ချယ်ဆီး အောင်မြင်ဖို့ မရှင်းထုတ်သင့်တဲ့ ကစားသမား ၃ ဦးကို ဂျိုးကိုး ထောက်ပြ

ချယ်ဆီးကစားသမားဟောင်းကြီး ဂျိုးကိုးက ဒီရာသီမှာ လူငယ်ကစားသမားတွေ တောက်ပနေပေမယ့်လည်း ကလပ်ရဲ့ ဝါရင့် ကစားသမားတွေကို ခပ်လွယ်လွယ် စွန့်လွှတ်လိုက်တာမျိုး မလုပ်ဖို့ အသင်းဟောင်းကို သတိပေးလိုက်ပါတယ်။

ချယ်ဆီးဟာ ဝါရင့် ကစားသမားတွေဖြစ်တဲ့ ဂျီရူး၊ ပတ်ဒရိုနဲ့ ဝီလီယံတို့ကို သက်တမ်းတိုးမှုတွေ မလုပ်ပဲ ရှင်းထုတ်မယ်လို့ သတင်းကြီးနေတာပါ။ ဂျိုးကိုးကတော့ အဆိုပါ လုပ်ရပ်မျိုးကို မထောက်ခံပဲ နည်းပြတွေအဖြစ် လုပ်ကိုင်နိုင်လောက်အောင် အတွေ့အကြုံ ကောင်းတွေရှိတဲ့ သူတို့တွေကို လူငယ်တွေကို ကွပ်ကဲဖို့အတွက် ထိန်းသိမ်းသင့်တယ်လို့ အကြံပေးခဲ့တယ်။

ဂျိုးကိုးက ” ဒီနှစ်ဘောလုံးရာသီမှာ ချယ်ဆီးအတွက် တောက်ပခဲ့တဲ့ လူငယ်လေးတွေကို အသိအမှတ်ပြုပါတယ်။ သူတို့က စီနီယာလူစာရင်းထဲ ဝင်ရောက်လာသလို ကြိုးစားမှု စွမ်းဆောင်မှုတွေနဲ့ အံ့မခန်းတဲ့ အရာတွေ လုပ်ပြခဲ့ပါတယ်။ ဒါပေမယ့် ဂျီရူး၊ ပတ်ဒရိုနဲ့ ဝီလီယံတို့ကလည်း အသင်းရဲ့ ကစားသမားတွေဖြစ်ပြီး ကလပ်အတွက် အရေးပါသူတွေ ဖြစ်ကြပါတယ်။

အဓိကက ဝီလီယံပါ။ သူက ချယ်ဆီးရဲ့ ဂန္တဝင်လို ကစားသမားတောင်ဖြစ်ပြီး ပရိသတ် အချစ်တော်လည်းဖြစ်တယ်။ အသွင်သစ်နဲ့ တည်ဆောက်နေတဲ့ ချယ်ဆီးမှာ သူတို့လို အတွေ့အကြုံရင့် ကစားသမားတွေကို ဆက်ထိန်းနိုင်ဖို့ မျှော်လင့်တယ်။ ချယ်ဆီးက ဂစ်၊ စခိုးနဲ့ နဗီးတို့ကို ကစားသမားတွေကို ဆက်ထိန်းပြီး လူငယ်တွေကို ထိန်းကျောင်းပေးတဲ့ ပုံစံကို အတူယူသင့်ပါတယ်။

သူတို့တွေက နည်းပြဖက်လိုင်းကိုတောင် ပါဝင်ကူညီနိုင်သူတွေဖြစ်ပြီး သူတို့ အတွေ့အကြုံအရ အသင်းကို ကူညီပေးလို့ ရပါတယ်။ သူတို့တွေက ကမ္ဘာအဆင့် ကစားသမားတွေလို့ ကျနော် ခံစားမိပြီး ဘယ်အသင်းမဆို သူတို့လို ကစားသမားတွေ နေရာမှာ အစားထိုးဖို့ဆိုတာ ခက်ခဲမှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးကစားသမားေဟာင္းၾကီး ဂ်ိဳးကိုးက ဒီရာသီမွာ လူငယ္ကစားသမားေတြ ေတာက္ပေနေပမယ့္လည္း ကလပ္ရဲ႕ ဝါရင့္ ကစားသမားေတြကို ခပ္လြယ္လြယ္ စြန္႔လႊတ္လုိက္တာမ်ိဳး မလုပ္ဖို႔ အသင္းေဟာင္းကို သတိေပးလိုက္ပါတယ္။

ခ်ယ္ဆီးဟာ ဝါရင့္ ကစားသမားေတြျဖစ္တဲ့ ဂ်ီရူး၊ ပတ္ဒရိုနဲ႔ ဝီလီယံတို႔ကို သက္တမ္းတိုးမႈေတြ မလုပ္ပဲ ရွင္းထုတ္မယ္လို႔ သတင္းၾကီးေနတာပါ။ ဂ်ိဳးကိုးကေတာ့ အဆိုပါ လုပ္ရပ္မ်ိဳးကို မေထာက္ခံပဲ နည္းျပေတြအျဖစ္ လုပ္ကိုင္ႏုိင္ေလာက္ေအာင္ အေတြ႔အၾကံဳ ေကာင္းေတြရွိတဲ့ သူတို႔ေတြကို လူငယ္ေတြကို ကြပ္ကဲဖို႔အတြက္ ထိန္းသိမ္းသင့္တယ္လို႔ အၾကံေပးခဲ့တယ္။

ဂ်ိဳးကိုးက ” ဒီႏွစ္ေဘာလံုးရာသီမွာ ခ်ယ္ဆီးအတြက္ ေတာက္ပခဲ့တဲ့ လူငယ္ေလးေတြကို အသိအမွတ္ျပဳပါတယ္။ သူတို႔က စီနီယာလူစာရင္းထဲ ဝင္ေရာက္လာသလို ၾကိဳးစားမႈ စြမ္းေဆာင္မႈေတြနဲ႔ အံ့မခန္းတဲ့ အရာေတြ လုပ္ျပခဲ့ပါတယ္။ ဒါေပမယ့္ ဂ်ီရူး၊ ပတ္ဒရိုနဲ႔ ဝီလီယံတို႔ကလည္း အသင္းရဲ႕ ကစားသမားေတြျဖစ္ျပီး ကလပ္အတြက္ အေရးပါသူေတြ ျဖစ္ၾကပါတယ္။

အဓိကက ဝီလီယံပါ။ သူက ခ်ယ္ဆီးရဲ႕ ဂႏၱဝင္လို ကစားသမားေတာင္ျဖစ္ျပီး ပရိသတ္ အခ်စ္ေတာ္လည္းျဖစ္တယ္။ အသြင္သစ္နဲ႔ တည္ေဆာက္ေနတဲ့ ခ်ယ္ဆီးမွာ သူတို႔လို အေတြ႔အၾကံဳရင့္ ကစားသမားေတြကို ဆက္ထိန္းႏုိင္ဖို႔ ေမွ်ာ္လင့္တယ္။ ခ်ယ္ဆီးက ဂစ္၊ စခိုးနဲ႔ နဗီးတို႔ကို ကစားသမားေတြကို ဆက္ထိန္းျပီး လူငယ္ေတြကို ထိန္းေက်ာင္းေပးတဲ့ ပံုစံကို အတူယူသင့္ပါတယ္။

သူတို႔ေတြက နည္းျပဖက္လိုင္းကိုေတာင္ ပါဝင္ကူညီနိုင္သူေတြျဖစ္ျပီး သူတို႔ အေတြ႔အၾကံဳအရ အသင္းကို ကူညီေပးလို႔ ရပါတယ္။ သူတို႔ေတြက ကမၻာအဆင့္ ကစားသမားေတြလို႔ က်ေနာ္ ခံစားမိျပီး ဘယ္အသင္းမဆို သူတို႔လို ကစားသမားေတြ ေနရာမွာ အစားထိုးဖို႔ဆိုတာ ခက္ခဲမွာပါ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။