တီမိုဝါနာကို ခေါ်ယူနိုင်ဖို့ ချယ်ဆီးဘက်က ကစားသမားနဲ့ တိုက်ရိုက် ဆက်သွယ်နေ

ချယ်ဆီးအသင်းက နွေအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ လိုက်ဇစ်တိုက်စစ်မှူး တီမိုဝါနာကို တိုက်ရိုက် ကမ်းလှမ်းမှု လုပ်နေကြောင်း ဂျာမနီသတင်းဌာန Kicker က ဖော်ပြလာပါတယ်။

တိုက်စစ်ပိုင်းကို အင်အားဖြည့်ဖို့က ချယ်ဆီးရဲ့ ဦးစားပေးပစ်မှတ်ဖြစ်ပြီး တိုက်စစ်မှူးနဲ့ တောင်ပံတိုက်စစ်တွေကို အားဖြည့်လိုနေတာဖြစ်တယ်။ ဂျာမနီသား တိုက်စစ်သမား ဝါနာက လိုက်ဇစ်ကနေ ထွက်ခွာပြီး မန်နေဂျာယာဂင်ကလော့ပ်ရှိရာ လီဗာပူးအသင်းကို ပြောင်းလိုကြောင်းတွေ ထုတ်ပြောထားတာပါ။

အစောပိုင်းတုန်းက ချယ်ဆီးဟာ ဝါနာကို ခေါ်ယူဖို့ နောက်ဆုတ်ခဲ့ပြီလို့ သတင်းတွေ ထွက်နေပေမယ့် ဂျာမနီသတင်းတွေကပဲ လန်ဒန်ကလပ်ဟာ ဝါနာကို တိုက်ရိုက် ဆက်သွယ်ပြီး ချိတ်ဆက်မှုတွေ လုပ်နေတာလို့ ဖော်ပြလာတာဖြစ်တယ်။ ၂၀၂၃ ခုနှစ်ထိ လိုက်ဇစ်အသင်းနဲ့ စာချုပ်ရှိနေတဲ့ ဝါနာကို ပေါင် ၅၁ သန်း ပေးရြင် ခေါ်ယူခွင့်ရှိမယ့် သဘောတူညီမှုလည်း ရှိထားတာဖြစ်တယ်။

ဥရောပမှာ အလိုရှိခြင်း အခံရဆုံး တိုက်စစ်သမားတွေထဲက တစ်ဦးအဖြစ် တောက်ပနေတဲ့ ဝါနာဟာ လိုက်ဇစ်အတွက် ပွဲပေါင်း ၁၅၀ ကစားပေးထားပြီး ကိုယ်တိုင် ၈၈ ဂိုး သွင်းယူထားသလို ဂိုးထောက်ပံံ့မှု ၃၉ ကြိမ်ထိ လုပ်ပေပးထားတာဖြစ်တယ်။ သူဟာ ဒီရာသီမှာတင် သွင်းဂိုး ၂၇ ဂိုးထိ သွင်းယူထားပါတယ်။

ချယ်ဆီးဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပီအက်ဂျီက ကာဗာနီ၊ နာပိုလီက ဒရိုင်းမာတင်တို့နဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ထားခဲ့တာဖြစ်တယ်။ ဒါပေမယ့် မန်နေဂျာလမ်းပတ်ကတော့ လိုင်ယွန်မှ ဒမ်ဘီလီ၊ လိုက်ဇစ်မှ ဝါနာလို လူငယ် တိုက်စစ်သမားတွေကိုပဲ ရေရှည်အတွက် ရည်ရွယ်ပြီး ခေါ်ယူလိုနေတာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးအသင္းက ေႏြအေျပာင္းအေရႊ႔မွာ ေခၚယူဖို႔ လိုက္ဇစ္တိုက္စစ္မွဴး တီမိုဝါနာကို တိုက္ရိုက္ ကမ္းလွမ္းမႈ လုပ္ေနေၾကာင္း ဂ်ာမနီသတင္းဌာန Kicker က ေဖာ္ျပလာပါတယ္။

တိုက္စစ္ပိုင္းကို အင္အားျဖည့္ဖို႔က ခ်ယ္ဆီးရဲ႕ ဦးစားေပးပစ္မွတ္ျဖစ္ျပီး တိုက္စစ္မွဴးနဲ႔ ေတာင္ပံတိုက္စစ္ေတြကို အားျဖည့္လိုေနတာျဖစ္တယ္။ ဂ်ာမနီသား တိုက္စစ္သမား ဝါနာက လိုက္ဇစ္ကေန ထြက္ခြာျပီး မန္ေနဂ်ာယာဂင္ကေလာ့ပ္ရွိရာ လီဗာပူးအသင္းကို ေျပာင္းလိုေၾကာင္းေတြ ထုတ္ေျပာထားတာပါ။

အေစာပိုင္းတုန္းက ခ်ယ္ဆီးဟာ ဝါနာကို ေခၚယူဖို႔ ေနာက္ဆုတ္ခဲ့ျပီလုိ႔ သတင္းေတြ ထြက္ေနေပမယ့္ ဂ်ာမနီသတင္းေတြကပဲ လန္ဒန္ကလပ္ဟာ ဝါနာကို တိုက္ရိုက္ ဆက္သြယ္ျပီး ခ်ိတ္ဆက္မႈေတြ လုပ္ေနတာလို႔ ေဖာ္ျပလာတာျဖစ္တယ္။ ၂၀၂၃ ခုႏွစ္ထိ လိုက္ဇစ္အသင္းနဲ႔ စာခ်ဳပ္ရွိေနတဲ့ ဝါနာကို ေပါင္ ၅၁ သန္း ေပးျရင္ ေခၚယူခြင့္ရွိမယ့္ သေဘာတူညီမႈလည္း ရွိထားတာျဖစ္တယ္။

ဥေရာပမွာ အလိုရွိျခင္း အခံရဆံုး တိုက္စစ္သမားေတြထဲက တစ္ဦးအျဖစ္ ေတာက္ပေနတဲ့ ဝါနာဟာ လိုက္ဇစ္အတြက္ ပြဲေပါင္း ၁၅၀ ကစားေပးထားျပီး ကိုယ္တိုင္ ၈၈ ဂိုး သြင္းယူထားသလို ဂိုးေထာက္ပံံ့မႈ ၃၉ ၾကိမ္ထိ လုပ္ေပပးထားတာျဖစ္တယ္။ သူဟာ ဒီရာသီမွာတင္ သြင္းဂိုး ၂၇ ဂိုုးထိ သြင္းယူထားပါတယ္။

ခ်ယ္ဆီးဟာ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ပီအက္ဂ်ီက ကာဗာနီ၊ နာပိုလီက ဒရိုင္းမာတင္တို႔နဲ႔ အေျပာင္းအေရႊ႔သတင္းေတြ ထြက္ထားခဲ့တာျဖစ္တယ္။ ဒါေပမယ့္ မန္ေနဂ်ာလမ္းပတ္ကေတာ့ လိုင္ယြန္မွ ဒမ္ဘီလီ၊ လိုက္ဇစ္မွ ဝါနာလို လူငယ္ တိုက္စစ္သမားေတြကိုပဲ ေရရွည္အတြက္ ရည္ရြယ္ျပီး ေခၚယူလိုေနတာျဖစ္ပါတယ္။