ငယ်စဉ်တည်းက ချယ်ဆီးကို အားပေးတဲ့ အမာခံပရိသတ်လို့ ဝန်ခံတဲ့ လာလီဂါကြယ်ပွင့်

လာလီဂါကလပ် ဗီလာရီးရဲတောင်ပံသမား ချီဝီဇီက သူဟာ ချယ်ဆီးအသငင်းကို အထင်ကြီးသူဖြစ်ပြီး အင်္ဂလန်ရဲ့ အကောင်းဆုံးအသင်းလို့ ယုံကြည်ပါတယ်လို့ ဖွင့်ဟခဲ့တယ်။

ချီဝီဇီက မော်စကိုမှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုတောင် ကြည့်ခဲ့ရသေးကာ အပြာရောင် လန်ဒန်အသင်း အရေးနိမ့်ခဲ့တာအတွက် စိတ်ထိခိုက် ငိုကြွေးခဲ့ရပါတယ်လို့ နိုင်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ်နဲ့ ပြုလုပ်ခဲ့တဲ့ Instagram live မှာ ဝန်ခံစကား ဆိုခဲ့ပါတယ်။

ချီဝီဇီ “ အင်္ဂလန်မှာ ကျနော် အကြိုက်ဆုံးအသင်းက ချယ်ဆီးပါ။ ငယ်ငယ်လေးတည်းက ချယ်ဆီးကို အားပေးခဲ့ရတာပါ။ ၂၀၀၇ – ၂၀၀၈ ဘောလုံးရာသီတုန်းက ယူနိုက်တက်နဲ့ ရင်ဆိုင်ကစားပြီး ချယ်ဆီးအသင်း အရေးနိမ့်တုန်းကဆိုရင် တစ်ညလုံး ငိုခဲ့ရသေးတာပါဗျာ ” လို့ ဖွင့်ဟခဲ့တာဖြစ်တယ်။

ပရီးမီးယားလိဂ်ကလပ်တွေက “နိုင်ဂျီးရီးယားရော်ဘင်” ” ရော်ဘင်လက်သစ်” လို့ နာမည်ကျော်လာတဲ့ ဗီလာရီးရဲလ် တိုက်စစ်မှူး ချီဝီဇီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အဆိုပါထဲမှာ ချယ်ဆီးလည်း ပါဝင်ပါတယ်။ အသက် ၂၀ နှစ် အရွယ်ရှိတဲ့ ချက်ဝူဇီဟာ ဗြိတိန်အလုပ်လုပ်ခွင့်ပါမစ် အခက်အခဲကြောင့် အင်္ဂလန်ကို ပြောင်းရွှေ့လာဖို့ ၂ ကြိမ်တိုင်တိုင် ငြင်းဆန်ခံရဖူးပါတယ်။

ချယ်ဆီးဟာ ဝါရင့်တောင်ပံသမား ဝီလီယမ်နေရာမှာ အစားထိုးဖို့ ဗီလာရီးရဲ တောင်ပံသမား ချီဝီဇီကိုလည်း ခေါ်ယူဖို့ စောင့်ကြည့်မှုတွေ လုပ်နေသေးတာ ဖြစ်ပါတယ်။ ဗီလာရီးရဲဟာ ချီဝီဇီအတွက် စာချုပ်ပါ လျှော်ကြေးကို ယူရိုသန်း ၆၀ အထိ တိုးမြှင့် ချုပ်ဆိုထားပါတယ်။

ZAWGYI

လာလီဂါကလပ္ ဗီလာရီးရဲေတာင္ပံသမား ခ်ီဝီဇီက သူဟာ ခ်ယ္ဆီးအသငင္းကို အထင္ၾကီးသူျဖစ္ျပီး အဂၤလန္ရဲ႕ အေကာင္းဆံုးအသင္းလို႔ ယံုၾကည္ပါတယ္လို႔ ဖြင့္ဟခဲ့တယ္။

ခ်ီဝီဇီက ေမာ္စကိုမွာ ယွဥ္ျပိဳင္ခဲ့ၾကတဲ့ ယူႏုိက္တက္နဲ႔ ခ်ယ္ဆီးတို႔ရဲ႕ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကိုေတာင္ ၾကည့္ခဲ့ရေသးကာ အျပာေရာင္ လန္ဒန္အသင္း အေရးနိမ့္ခဲ့တာအတြက္ စိတ္ထိခိုက္ ငိုေၾကြးခဲ့ရပါတယ္လို႔ ႏိုင္ဂ်ီးရီးယားေဘာလံုးအဖြဲ႔ခ်ဳပ္နဲ႔ ျပဳလုပ္ခဲ့တဲ့ Instagram live မွာ ဝန္ခံစကား ဆိုခဲ့ပါတယ္။

ခ်ီဝီဇီ “ အဂၤလန္မွာ က်ေနာ္ အၾကိဳက္ဆံုးအသင္းက ခ်ယ္ဆီးပါ။ ငယ္ငယ္ေလးတည္းက ခ်ယ္ဆီးကို အားေပးခဲ့ရတာပါ။ ၂၀၀၇ – ၂၀၀၈ ေဘာလံုးရာသီတုန္းက ယူႏုိက္တက္နဲ႔ ရင္ဆိုင္ကစားျပီး ခ်ယ္ဆီးအသင္း အေရးနိမ့္တုန္းကဆိုရင္ တစ္ညလံုး ငိုခဲ့ရေသးတာပါဗ်ာ ” လို႔ ဖြင့္ဟခဲ့တာျဖစ္တယ္။

ပရီးမီးယားလိဂ္ကလပ္ေတြက “နိုင္ဂ်ီးရီးယားေရာ္ဘင္” ” ေရာ္ဘင္လက္သစ္” လို႕ နာမည္ေက်ာ္လာတဲ့ ဗီလာရီးရဲလ္ တုိက္စစ္မွဴး ခ်ီဝီဇီကုိ ေခၚယူဖုိ႔ စိတ္ဝင္စားေနၾကျပီး အဆိုပါထဲမွာ ခ်ယ္ဆီးလည္း ပါဝင္ပါတယ္။ အသက္ ၂၀ ႏွစ္ အရြယ္ရွိတဲ့ ခ်က္ဝူဇီဟာ ၿဗိတိန္အလုပ္လုပ္ခြင့္ပါမစ္ အခက္အခဲေၾကာင့္ အဂၤလန္ကုိ ေျပာင္းေရႊ႕လာဖုိ႔ ၂ ႀကိမ္တုိင္တုိင္ ျငင္းဆန္ခံရဖူးပါတယ္။

ခ်ယ္ဆီးဟာ ဝါရင့္ေတာင္ပံသမား ဝီလီယမ္ေနရာမွာ အစားထိုးဖို႔ ဗီလာရီးရဲ ေတာင္ပံသမား ခ်ီဝီဇီကိုလည္း ေခၚယူဖို႔ ေစာင့္ၾကည့္မႈေတြ လုပ္ေနေသးတာ ျဖစ္ပါတယ္။ ဗီလာရီးရဲဟာ ခ်ီဝီဇီအတြက္ စာခ်ဳပ္ပါ ေလွ်ာ္ေၾကးကုိ ယူ႐ုိသန္း ၆၀ အထိ တုိးျမႇင့္ ခ်ဳပ္ဆုိထားပါတယ္။