ဂျူဗင်တပ်နဲ့ သတင်းများကို တုန့်ပြန်လာတဲ့ ချယ်ဆီးကွင်းလယ် ဂျော်ဂျင်ဟိုရဲ့ အေးဂျင့်

ချယ်ဆီးကွင်းလယ် ကစားသမား ဂျော်ဂျင်ဟိုကို ဆရာဟောင်း ဆာရီ နည်းပြနေတဲ့ ဂျူဗင်တပ် အသင်းက ခေါ်ယူမယ်ဆိုတဲ့ သတင်းများကို ဂျော်ဂျင်ဟိုရဲ့ အေးဂျင့် ဖြစ်သူက ငြင်းဆန်လိုက်ပြီး သူ့ ကစားသမားက ချယ်ဆီးမှာပဲ ဆက်ရှိနေမယ့် အကြောင်း အတည်ပြုသွားပါတယ်။

ဂျော်ဂျင်ဟိုက ချယ်ဆီးအသင်းထံ ၂၀၁၈ နွေမှာ နာပိုလီကနေ ပေါင် ၅၇ သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ၎င်းကို ဆရာဖြစ်သူ နည်းပြ ဆာရီကပဲ စတန်းဖို့ဘရစ်ချ်ထံ အရောက် ခေါ်ခဲ့တာပါ။ ဆာရီရဲ့ ချယ်ဆီးအသင်းမှာ ဂျော်ဂျင်ဟိုက အဓိက ကစားသမား အဖြစ် ပါဝင် ကစားခဲ့ပါတယ်။

ဆာရီက ချယ်ဆီးနေ ထွက်ခွာပြီး ဂျူဗင်တပ်အသင်းထံ ရောက်သွားသည့်တိုင် ဂျော်ဂျင်ဟိုကို ၎င်း ရှိရာ ဆက်လက် ခေါ်ယူနေဆဲ ဖြစ်ပြီး အပြောင်းအရွှေ့မှာ လှုပ်ရှားတော့မယ် သတင်းကြီးနေပါတယ်။ ဒါပေမယ့် ဂျော်ဂျင်ဟို အေးဂျင့်ကတောာ့ အီတလီသား အသင်းပြောင်းမှာ မဟုတ်ကြောင်း ဆိုခဲ့ပါတယ်။

” သတင်းတွေ ကျနော်လည်း ကြားပါတယ်။ ဒါပေမယ့် သူတို့ ပြောနေကြသလို ဂျူဗင်တပ် အသင်းနဲ့ အဆက်အသွယ် ရှိမထားပါဘူး။ ကျနော့် ကောင်လေးက လန်ဒန်မှာ သိပ်ပျော်နေတယ်။ ဒီတော့ လက်ရှိ စာချုပ်အတိုင်း ဒီမှာပဲ ဆက်ရှိနေမှာပါ။ ” လို့ အေးဂျင့်က ပြောဆိုခဲ့ပါတယ်။

ဂျူဗင်တပ်ဟာ ချယ်ဆီး ကွင်းလယ် ကန်တေကိုလည်း ပစ်မှတ်ထားနေတဲ့ သတင်းထွက်နေပေမယ့် ဂျော်ဂျင်ဟိုကတော့ ဆာရီရဲ့ စိတ်ကြိုက် ကစားသမား ဖြစ်တာကြောင့် အသင်းပြောင်းဖို့ ပိုမို ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးကြင္းလယ္ ကစားသမား ေဂ်ာ္ဂ်င္ဟိုကို ဆရာေဟာင္း ဆာရီ နည္းျပေနတဲ့ ဂ်ဴဗင္တပ္ အသင္းက ေခၚယူမယ္ဆိုတဲ့ သတင္းမ်ားကို ေဂ်ာ္ဂ်င္ဟိုရဲ႕ ေအးဂ်င့္ ျဖစ္သူက ျငင္းဆန္လိုက္ျပီး သူ႔ ကစားသမားက ခ်ယ္ဆီးမွာပဲ ဆက္ရွိေနမယ့္ အေၾကာင္း အတည္ျပဳသြားပါတယ္။

ေဂ်ာ္ဂ်င္ဟိုက ခ်ယ္ဆီးအသင္းထံ ၂၀၁၈ ေႏြမွာ နာပိုလီကေန ေပါင္ ၅၇ သနး္နဲ႔ ေရာက္ရွိလာခဲ့တာ ျဖစ္ျပီး ၄င္းကို ဆရာျဖစ္သူ နည္းျပ ဆာရီကပဲ စတန္းဖို႔ဘရစ္ခ်္ထံ အေရာက္ ေခၚခဲ့တာပါ။ ဆာရီရဲ႕ ခ်ယ္ဆီးအသင္းမွာ ေဂ်ာ္ဂ်င္ဟိုက အဓိက ကစားသမား အျဖစ္ ပါ၀င္ ကစားခဲ့ပါတယ္။

ဆာရီက ခ်ယ္ဆီးေန ထြက္ခြာျပီး ဂ်ဴဗင္တပ္အသင္းထံ ေရာက္သြားသည့္တိုင္ ေဂ်ာ္ဂ်င္ဟိုကို ၄င္း ရွိရာ ဆက္လက္ ေခၚယူေနဆဲ ျဖစ္ျပီး အေျပာင္းအေရႊ႕မွာ လႈပ္ရွားေတာ့မယ္ သတင္းၾကီးေနပါတယ္။ ဒါေပမယ့္ ေဂ်ာ္ဂ်င္ဟို ေအးဂ်င့္ကေတာာ့ အီတလီသား အသင္းေျပာင္းမွာ မဟုတ္ေၾကာင္း ဆိုခဲ့ပါတယ္။

” သတင္းေတြ က်ေနာ္လည္း ၾကားပါတယ္။ ဒါေပမယ့္ သူတို႔ ေျပာေနၾကသလို ဂ်ဴဗင္တပ္ အသင္းနဲ႕ အဆက္အသြယ္ ရွိမထားပါဘူး။ က်ေနာ့္ ေကာင္ေလးက လန္ဒန္မွာ သိပ္ေပ်ာ္ေနတယ္။ ဒီေတာ့ လက္ရွိ စာခ်ဳပ္အတိုင္း ဒီမွာပဲ ဆက္ရွိေနမွာပါ။ ” လို႔ ေအးဂ်င့္က ေျပာဆိုခဲ့ပါတယ္။

ဂ်ဴဗင္တပ္ဟာ ခ်ယ္ဆီး ကြင္းလယ္ ကန္ေတကိုလည္း ပစ္မွတ္ထားေနတဲ့ သတင္းထြက္ေနေပမယ့္ ေဂ်ာ္ဂ်င္ဟိုကေတာ့ ဆာရီရဲ႕ စိတ္ၾကိဳက္ ကစားသမား ျဖစ္တာေၾကာင့္ အသင္းေျပာင္းဖို႔ ပိုမို ေရပန္းစားေနခဲ့တာ ျဖစ္ပါတယ္။