ဘွန်ဒစ်လီဂါပြန်စလည်း ပြန်မသွားတော့မယ့် ချယ်ဆီးလူငယ် အမ်ဘဒူ

ဂျာမန်ဘက်က သတင်းတွေ အရ ချယ်ဆီး လူငယ် ကစားသမား အမ်ဘဒူဟာ ဘွန်ဒစ်လီဂါပွဲများ ပြန်စတင်မယ် ဆိုရင်လည်း အငှား ပြီးဆုံးအောင် ကစားဖို့ လိုက်ပ်ဇစ်ထံ ပြန်သွားတော့မှာ မဟုတ်ကြောင်း သိရပါတယ်။

ဒမ်ဘဒူဟာ ဖေဖော်ဝါရီလထဲမှာ ရခဲ့တဲ့ နောက်ကျောဘက် ဒဏ်ရာကနေ ပြန် သက်သာလာနေဆဲ ကာလ ဖြစ်ပြီး အပြည့်အ၀ ကောင်းမွန်ခြင်း မရှိသေးပါဘူး။ ဒဏ်ရာ မတိုင်ခင်ကလည်း လိုက်ပ်ဇစ်အသင်းမှာ ပုံမှန် ပွဲကစားခွင့် ရဖို့ ရုန်းကန်ခဲ့ရတာပါ။ ရှားရှားပါးပါး အခွင့်အရေး ရပြီး ခြေစွမ်းပြခဲ့တာက စပါးနဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ ဆုံခဲ့စဉ်က ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဒဏ်ရာ ရှိနေဆဲ အမ်ဘဒူဟာ အရှင်း မပျောက်သေးခင် အလောတကြီး ဘောလုံး ပြန်မကစားလိုသေးဘဲ ရှိနေပါတယ်။ ဒါကြောင့် နောက်လ အစောပိုင်းမှာ ပြန်စဖွယ် ရှိနေတဲ့ ဘွန်ဒစ်လီဂါပွဲတွေ တကယ် ပြန် ကစားဖြစ်ရင်တောင် ဂျာမနီသို့ ပြန်မသွားလိုဘဲ ရှိနေပါတယ်။

စတန်းဖို့ ဘရစ်ချ်သို့ ပြန်လာပေမယ့် အမ်ဘဒူဟာ နောက်ဘောလုံးရာသီ မစခင်တော့ အသင်းအတွက် ပြန် ပါဝင်ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။ ချယ်ဆီး အသင်းထံ စောစော ပြန်လာတာက နောက်ဘောလုံးရာသီ အတွက် ကြိုပြီး အချိန်ယူ ပြင်ဆင်နိုင်တာမျိုးတော့ ရှိပါလိမ့်မယ်။

ကွင်းလယ်မှာရော ခံစစ်မှာပါ ကစားနိုင်တဲ့ ချယ်ဆီး လူငယ်ကြယ်ပွင့်ဟာ နောက်ဘောလုံးရာသီမှာတော့ လမ်းပတ်ရဲ့ ချယ်ဆီးအသင်းမှာ နေရာ ရနိုင်မယ် မျှော်လင့်နေပါတယ်။

Zawgyi – ဂ်ာမန္ဘက္က သတင္းေတြ အရ ခ်ယ္ဆီး လူငယ္ ကစားသမား အမ္ဘဒူဟာ ဘြန္ဒစ္လီဂါပြဲမ်ား ျပန္စတင္မယ္ ဆိုရင္လည္း အငွား ျပီးဆံုးေအာင္ ကစားဖို႔ လိုက္ပ္ဇစ္ထံ ျပန္သြားေတာ့မွာ မဟုတ္ေၾကာင္း သိရပါတယ္။

ဒမ္ဘဒူဟာ ေဖေဖာ္၀ါရီလထဲမွာ ရခဲ့တဲ့ ေနာက္ေက်ာဘက္ ဒဏ္ရာကေန ျပန္ သက္သာလာေနဆဲ ကာလ ျဖစ္ျပီး အျပည့္အ၀ ေကာင္းမြန္ျခင္း မရွိေသးပါဘူး။ ဒဏ္ရာ မတိုင္ခင္ကလည္း လိုက္ပ္ဇစ္အသင္းမွာ ပံုမွန္ ပြဲကစားခြင့္ ရဖို႔ ရုန္းကန္ခဲ့ရတာပါ။ ရွားရွားပါးပါး အခြင့္အေရး ရျပီး ေျခစြမ္းျပခဲ့တာက စပါးနဲ႕ ခ်န္ပီယံလိဂ္ ၁၆ သင္း အဆင့္မွာ ဆံုခဲ့စဥ္က ျဖစ္ပါတယ္။

ေလာေလာဆယ္မွာေတာ့ ဒဏ္ရာ ရွိေနဆဲ အမ္ဘဒူဟာ အရွင္း မေပ်ာက္ေသးခင္ အေလာတၾကီး ေဘာလံုး ျပန္မကစားလိုေသးဘဲ ရွိေနပါတယ္။ ဒါေၾကာင့္ ေနာက္လ အေစာပိုင္းမွာ ျပန္စဖြယ္ ရွိေနတဲ့ ဘြန္ဒစ္လီဂါပြဲေတြ တကယ္ ျပန္ ကစားျဖစ္ရင္ေတာင္ ဂ်ာမနီသို႔ ျပန္မသြားလိုဘဲ ရွိေနပါတယ္။

စတန္းဖို႔ ဘရစ္ခ်္သို႔ ျပန္လာေပမယ့္ အမ္ဘဒူဟာ ေနာက္ေဘာလံုးရာသီ မစခင္ေတာ့ အသင္းအတြက္ ျပန္ ပါ၀င္ကစားနုိင္ဦးမွာ မဟုတ္ပါဘူး။ ခ်ယ္ဆီး အသင္းထံ ေစာေစာ ျပန္လာတာက ေနာက္ေဘာလံုးရာသီ အတြက္ ၾကိဳျပီး အခ်ိန္ယူ ျပင္ဆင္နုိင္တာမ်ိဳးေတာ့ ရွိပါလိမ့္မယ္။

ကြင္းလယ္မွာေရာ ခံစစ္မွာပါ ကစားနုိင္တဲ့ ခ်ယ္ဆီး လူငယ္ၾကယ္ပြင့္ဟာ ေနာက္ေဘာလံုးရာသီမွာေတာ့ လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းမွာ ေနရာ ရနုိင္မယ္ ေမွ်ာ္လင့္ေနပါတယ္။