မော်ရင်ညို ပြောတဲ့ ချယ်ဆီး၊ လီဗာပူးကြား ချိတ်ဆက်မှုမှာ အေဗရမ်မိုဗစ် ပါဝင်လာခြင်း ဇာတ်လမ်း

ချယ်ဆီးအသင်းပိုင်ရှင် အေဘရမ်မိုဗစ် လက်ထက် လန်ဒန်ကလပ် အရှိန်အဟုန်ဖြင့် အောင်မြင်လာခြင်းမှာ ၂၀၀၄ ခုနှစ်က မော်ရင်ညိုကို ခေါ်ယူနိုင်ခြင်းကလည်း အရေးပါတဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။

ချယ်ဆီး၊ လီဗာပူးကြား ချိတ်ဆက်မှုမှာ အေဗရာမိုဗစ် ပါဝင်လာခြင်း ဇာတ်လမ်းကိုတော့ ပေါ်တူဂီသားကြီး မော်ရင်ညိုရဲ့ ကိုယ်တိုင်ရေး စာအုပ်ဖြစ်တဲ့ “Mourinho: Behind the Special One, from the origin to the glory” မှာ ထုတ်ဖော်ရေးသားမှု ရှိခဲ့ပါတယ်။ သူဟာ အေးဂျင့် ဂျော့မန်ဒက်ရဲ့ ညိနှိုင်းမှုနဲ့အတူ ချယ်ဆီးမန်နေဂျာ ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ် ဧပရယ်လမှာ ပေါ်တိုမန်နေဂျာရဲ့ အကြံပေးဖြစ်သူ Jorge Baidek ဟာ ပေါ်တိုက ဟိုတယ်မှာ လူငယ်မန်နေဂျာရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး ဆွေးနွေးမှု လုပ်ခဲ့တာပါ။

” မော်ရင်ညိုက လီဗာပူးကို ရောက်သွားလုထိ ဖြစ်ခဲ့ပါတယ်။ လီဗာပူးဘောလုံးအသင်းရဲ့ အကြီးအကဲဖြစ်သူ ရစ်ပယ်ရီက အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးညိနှိုင်းခဲ့ပြီး ကျနေ်ာတို့ကြား သဘောတူညီမှု ရခဲ့ပါတယ်။ သူတို့က အဲ့တုန်းက မန်နေဂျာဖြစ်နေဆဲ ဟူလီယာနဲ့ ကိစ္စတွေကို စောင့်ဆိုင်းဖို့ ကျနေ်ာတို့ကို အချိန် ၁၅ ရက် တောင်းဆိုခဲ့တာပါ ” လို့ Baidek က ပြောပြခဲ့တယ်။

လီဗာပူးမန်နေဂျာ ဟူလီယာက ကျန်းမာရေးကြောင့် အနားယူမယ့် အချိန်မှာ မော်ရင်ညိုကို ညိနှိုင်းခဲ့တာပါ။ လီဗာပူးဘက်က အချိန်တောင်းထားဆဲမှာပဲ ဂျော့မန်ဒန်က အေဘရမ်မိုဗစ်နဲ့ မော်ရင်ညိုတို့ကို ချိတ်ဆက်ပေးခဲ့ပြီး နောက်ပိုင်းမှာ စပယ်ရှယ်ဝမ်းက လန်ဒန်ကလပ်ကိုပဲ ပြောင်းရွှေ့ခဲ့တာဖြစ်တယ်။

လီဗာပူးအသင်းကလည်း ဗလန်စီယာ မန်နေဂျာ ရာဖာ ဘင်နီတက်စ်ကိုပဲ ခေါ်ယူခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ကြီး ၄ ကြီး ပြိုင်ပွဲမှာ ဆာအဲလက်စ်၊ အာဆင်ဝင်းဂါးတို့နဲ့ အဓိက ယှဉ်ပြိုင်ဘက် မန်နေဂျာနှစ်ဦး ဖြစ်လာခဲ့ပါတယ်။

ZAWGYI

ခ်ယ္ဆီးအသင္းပိုင္ရွင္ ေအဘရမ္မိုဗစ္ လက္ထက္ လန္ဒန္ကလပ္ အရွိန္အဟုန္ျဖင့္ ေအာင္ျမင္လာျခင္းမွာ ၂၀၀၄ ခုႏွစ္က ေမာ္ရင္ညိဳကို ေခၚယူႏုိင္ျခင္းကလည္း အေရးပါတဲ့ ကိစၥတစ္ခု ျဖစ္ခဲ့ပါတယ္။

ခ်ယ္ဆီး၊ လီဗာပူးၾကား ခ်ိတ္ဆက္မႈမွာ ေအဗရာမိုဗစ္ ပါဝင္လာျခင္း ဇာတ္လမ္းကိုေတာ့ ေပၚတူဂီသားၾကီး ေမာ္ရင္ညိဳရဲ႕ ကိုယ္တုိင္ေရး စာအုပ္ျဖစ္တဲ့ “Mourinho: Behind the Special One, from the origin to the glory” မွာ ထုတ္ေဖာ္ေရးသားမႈ ရွိခဲ့ပါတယ္။ သူဟာ ေအးဂ်င့္ ေဂ်ာ့မန္ဒက္ရဲ႕ ညိႏိႈင္းမႈနဲ႔အတူ ခ်ယ္ဆီးမန္ေနဂ်ာ ျဖစ္လာခဲ့သူ ျဖစ္ပါတယ္။

၂၀၀၄ ခုႏွစ္ ဧပရယ္လမွာ ေပၚတိုမန္ေနဂ်ာရဲ႕ အၾကံေပးျဖစ္သူ Jorge Baidek ဟာ ေပၚတိုက ဟိုတယ္မွာ လူငယ္မန္ေနဂ်ာရဲ႕ အနာဂတ္နဲ႔ ပက္သက္ျပီး ေဆြးေႏြးမႈ လုပ္ခဲ့တာပါ။

” ေမာ္ရင္ညိဳက လီဗာပူးကို ေရာက္သြားလုထိ ျဖစ္ခဲ့ပါတယ္။ လီဗာပူးေဘာလံုးအသင္းရဲ႕ အၾကီးအကဲျဖစ္သူ ရစ္ပယ္ရီက အေျပာင္းအေရႊ႔ကိစၥ ေဆြးေႏြးညိႏိႈင္းခဲ့ျပီး က်ေန္ာတို႔ၾကား သေဘာတူညီမႈ ရခဲ့ပါတယ္။ သူတို႔က အဲ့တုန္းက မန္ေနဂ်ာျဖစ္ေနဆဲ ဟူလီယာနဲ႔ ကိစၥေတြကို ေစာင့္ဆုိင္းဖို႔ က်ေန္ာတို႔ကို အခ်ိန္ ၁၅ ရက္ ေတာင္းဆိုခဲ့တာပါ ” လို႔ Baidek က ေျပာျပခဲ့တယ္။

လီဗာပူးမန္ေနဂ်ာ ဟူလီယာက က်န္းမာေရးေၾကာင့္ အနားယူမယ့္ အခ်ိန္မွာ ေမာ္ရင္ညိဳကို ညိႏိႈင္းခဲ့တာပါ။ လီဗာပူးဘက္က အခ်ိန္ေတာင္းထားဆဲမွာပဲ ေဂ်ာ့မန္ဒန္က ေအဘရမ္မိုဗစ္နဲ႔ ေမာ္ရင္ညိဳတို႔ကို ခ်ိတ္ဆက္ေပးခဲ့ျပီး ေနာက္ပိုင္းမွာ စပယ္ရွယ္ဝမ္းက လန္ဒန္ကလပ္ကိုပဲ ေျပာင္းေရႊ႔ခဲ့တာျဖစ္တယ္။

လီဗာပူးအသင္းကလည္း ဗလန္စီယာ မန္ေနဂ်ာ ရာဖာ ဘင္နီတက္စ္ကိုပဲ ေခၚယူခဲ့ျပီး ပရီးမီးယားလိဂ္ရဲ႕ ၾကီး ၄ ၾကီး ျပိဳင္ပြဲမွာ ဆာအဲလက္စ္၊ အာဆင္ဝင္းဂါးတို႔နဲ႔ အဓိက ယွဥ္ျပိဳင္ဘက္ မန္ေနဂ်ာႏွစ္ဦး ျဖစ္လာခဲ့ပါတယ္။