လက်ရွေးစင်အသင်းကို ကယ်တင်မယ့် ချယ်ဆီးလူငယ်လေးအကြောင်း စကော့သားကြီး ထုတ်ပြော

ဝက်ဟမ်းကွင်းလယ်လူဟောင်း McAvennie က မာဆေးဆိုဒ် ကလပ်နှစ်သင်းဖြစ်တဲ့ လီဗာပူး၊ အဲဗာတန် တို့ကို ဆက်တိုက် ယှဉ်ပြိုင်ကစားအပြီးမှာ နှစ်ပွဲလုံး အကောင်းဆုံး ကစားသမားဆုရခဲ့ပြီး ထွန်းတောက်လာတဲ့ ဂေးမားဟာ စကော်တလန် လက်ရွေးစင်အသင်းရဲ့ အနာဂတ် ဖြစ်လာမယ့်သူလို့ ချီးကျုးလိုက်ပါတယ်။

ချယ်ဆီး လူငယ် ကွင်းလယ်လူ ဂေးမားက စီနီယာကွင်းလယ်လူ ဂျော်ဂျင်ဟို ပွဲပယ် ပြစ်ဒဏ်ကြောင့် မကစားနိုင်ချိန်တုန်းက ကွင်းလယ်မှာ ဘာကလေ၊ မောင့်တို့နဲ့အတူ ပွဲထွက်ခွင့်ခဲ့ပြီး ချယ်ဆီးအတွက် အထူး ခြေစွမ်းပြခဲ့ရာက သတိထားစရာ ဖြစ်လာခဲ့သူဖြစ်တယ်။

ဆယ်ကျော်သက် လူငယ်လေးနဲ့ ပက်သက်ပြီး McAvennie ပြောရာမှာ ” ဂေးမားက ထူးချွန်ပြီး အရမ်းကို အလားအလာရှိတဲ့ ကစားသမားဖြစ်တယ်။ ချယ်ဆီးမှာ ပွဲကစားခွင့်ရဖို့ အကောင်းဆုံး တိုက်ခိုက်နိုင်တယ်။ ဂေးမား စကော့တလန်ကနေ ထွက်ခွာပြီး ချယ်ဆီးကို ရွေးချယ်ခဲ့တာ အင်္ဂလန်မှာ အကောင်းဆုံးဆိုတဲ့ ကစားသမားတွေနဲ့ ရင်ဆိုင်လိုခြင်းကြောင့်ပါပဲ။

ဂေးမားက ချယ်ဆီးမှာ ကောင်းကောင်း လုပ်ပြထားနိုင်တယ်။ လမ်းပတ်ကလည်း သူ့ကို အခွင့်အရေးတွေ ပေးထားပါတယ်။ ဒါမျိုးက မန်နေဂျာတိုင်းထံကနေ အခွင့်အရေး ရနိုင်တာ မဟုတ်ပါဘူး။ လူငယ်မန်နေဂျာတစ်ဦးက ငယ်ရွယ်တဲ့ ကစားသမားတစ်ဦးကို အခွင့်အရေး ပေးတာက သိပ်ကောင်းပါတယ်။

စကော့တလန် မန်နေဂျာ စတိ ကလပ်က ကျနော် သူငယ်ချင်းဖြစ်ပြီး ဂေးမားကို လက်ရွေးစင် လူစာရင်းထဲ သူမထည့်ဘူးဆိုရင် အံ့အားသင့်မိမှာပါပဲ။ ဂေးမားက ငယ်ရွယ်ပေမယ့် လီဗာပူးနဲ့ အဲဗာတန်က ဝါရင့်တွေကို ကောင်းကောင်း ကိုင်တွယ် ကစားပြခဲ့တယ်။ သူ ကစားနေတာကိုကြည့်ပြီး မယုံနိုင်လောက်အောင်ပဲလို့ စဉ်းစားမိသလို စကော့တလန်အတွက် ဆယ်ဆုနှစ်လောက် ကစားပေးဖို့ရာ သူကံကောင်းဖို့ မျှော်လင့်ပါတယ်။ ” လို့ ချီးကျူးခဲ့တယ်။

ZAWGYI

ဝက္ဟမ္းကြင္းလယ္လူေဟာင္း McAvennie က မာေဆးဆိုဒ္ ကလပ္ႏွစ္သင္းျဖစ္တဲ့ လီဗာပူး၊ အဲဗာတန္ တို႔ကို ဆက္တိုက္ ယွဥ္ျပိဳင္ကစားအျပီးမွာ ႏွစ္ပြဲလံုး အေကာင္းဆံုး ကစားသမားဆုရခဲ့ျပီး ထြန္းေတာက္လာတဲ့ ေဂးမားဟာ စေကာ္တလန္ လက္ေရြးစင္အသင္းရဲ႕ အနာဂတ္ ျဖစ္လာမယ့္သူလို႔ ခ်ီးက်ဳးလိုက္ပါတယ္။

ခ်ယ္ဆီး လူငယ္ ကြင္းလယ္လူ ေဂးမားက စီနီယာကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟို ပြဲပယ္ ျပစ္ဒဏ္ေၾကာင့္ မကစားႏုိင္ခ်ိန္တုန္းက ကြင္းလယ္မွာ ဘာကေလ၊ ေမာင့္တို႔နဲ႔အတူ ပြဲထြက္ခြင့္ခဲ့ျပီး ခ်ယ္ဆီးအတြက္ အထူး ေျခစြမ္းျပခဲ့ရာက သတိထားစရာ ျဖစ္လာခဲ့သူျဖစ္တယ္။

ဆယ္ေက်ာ္သက္ လူငယ္ေလးနဲ႔ ပက္သက္ျပီး McAvennie ေျပာရာမွာ ” ေဂးမားက ထူးခၽြန္ျပီး အရမ္းကို အလားအလာရွိတဲ့ ကစားသမားျဖစ္တယ္။ ခ်ယ္ဆီးမွာ ပြဲကစားခြင့္ရဖို႔ အေကာင္းဆံုး တိုက္ခုိက္ႏုိင္တယ္။ ေဂးမား စေကာ့တလန္ကေန ထြက္ခြာျပီး ခ်ယ္ဆီးကို ေရြးခ်ယ္ခဲ့တာ အဂၤလန္မွာ အေကာင္းဆံုးဆိုတဲ့ ကစားသမားေတြနဲ႔ ရင္ဆုိင္လိုျခင္းေၾကာင့္ပါပဲ။

ေဂးမားက ခ်ယ္ဆီးမွာ ေကာင္းေကာင္း လုပ္ျပထားႏုိင္တယ္။ လမ္းပတ္ကလည္း သူ႔ကို အခြင့္အေရးေတြ ေပးထားပါတယ္။ ဒါမ်ိဳးက မန္ေနဂ်ာတိုင္းထံကေန အခြင့္အေရး ရႏုိင္တာ မဟုတ္ပါဘူး။ လူငယ္မန္ေနဂ်ာတစ္ဦးက ငယ္ရြယ္တဲ့ ကစားသမားတစ္ဦးကို အခြင့္အေရး ေပးတာက သိပ္ေကာင္းပါတယ္။

စေကာ့တလန္ မန္ေနဂ်ာ စတိ ကလပ္က က်ေနာ္ သူငယ္ခ်င္းျဖစ္ျပီး ေဂးမားကို လက္ေရြးစင္ လူစာရင္းထဲ သူမထည့္ဘူးဆိုရင္ အံ့အားသင့္မိမွာပါပဲ။ ေဂးမားက ငယ္ရြယ္ေပမယ့္ လီဗာပူးနဲ႔ အဲဗာတန္က ဝါရင့္ေတြကို ေကာင္းေကာင္း ကိုင္တြယ္ ကစားျပခဲ့တယ္။ သူ ကစားေနတာကိုၾကည့္ျပီး မယံုနုိင္ေလာက္ေအာင္ပဲလို႔ စဥ္းစားမိသလို စေကာ့တလန္အတြက္ ဆယ္ဆုႏွစ္ေလာက္ ကစားေပးဖို႔ရာ သူကံေကာင္းဖို႔ ေမွ်ာ္လင့္ပါတယ္။ ” လို႔ ခ်ီးက်ဴးခဲ့တယ္။