လစာ ဖြတ်တောက်ဖို့ ကလပ်နဲ့ ချယ်ဆီးအသင်းသားတွေကြား ညှိနှိုင်းပေးနေတဲ့ ကွီတာ

ချယ်ဆီးအသင်းခေါင်းဆောင် ကွီတာက အသင်းသားတွေကိုယ်စား ချယ်ဆီး တာဝန်ရှိသူတွေနဲ့ လစာ လျှော့ချဖြတ်တောက်မယ့်ကိစ္စ အပေါ် ဦးဆောင် ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ ချယ်ဆီး ထိပ်သီးပိုင်းတွေက လစာရဲ့ ၃၀% ဖြတ်တောက်ချင်တာ ဖြစ်ပြီး ကွီတာက ၁၀% နဲ့ ညှိနှိုင်းပေးနေတာပါ။

ချယ်ဆီးအသင်းဟာ ကစားသမားတွေနဲ့ ပြောဆိုဆွေးနွေးမှု စတင်ခဲ့ပေမယ့် ကစားသမားတွေဘက်ကတော့ ၃၀% ထိ အဖြတ်တောက် မခံလိုဘဲ ၁၀% သာ လျှော့ချဖို့ မျှော်လင့်နေကြပါတယ်။

ကလပ်အသင်းဘက် ကိုယ်စားလှယ် အနေနဲ့ ဒါရိုက်တာ မာရီနာက ဦးဆောင်ထားပြီး ချယ်ဆီး ကစားသမားတွေ ကိုယ်စားလှယ် အနေနဲ့ အသင်းခေါင်းဆောင် ကွီတာက ပြောဆိုနေပါတယ်။ ကိုရိုနာ အရေးကြောင့် ဘောလုံးပွဲများ ရပ်နားထားရတာကနေ ကလပ်အသင်းများ ဘဏ္ဍာရေး အကြပ်အတည်း ရှိလာနိုင်တာကြောင့် ကစားသမားတွေကို လစာ ၃၀% လျှော့ချဖို့ ပရီးမီးယားလိဂ်က အကြံပြုမှု ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်ကတော့ ပရီးမီးယားလိဂ် ကစားသမားများ အုပ်စု တစ်ခုဟာ ကစားသမားများ အတူ ဆိုတဲ့ ကမ်ပိန်းနဲ့ အတူ ကျန်းမာရေး၊ လူမှုရေး လုပ်ငန်းများမှာ အလှူများ ပြုလုပ်ဖို့ စီစဉ်လာကြပါတယ်။ ဒါပေမယ့် ကလပ်အသင်းတွေကတော့ သူတို့ ကစားသမားတွေကို လစာလျှော့တာ၊ ရွှေ့ဆိုင်းတာတွေ လုပ်ဆောင်ရန် ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။

ချယ်ဆီးအသင်း အကြီးအကဲတွေက လစာရဲ့ ၃၀% ထိ လျှော့ချလိုခဲ့ပေမယ့် ဒိထက် နည်းတဲ့ ပမာဏ ဆိုရင်လည်း လက်ခံဖွယ် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ကြာသပတေးနေ့ပဲ ချယ်ဆီးအသင်းဟာ ပွဲနေ့နဲ့ သက်ဆိုင်တဲ့ ဝန်ထမ်းတွေနဲ့ ပုံမှန်ဝန်ထမ်းတွေကို အရင် အတိုင်း လစာပြည့် ပေးထားမှာ ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

ချယ်ဆီးအသင်းနည်းတူ အာဆင်နယ်ကလည်း ကစားသမားတွေကို လစာ လျှော့ဖို့ ဆွေးနွေးနေပါတယ်။ အစောပိုင်းမှာ ဂန်းနား ကစားသမားတွေက လက်မခံခဲ့သော်လည်း တစ်နှစ် လစာရဲ့ ၁၂.၅% လျှော့ချဖြတ်တောာက်မှုကို လက်ခံဖြစ်ဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းေခါင္းေဆာင္ ကြီတာက အသင္းသားေတြကိုယ္စား ခ်ယ္ဆီး တာ၀န္ရွိသူေတြနဲ႕ လစာ ေလွ်ာ့ခ်ျဖတ္ေတာက္မယ့္ကိစၥ အေပၚ ဦးေဆာင္ ေဆြးေႏြးေနျပီ ျဖစ္ပါတယ္။ ခ်ယ္ဆီး ထိပ္သီးပိုင္းေတြက လစာရဲ႕ ၃၀% ျဖတ္ေတာက္ခ်င္တာ ျဖစ္ျပီး ကြီတာက ၁၀% နဲ႕ ညွိနိႈင္းေပးေနတာပါ။

ခ်ယ္ဆီးအသင္းဟာ ကစားသမားေတြနဲ႕ ေျပာဆိုေဆြးေႏြးမႈ စတင္ခဲ့ေပမယ့္ ကစားသမားေတြဘက္ကေတာ့ ၃၀% ထိ အျဖတ္ေတာက္ မခံလိုဘဲ ၁၀% သာ ေလွ်ာ့ခ်ဖုိ႔ ေမွ်ာ္လင့္ေနၾကပါတယ္။

ကလပ္အသင္းဘက္ ကိုယ္စားလွယ္ အေနနဲ႕ ဒါရိုက္တာ မာရီနာက ဦးေဆာင္ထားျပီး ခ်ယ္ဆီး ကစားသမားေတြ ကိုယ္စားလွယ္ အေနနဲ႕ အသင္းေခါင္းေဆာင္ ကြီတာက ေျပာဆိုေနပါတယ္။ ကိုရိုနာ အေရးေၾကာင့္ ေဘာလံုးပြဲမ်ား ရပ္နားထားရတာကေန ကလပ္အသင္းမ်ား ဘ႑ာေရး အၾကပ္အတည္း ရွိလာနုိင္တာေၾကာင့္ ကစားသမားေတြကို လစာ ၃၀% ေလွ်ာ့ခ်ဖို႔ ပရီးမီးယားလိဂ္က အၾကံျပဳမႈ ျပဳလုပ္ခဲ့ပါတယ္။

ျပီးခဲ့တဲ့ အပတ္ကေတာ့ ပရီးမီးယားလိဂ္ ကစားသမားမ်ား အုပ္စု တစ္ခုဟာ ကစားသမားမ်ား အတူ ဆိုတဲ့ ကမ္ပိန္းနဲ႕ အတူ က်န္းမာေရး၊ လူမႈေရး လုပ္ငန္းမ်ားမွာ အလွဴမ်ား ျပဳလုပ္ဖုိ႕ စီစဥ္လာၾကပါတယ္။ ဒါေပမယ့္ ကလပ္အသင္းေတြကေတာ့ သူတို႔ ကစားသမားေတြကို လစာေလွ်ာ့တာ၊ ေရႊ႕ဆိုင္းတာေတြ လုပ္ေဆာင္ရန္ ညွိနိႈင္းေနဆဲ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္း အၾကီးအကဲေတြက လစာရဲ႕ ၃၀% ထိ ေလွ်ာ့ခ်လိုခဲ့ေပမယ့္ ဒိထက္ နည္းတဲ့ ပမာဏ ဆိုရင္လည္း လက္ခံဖြယ္ ရွိလာခဲ့ျပီ ျဖစ္ပါတယ္။ ၾကာသပေတးေန႕ပဲ ခ်ယ္ဆီးအသင္းဟာ ပြဲေန႔နဲ႕ သက္ဆိုင္တဲ့ ၀န္ထမ္းေတြနဲ႕ ပံုမွန္၀န္ထမ္းေတြကို အရင္ အတုိင္း လစာျပည့္ ေပးထားမွာ ျဖစ္ေၾကာင္း ေၾကျငာခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းနည္းတူ အာဆင္နယ္ကလည္း ကစားသမားေတြကို လစာ ေလွ်ာ့ဖို႔ ေဆြးေႏြးေနပါတယ္။ အေစာပိုင္းမွာ ဂန္းနား ကစားသမားေတြက လက္မခံခဲ့ေသာ္လည္း တစ္နွစ္ လစာရဲ႕ ၁၂.၅% ေလွ်ာ့ခ်ျဖတ္ေတာာက္မႈကို လက္ခံျဖစ္ဖို႔ အလားအလာေကာင္းေတြ ရွိေနပါတယ္။