ချယ်ဆီးကနေ အာဆင်နယ်ထံ ပြောင်းရွှေ့စဉ်က ခက်ခဲမှုများအကြောင်း ဒေးဗစ် လူးဝစ် ဖွင့်ဟ

ပရီးမီးယားလိဂ် ဝါရင့် ခံစစ်မှူး ဒေးဗစ်လူးဝစ်ဟာ ပြီးခဲ့တဲ့နွေက ချယ်ဆီးကနေ ထွက်ခွာလာပြီး လန်ဒန်မြို့ခံ ပြိုင်ဘက် အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ လာခဲ့ပါတယ်။ ထိုစဉ်က ခက်ခဲခဲ့မှုများအပေါ် လူးဝစ်က ထုတ်ဖော် ပြောကြားမှု ပြုလုပ်လာခဲ့ပါတယ်။

အသက် ၃၂ နှစ် အရွယ် ခံစစ်မှူးဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှ စတန်းဖို့ ဘရစ်ချ်ကနေ ထွက်ခွာခဲ့တာ ဖြစ်ပြီး ကောင်းမွန်တဲ့ အနေအထားနဲ့ မဟုတ်ခဲ့ဘူးလို့ ဆိုရမှာပါ။ အသင်းက ထွက်ခွာခါနီးမှာ ချယ်ဆီးနည်းပြ လမ်းပတ်နဲ့ အချေအတင် စကားပြောဆိုမှုတွေ ရှိခဲ့တယ်လို့ သိရပြီး ဘရာဇီးသားဟာ ချယ်ဆီးမှာ ပွဲထွက် ကစားရဖို့ မသေချာတဲ့နောက် အသင်းပြောင်းဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီး ဗဟိုခံစစ်မှူးဟောင်းက နောက်ဆုံး ရက်ကျမှ မြို့ခံ ပြိုင်ဘက်အသင်းထံ ပြောင်းရွှေ့ ဖြစ်ခဲ့ပုံ အကြောင်း ဖွင့်ဟ ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

” ပထမဆုံး အနေနဲ့ ပြောချင်တာက ချယ်ဆီးမှာ ကျနော် အမြဲ ပျော်ရွှင်ခဲ့ရတာပါ။ အဲဒီနောက် ကျနော့် အခွင့်အရေးတွေက ကုန်ဆုံးလာပြီ သိလာရတယ်။ ဒီလို အဆုံးသတ်ဖို့ မသင့်ဘူးလို့ တွေးမိတဲ့နောက် ဆုံးဖြတ်ချက်တစ်ခု အလျင်အမြန် ချဖြစ်ခဲ့တယ်။

အာဆင်နယ်အသင်းဘက် တံခါးမဖွင့်ပေးခင်တည်းက ကျနော် ချယ်ဆီးက ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။ အာဆင်နယ်က အဲဒီအချိန်တုန်းက အခြေအနေကောင်းမှာ ရှိမနေဘူးဆိုတာ သိပါတယ်။ အထူးသဖြင့် ခံစစ်မှာပေါ့။ စားသောက်ဆိုင် တစ်ခုကို သွားပြီး စားတောင် မစားရသေးဘဲ ဘေလ် ပေးလိုက်ရသလို ဖြစ်မှာဆိုတာ သဘောပေါက်ပါတယ်။ ဒါပေမယ့် ကျနော် အဲဒီကို သွားဖြစ်ခဲ့တယ်။

ဒီလို အသင်းပြောင်းဖြစ်တယ် ဆိုတာက ကျနော့် ဘ၀ အတွက် စာမျက်နှာသစ် တစ်ခုကို စတင်ချင်လို့ပါ။ ကျနော် ဆက်လက် သင်ယူချင်သေးတယ်။ အစပိုင်းတော့ ဒါက မလွယ်ပါဘူး။ အသားကျဖို့ ကြိုးစားရတဲ့ အပြင် ဝေဖန်မှုတွေကိုလည်း ကြံ့ကြံ့ခံရပါတယ်။ ချယ်ဆီး အသင်း ပရိသတ်တွေရဲ့ ကျနော့် ဆုံးဖြတ်ချက်ကို နားမလည်ကြတဲ့ အပေါ် ဝမ်းနည်းရတယ်။ ချယ်ဆီး အသင်း အတွက် ချစ်ခင်မှုနဲ့ လေးစားမှုက ကျနော် အမြဲ အစစ်အမှန်ပါ။

စိတ်ခံစားမှုတွေက ထိန်းချုပ်ကိုင်တွယ်ရ ခက်ခဲပါတယ်။ နောက် ကစားပြီးရင်း ကစားနေပေမယ့် မျှော်မှန်းတာတွေ ဖြစ်မလာတဲ့ အခိုက်အတန့်တွေ ရှိခဲ့တယ်။ အူနိုင်းက နည်းပြကောင်း လူကြီးလူကောင်းပါ ဒါပေမယ့် ကိစ္စတွေက သူ အလို ရှိသလို ဖြစ်မလာဘူး။ ဒီတော့ တိုက်ခိုက်မှုတွေ အများအပြား ရင်ဆိုင်ရသလို နောက်တွန့်ဘဲ သန်သန်မာမာ ရပ်တည်ဖို့ ကြိုးစားရပါတယ်။ ” လို့ လူးဝစ်က ဖွင့်ဟခဲ့ပါတယ်။

အူနိုင်း အမ်မရီ ထွက်ခွာသွားပြီးနောက် အာတီတာ အာဆင်နယ် နည်းပြ ဖြစ်လာခဲ့ပြီး ဒေးဗစ် လူးဝစ်က အာဆင်နယ် ဗဟိုခံစစ်မှာ ဆက်လက် နေရာ ရနေဆဲ ဖြစ်ကာ ဂန်းနားတွေကလည်း တိုးတက်မှုတွေ မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

Zawgyi – ပရီးမီးယားလိဂ္ ၀ါရင့္ ခံစစ္မွဴး ေဒးဗစ္လူး၀စ္ဟာ ျပီးခဲ့တဲ့ေႏြက ခ်ယ္ဆီးကေန ထြကခြာလာျပီး လန္ဒန္ျမိဳ႔ခံ ျပိဳင္ဘက္ အာဆင္နယ္အသင္းထံ ေျပာင္းေရႊ႕ လာခဲ့ပါတယ္။ ထိုစဥ္က ခက္ခဲခဲ့မႈမ်ားအေပၚ လူး၀စ္က ထုတ္ေဖာ္ ေျပာၾကားမႈ ျပဳလုပ္လာခဲ့ပါတယ္။

အသက္ ၃၂ နွစ္ အရြယ္ ခံစစ္မွဴးဟာ အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္မွ စတန္းဖို႔ ဘရစ္ခ်္ကေန ထြက္ခြာခဲ့တာ ျဖစ္ျပီး ေကာင္းမြန္တဲ့ အေနအထားနဲ႕ မဟုတ္ခဲ့ဘူးလို႔ ဆိုရမွာပါ။ အသင္းက ထြက္ခြာခါနီးမွာ ခ်ယ္ဆီးနည္းျပ လမ္းပတ္နဲ႕ အေခ်အတင္ စကားေျပာဆိုမႈေတြ ရွိခဲ့တယ္လို႔ သိရျပီး ဘရာဇီးသားဟာ ခ်ယ္ဆီးမွာ ပြဲထြက္ ကစားရဖို႔ မေသခ်ာတဲ့ေနာက္ အသင္းေျပာင္းျဖစ္ခဲ့တာ ျဖစ္ပါတယ္။

ခ်ယ္ဆီး ဗဟိုခံစစ္မွဴးေဟာင္းက ေနာက္ဆံုး ရက္က်မွ ျမိဳ႕ခံ ျပိဳင္ဘက္အသင္းထံ ေျပာင္းေရႊ႕ ျဖစ္ခဲ့ပံု အေၾကာင္း ဖြင့္ဟ ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

” ပထမဆံုး အေနနဲ႕ ေျပာခ်င္တာက ခ်ယ္ဆီးမွာ က်ေနာ္ အျမဲ ေပ်ာ္ရႊင္ခဲ့ရတာပါ။ အဲဒီေနာက္ က်ေနာ့္ အခြင့္အေရးေတြက ကုန္ဆံုးလာျပီ သိလာရတယ္။ ဒီလို အဆံုးသတ္ဖို႔ မသင့္ဘူးလို႔ ေတြးမိတဲ့ေနာက္ ဆံုးျဖတ္ခ်က္တစ္ခု အလ်င္အျမန္ ခ်ျဖစ္ခဲ့တယ္။

အာဆင္နယ္အသင္းဘက္ တံခါးမဖြင့္ေပးခင္တည္းက က်ေနာ္ ခ်ယ္ဆီးက ထြက္ခြာဖို႔ ဆံုးျဖတ္ခဲ့တာပါ။ အာဆင္နယ္က အဲဒီအခ်ိန္တုန္းက အေျခအေနေကာင္းမွာ ရွိမေနဘူးဆိုတာ သိပါတယ္။ အထူးသျဖင့္ ခံစစ္မွာေပါ့။ စားေသာက္ဆုိင္ တစ္ခုကို သြားျပီး စားေတာင္ မစားရေသးဘဲ ေဘလ္ ေပးလိုက္ရသလို ျဖစ္မွာဆိုတာ သေဘာေပါက္ပါတယ္။ ဒါေပမယ့္ က်ေနာ္ အဲဒီကို သြားျဖစ္ခဲ့တယ္။

ဒီလို အသင္းေျပာင္းျဖစ္တယ္ ဆိုတာက က်ေနာ့္ ဘ၀ အတြက္ စာမ်က္နွာသစ္ တစ္ခုကို စတင္ခ်င္လို႕ပါ။ က်ေနာ္ ဆက္လက္ သင္ယူခ်င္ေသးတယ္။ အစပိုင္းေတာ့ ဒါက မလြယ္ပါဘူး။ အသားက်ဖို႕ ၾကိဳးစားရတဲ့ အျပင္ ေ၀ဖန္မႈေတြကိုလည္း ၾကံ႕ၾကံ႕ခံရပါတယ္။ ခ်ယ္ဆီး အသင္း ပရိသတ္ေတြရဲ႕ က်ေနာ့္ ဆံုးျဖတ္ခ်က္ကို နားမလည္ၾကတဲ့ အေပၚ ၀မ္းနည္းရတယ္။ ခ်ယ္ဆီး အသင္း အတြက္ ခ်စ္ခင္မႈနဲ႕ ေလးစားမႈက က်ေနာ္ အျမဲ အစစ္အမွန္ပါ။

စိတ္ခံစားမႈေတြက ထိန္းခ်ဳပ္ကိုင္တြယ္ရ ခက္ခဲပါတယ္။ ေနာက္ ကစားျပီးရင္း ကစားေနေပမယ့္ ေမွ်ာ္မွန္းတာေတြ ျဖစ္မလာတဲ့ အခိုက္အတန္႔ေတြ ရွိခဲ့တယ္။ အူနုိင္းက နည္းျပေကာင္း လူၾကီးလူေကာင္းပါ ဒါေပမယ့္ ကိစၥေတြက သူ အလို ရွိသလို ျဖစ္မလာဘူး။ ဒီေတာ့ တိုက္ခိုက္မႈေတြ အမ်ားအျပား ရင္ဆိုင္ရသလို ေနာက္တြန္႔ဘဲ သန္သန္မာမာ ရပ္တည္ဖို႔ ၾကိဳးစားရပါတယ္။ ” လို႔ လူး၀စ္က ဖြင့္ဟခဲ့ပါတယ္။

အူနုိင္း အမ္မရီ ထြက္ခြာသြားျပီးေနာက္ အာတီတာ အာဆင္နယ္ နည္းျပ ျဖစ္လာခဲ့ျပီး ေဒးဗစ္ လူး၀စ္က အာဆင္နယ္ ဗဟိုခံစစ္မွာ ဆက္လက္ ေနရာ ရေနဆဲ ျဖစ္ကာ ဂန္းနားေတြကလည္း တိုးတက္မႈေတြ ျမင္ေတြ႔ေနရျပီ ျဖစ္ပါတယ္။