမှုများ လုပ်ဆောင်နေပြီး အပြောင်းအရွှေ့မှာ လက်နှေးသွားမှာကိုလည်း ပရိသတ်တွေက စိုးရိမ်နေကြပါတယ်။

Zawgyi – လာမယ့္ ေႏြ အေျပာင္းအေရႊ႕မွာ ခ်ယ္ဆီးအသင္း ေခၚယူဖို႔ ပစ္မွတ္ထားေနတဲ့ ေပၚတို ဘယ္စြန္ ခံစစ္မွဴး အဲလက္စ္ တဲလက္စ္ကို ျပင္သစ္ အင္အားၾကီးကလပ္ ပီအက္စ္ဂ်ီက လက္ဦးမႈယူကာ ၾကားျဖတ္၀င္ေရာက္ဖို႔ ၾကိဳးစားလာပါတယ္။

ခ်ယ္ဆီးအသင္းဟာ တဲလက္စ္ကို ေခၚဖို႔ ျပီးခဲ့တဲ့ ေႏြတည္းက ခ်ိတ္ဆက္ေနခဲ့တာ ျဖစ္ျပီး ဒီတစ္ၾကိမ္မွာေတာ့ အသင္း ဘယ္စြန္ေတြ ျဖစ္တဲ့ အီမာဆန္၊ အလြန္ဆိုတုိ႔ကို လက္လႊတ္ကာ တဲလက္စ္ကို အရ ေခၚယူဖို႔ ၾကိဳးစားလာခဲ့ပါတယ္။

ဒါေပမယ့္ ပီအက္စ္ဂ်ီက ၾကား၀င္လာခဲ့ျပီး ေပၚတိုခံစစ္မွဴးကို အျမန္ေခၚယူသြားရန္ လႈပ္ရွားလာပါတယ္။ ေပၚတိုကေတာ့ စာခ်ဳပ္ ေနာက္ဆံုးနွစ္ထဲ ေရာက္ရွိေနျပီ ျဖစ္တဲ့ တဲလက္စ္ အတြက္ ၾကိဳက္ေစ်း ရရင္ ေရာင္းခ်သြားလိုေနပါတယ္။

ပီအက္စ္ဂ်ီ အသင္းက ဒီတေလာမွာ တဲလက္စ္ကို ေခၚယူဖို႔ ခ်ိတ္ဆက္ လႈပ္ရွားလာခဲ့ျပီး ယူရို ၂၅ သန္းနဲ႕ အရင္ ေခၚယူသြားရန္ ျပင္ဆင္လာခဲ့ပါတယ္။ တဲလက္စ္ရဲ႕ ေျခစြမ္းအရ ယူရို ၂၅ သန္းကို ေပးအပ္ဖို႔ ပီအက္စ္ဂ်ီဘက္က လက္မတြန္႔ဘဲ ေဆြးေႏြးမႈေတြလည္း စတင္ ထားခဲ့ပါတယ္။

ေပၚတို အသင္းဘက္ကေတာ့ ကစားသမားရဲ႕ စာခ်ဳပ္ပါ ဖ်က္သိမ္းေၾကး အတိုင္း ယူရို သန္း ၄၀ အလိုရွိေနဆဲ ျဖစ္ျပီး ပီအက္စ္ဂ်ီကေတာ့ နွစ္ဘက္ ကလပ္အသင္းၾကား မွ်တတယ္ ယူဆတဲ့ ပမာဏနဲ႕ စတင္ ေဆြးေႏြးေနခဲ့တာပါ။ လာမယ့္ ရက္ပိုင္း အတြင္းမွာေတာ့ ေဆြးေႏြးမႈ အျပီးသတ္နုိင္မယ္ ေမွ်ာ္လင့္ရျပီး ျပင္သစ္ သတင္းေတြကေတာ့ ပီအက္စ္ဂ်ီ တဲလက္စ္ကို ေခၚယူနုိင္မယ္ သံုးသပ္ေနၾကပါတယ္။

ခ်ယ္ဆီး အသင္း အေနနဲ႕ ျပည္တြင္းမွာ ကစားသမားေတြနဲ႕ လုပ္ခလစာ ညွိနိႈင္းမႈမ်ား လုပ္ေဆာင္ေနျပီး အေျပာင္းအေရႊ႕မွာ လက္ေနွးသြားမွာကိုလည္း ပရိသတ္ေတြက စိုးရိမ္ေနၾကပါတယ္။