အင်္ဂလန်ကလပ်တွေထံ ဆန်ချိုကို လက်မလွတ်ရဖို့ ကြိုးစားမှုတစ်ခု ပြုလုပ်လာတဲ့ ဒေါ့မွန်

ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းဟာ ဆန်ချိုကို အသင်းမှာ တစ်ရာသီလောက် ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားမှုတစ်ခု ပြုလုပ်လာကြောင်း ဂျာမနီသတင်းဌာန Bild က ဖော်ပြသွားပါတယ်။

ဒေါ့မွန်ဘက်က အသက် ၂၀ အရွယ် တိုက်စစ်သမားကို ကလပ်မှာပဲ ဆက်နေမယ်ဆိုရင် တစ်ရာသီအတွက် ပေါင် ၄ သန်း ပေးဖို့ဆိုတဲ့ ကမ်းလှမ်းမှုကို ပြုလုပ်မှာဖြစ်တယ်။ သစ္စာရှိကြေးသဘော ပေးမယ့် အဆိုပါ လုပ်ခနှုန်းအရ ဆန်ချိုဟာ မာကိုစ်ရုစ်ပြီးရင် ဒေါ့မွန်ရဲ့ လုပ်ခအမြင့်ဆုံး ကစားသမားတောင် ဖြစ်သွားမှာဖြစ်တယ်။

ဒေါ့မွန်ဘက်က ကြိုးစားမှုဖြစ်ပေမယ့် ဒါဟာ ချယ်ဆီးနဲ့ ယူနိုက်တက်ကပေးမယ့် မြင့်မားတဲ့ လုပ်ခမျိုးကိုတော့ ယှဉ်နိုင်ဖွယ် မရှိပါဘူး။ လက်ရှိမှာ ချယ်ဆီးအသင်းဟာ ဆန်ချိုကို ခေါ်ယူမှု ပြိုင်ပွဲကနေ အဝေးကို လွှင့်ထွက်သွားခြင်း မရှိပဲ တောင်းဆိုတဲ့ အချက်အလက်တွေကို ဖြည့်စွက်ပေးနိုင်ရင် ခေါ်ယူဖို့ အခြေအနေကောင်းနေဆဲဖြစ်တယ်။

ချယ်ဆီးနဲ့ ယူနိုက်တက်တို့ဟာ ဆန်ချိုကို ခေါ်ယူဖို့ အပြိုင်ဖြစ်နေတာဖြစ်ပြီး တစ်သင်းက အရေးသာနေတဲ့ အခြေအနေ မရှိဘူးလို့ The Athletic သတင်းထောက် David Ornstein က ထုတ်ဖော်ထားတယ်။ ဒါပေမယ့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို တစ်သင်းပဲ ရမယ်ဆိုရင်တော့ အဲ့အသင်းက အသာစီး ရသွားနိုင်တာမျိုး ဖြစ်ပါတယ်။

၎င်းကပဲ ဆန်ချိုက ချယ်ဆီးကို အားပေးပြီး ကြီးပြင်းလာရသူဖြစ်ကာ သူ့ရဲ့ ဦးစားပေးထဲမှာ ချယ်ဆီးလည်း ပါဝင်နေတယ်။ ဒါပေမယ့် သူကိုယ်တိုင် ချယ်ဆီးဖန်းဖြစ်ခြင်းက လန်ဒန်အသင်းထံ ဆန်ချို ပြောင်းဖို့ အသာစီး ရစေမှာ မဟုတ်ပဲ အနာဂတ်အတွက် သေချာ စဉ်းစားလိမ့်မယ်လို့ သတင်းပေးထားတာဖြစ်ပါတယ်။

ZAWGYI

ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္အသင္းဟာ ဆန္ခ်ိဳကို အသင္းမွာ တစ္ရာသီေလာက္ ဆက္ထိန္းထားႏုိင္ဖို႔ ၾကိဳးစားမႈတစ္ခု ျပဳလုပ္လာေၾကာင္း ဂ်ာမနီသတင္းဌာန Bild က ေဖာ္ျပသြားပါတယ္။

ေဒါ့မြန္ဘက္က အသက္ ၂၀ အရြယ္ တိုက္စစ္သမားကို ကလပ္မွာပဲ ဆက္ေနမယ္ဆိုရင္ တစ္ရာသီအတြက္ ေပါင္ ၄ သန္း ေပးဖို႔ဆိုတဲ့ ကမ္းလွမ္းမႈကို ျပဳလုပ္မွာျဖစ္တယ္။ သစၥာရွိေၾကးသေဘာ ေပးမယ့္ အဆိုပါ လုပ္ခႏႈန္းအရ ဆန္ခ်ိဳဟာ မာကိုစ္ရုစ္ျပီးရင္ ေဒါ့မြန္ရဲ႕ လုပ္ခအျမင့္ဆံုး ကစားသမားေတာင္ ျဖစ္သြားမွာျဖစ္တယ္။

ေဒါ့မြန္ဘက္က ၾကိဳးစားမႈျဖစ္ေပမယ့္ ဒါဟာ ခ်ယ္ဆီးနဲ႔ ယူႏုိက္တက္ကေပးမယ့္ ျမင့္မားတဲ့ လုပ္ခမ်ိဳးကိုေတာ့ ယွဥ္ႏုိင္ဖြယ္ မရွိပါဘူး။ လက္ရွိမွာ ခ်ယ္ဆီးအသင္းဟာ ဆန္ခ်ိဳကို ေခၚယူမႈ ျပိဳင္ပြဲကေန အေဝးကို လႊင့္ထြက္သြားျခင္း မရွိပဲ ေတာင္းဆိုတဲ့ အခ်က္အလက္ေတြကို ျဖည့္စြက္ေပးႏုိင္ရင္ ေခၚယူဖို႔ အေျခအေနေကာင္းေနဆဲျဖစ္တယ္။

ခ်ယ္ဆီးနဲ႔ ယူႏုိက္တက္တို႔ဟာ ဆန္ခ်ိဳကို ေခၚယူဖို႔ အျပိဳင္ျဖစ္ေနတာျဖစ္ျပီး တစ္သင္းက အေရးသာေနတဲ့ အေျခအေန မရွိဘူးလို႔ The Athletic သတင္းေထာက္ David Ornstein က ထုတ္ေဖာ္ထားတယ္။ ဒါေပမယ့္ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို တစ္သင္းပဲ ရမယ္ဆိုရင္ေတာ့ အဲ့အသင္းက အသာစီး ရသြားႏုိင္တာမ်ိဳး ျဖစ္ပါတယ္။

၄င္းကပဲ ဆန္ခ်ိဳက ခ်ယ္ဆီးကို အားေပးျပီး ၾကီးျပင္းလာရသူျဖစ္ကာ သူ႔ရဲ႕ ဦးစားေပးထဲမွာ ခ်ယ္ဆီးလည္း ပါဝင္ေနတယ္။ ဒါေပမယ့္ သူကိုယ္တိုင္ ခ်ယ္ဆီးဖန္းျဖစ္ျခင္းက လန္ဒန္အသင္းထံ ဆန္ခ်ိဳ ေျပာင္းဖို႔ အသာစီး ရေစမွာ မဟုတ္ပဲ အနာဂတ္အတြက္ ေသခ်ာ စဥ္းစားလိမ့္မယ္လို႔ သတင္းေပးထားတာျဖစ္ပါတယ္။