ရီးရဲလ်၊ ဘာကာတို့က အလိုရှိနေလည်း ချယ်ဆီးမှာပဲ ဆက်နေချင်တဲ့ ကန်တေ

စပိန်အင်အားကြီးကလပ်တွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ အသင်းတို့က ခေါ်ယူလိုနေသော်လည်း ချယ်ဆီး ကွင်းလယ်ကစားသမား ကန်တေကတော့ အသင်းပြောင်းလိုခြင်း မရှိဘဲ ချယ်ဆီးအသင်းမှာသာ ဆက် နေလိုနေကြောင်း သတင်း ထွက်ပေါ်လာပါတယ်။

ချယ်ဆီးအသင်းရဲ့ ဒီရာသီ ကစားထားတဲ့ ၄၂ ပွဲမှာ ကန်တေက တံကောက်ကြော ဒဏ်ရာ အပါအဝင် ဒဏ်ရာတွေကြောင့် ပွဲ ၂၀ လောက် မပါဝင်နိုင်ဘဲ ရှိခဲ့ပါတယ်။ ကန်တေ မပါဝင်နိုင်ချိန်မှာ ကိုဗာဆစ်နဲ့ ဂျော်ဂျင်ဟိုတို့က ကွင်းလယ်မှာ အချိတ်အဆက်မိစွာ နေရာရလာခဲ့ပါတယ်။

ဒါ့အပြင် လူငယ် ဘီလီ ဂေးလ်မား တောင်ပလာတာ၊ လော့ဖ်တပ်ချိစ် ဒဏ်ရာကနေ ပြန်ကောင်းလာတာက လမ်းပတ် အတွက် ကွင်းလယ် အခင်းအကျင်းမှာ ရွေးချယ်စရာတွေ ရှိလာတဲ့ အပြင် ရော့စ် ဘာကလေနဲ့ မေဆန်မောင့်တို့ပါ ရှိနေပါသေးတယ်။ ချယ်ဆီး အနေနဲ့ ကန်တေ အတွက် ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေ ရှိလာရင် လက်ခံစဉ်းစားနိုင်ဖွယ် ရှိနေတဲ့ အနေအထားပါ။

ရီးရဲလ်မက်ဒရစ် နည်းပြ ဇီဒန်းဟာ ကန်တေကို ကာလရှည် စောင့်ကြည့် သဘောကျနေခဲ့သူ ဖြစ်ပြီး ရီးရဲလ်မှာ ကတ်စ်မဲရိုး နေရာ ဆက်ခံဖို့ အရန် ကွင်းလယ် တစ်ဦး ရှာဖွေနေပါတယ်။ လက်ရှိ ချယ်ဆီးမှာ လုပ်ခ အများဆုံး အဖြစ် တစ်ပတ် ပေါင် ၂သိန်း ၉သောင်း ရနေတဲ့ ကန်တေက အရန် နေရာ အတွက် လက်ခံနိုင်ပါ့မလား ဆိုတဲ့ တချက်တော့ အတားအဆီး ရှိနေပါတယ်။

ဘာစီလိုနာကလည်း ကန်တေကို ခေါ်ယူလိုကြောင်း ပြသထားပြီး ဒီနွေမှာ ရောင်းချမှသာ ဝယ်ယူလိုနေတာပါ။ ပြောင်းရွှေ့ကြေးထဲမှာ ကော်တင်ညိုကို ထည့်သွင်း ကမ်းလှမ်းတာမျိုး လုပ်ဖို့လည်း ဘာစီလိုနာတို့ စိတ်အားထက်သန်နေပါတယ်။

ကန်တေကတော့ လန်ဒန်မှာ အခြေကျနေပြီး လက်ရှိ စာချုပ်ကလည်း သုံးနှစ် ကျန်ရှိနေပါသေးတယ်။ ကန်တေက ကစားသမားဘ၀ တချိန်မှာတော့ စပိန်အင်အားကြီးကလပ် တစ်သင်းသင်းမှာ ကစားဖူးချင်ကြောင်း ဖွင့်ဟဝန်ခံဖူးပါတယ်။ လောလောဆယ်မှာတော့ ပြင်သစ်သား လန်ဒန်ကလပ် ချယ်ဆီးကနေ မထွက်ခွာလိုဘဲ ဆက်လက် ရှိနေချင်သေးတာကြောင့် အပြောင်းအရွှေ့ ဖြစ်လာဖို့ ခက်ခဲဦးမှာပါ။

Zawgyi – စပိန္အင္အားၾကီးကလပ္ေတြ ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္နဲ႕ ဘာစီလိုနာ အသင္းတို႔က ေခၚယူလိုေနေသာ္လည္း ခ်ယ္ဆီး ကြင္းလယ္ကစားသမား ကန္ေတကေတာ့ အသင္းေျပာင္းလိုျခင္း မရွိဘဲ ခ်ယ္ဆီးအသင္းမွာသာ ဆက္ ေနလိုေနေၾကာင္း သတင္း ထြက္ေပၚလာပါတယ္။

ခ်ယ္ဆီးအသင္းရဲ႕ ဒီရာသီ ကစားထားတဲ့ ၄၂ ပြဲမွာ ကန္ေတက တံေကာက္ေၾကာ ဒဏ္ရာ အပါအ၀င္ ဒဏ္ရာေတြေၾကာင့္ ပြဲ ၂၀ ေလာက္ မပါ၀င္နိုင္ဘဲ ရွိခဲ့ပါတယ္။ ကန္ေတ မပါ၀င္နုိင္ခ်ိန္မွာ ကိုဗာဆစ္နဲ႕ ေဂ်ာ္ဂ်င္ဟိုတို႔က ကြင္းလယ္မွာ အခ်ိတ္အဆက္မိစြာ ေနရာရလာခဲ့ပါတယ္။

ဒါ့အျပင္ လူငယ္ ဘီလီ ေဂးလ္မား ေတာင္ပလာတာ၊ ေလာ့ဖ္တပ္ခ်ိစ္ ဒဏ္ရာကေန ျပန္ေကာင္းလာတာက လမ္းပတ္ အတြက္ ကြင္းလယ္ အခင္းအက်င္းမွာ ေရြးခ်ယ္စရာေတြ ရွိလာတဲ့ အျပင္ ေရာ့စ္ ဘာကေလနဲ႕ ေမဆန္ေမာင့္တို႔ပါ ရွိေနပါေသးတယ္။ ခ်ယ္ဆီး အေနနဲ႕ ကန္ေတ အတြက္ ေကာင္းမြန္တဲ့ ကမ္းလွမ္းမႈေတြ ရွိလာရင္ လက္ခံစဥ္းစားနိုင္ဖြယ္ ရွိေနတဲ့ အေနအထားပါ။

ရီးရဲလ္မက္ဒရစ္ နည္းျပ ဇီဒန္းဟာ ကန္ေတကို ကာလရွည္ ေစာင့္ၾကည့္ သေဘာက်ေနခဲ့သူ ျဖစ္ျပီး ရီးရဲလ္မွာ ကတ္စ္မဲရိုး ေနရာ ဆက္ခံဖို႔ အရန္ ကြင္းလယ္ တစ္ဦး ရွာေဖြေနပါတယ္။ လက္ရွိ ခ်ယ္ဆီးမွာ လုပ္ခ အမ်ားဆံုး အျဖစ္ တစ္ပတ္ ေပါင္ ၂သိန္း ၉ေသာင္း ရေနတဲ့ ကန္ေတက အရန္ ေနရာ အတြက္ လက္ခံနုိင္ပါ့မလား ဆိုတဲ့ တခ်က္ေတာ့ အတားအဆီး ရွိေနပါတယ္။

ဘာစီလိုနာကလည္း ကန္ေတကို ေခၚယူလိုေၾကာင္း ျပသထားျပီး ဒီေႏြမွာ ေရာင္းခ်မွသာ ၀ယ္ယူလိုေနတာပါ။ ေျပာင္းေရႊ႕ေၾကးထဲမွာ ေကာ္တင္ညိဳကို ထည့္သြင္း ကမ္းလွမ္းတာမ်ိဳး လုပ္ဖို႔လည္း ဘာစီလိုနာတို႔ စိတ္အားထက္သန္ေနပါတယ္။

ကန္ေတကေတာ့ လန္ဒန္မွာ အေျခက်ေနျပီး လက္ရွိ စာခ်ဳပ္ကလည္း သံုးနွစ္ က်န္ရွိေနပါေသးတယ္။ ကန္ေတက ကစားသမားဘ၀ တခ်ိန္မွာေတာ့ စပိန္အင္အားၾကီးကလပ္ တစ္သင္းသင္းမွာ ကစားဖူးခ်င္ေၾကာင္း ဖြင့္ဟ၀န္ခံဖူးပါတယ္။ ေလာေလာဆယ္မွာေတာ့ ျပင္သစ္သား လန္ဒန္ကလပ္ ခ်ယ္ဆီးကေန မထြက္ခြာလိုဘဲ ဆက္လက္ ရွိေနခ်င္ေသးတာေၾကာင့္ အေျပာင္းအေရႊ႕ ျဖစ္လာဖို႔ ခက္ခဲဦးမွာပါ။