သူ့နေရာ အစားထိုးစေဖို့ တယ်ရီ ကြိုးစားပေးခဲ့ပေမယ့် အခွင့်အရေး မရခဲ့တဲ့ ချယ်ဆီးကြယ်ပွင့်

ချယ်ဆီးဂန္တဝင်ကြီး တယ်ရီက မန်နေဂျာကွန်တီလက်ထက်မှာ အကယ်ဒမီ ကစားသမားတွေဖြစ်တဲ့ အကီနဲ့ ဇူးမားတို့ကို နေရာပေးဖို့ စီစဉ်ပေးခဲ့ကြောင်း ထုတ်ပြောခဲ့တယ်။

အထူးသဖြင့် အသက် ၁၆နှစ်အရွယ်မှာ ဖီယွန်နော့ကနေ ချယ်ဆီးကို ရောက်ခဲ့တဲ့ အကီအတွက် ပွဲကစားခွင့်တွေ ရှာပေးခဲ့ပေမယ့် နယ်သာလန်သားဟာ ချယ်ဆီးကနေ ဘုန်းမောက်ကို ရောင်းထုတ်ခြင်း ခံခဲ့ရတာကြောင့် တယ်ရီရဲ့ ကြိုးစားမှုက အကျိုးမဖြစ်ဘူး ဖြစ်ခဲ့ရပါတယ်။

တယ်ရီက ” အကီကို အသင်းမှာ နေရာရစေချင်တာကြောင့် မန်နေဂျာကို ကျနော်ကို အရန်ခုံမှာထားပြီး အကီကို လူစာရင်းထဲ ထည့်ဖို့ တိုက်တွန်းခဲ့တယ်။ အဲ့မတိုင်ခင်လည်း အကီကို အရန်စာရင်းထဲ ခေါ်လာဖို့နဲ့ စီနီယာအဆင့်မှာ နေရာပေးမှုတွေ လုပ်ရမယ်၊ သူ့အတွက် အတွေ့အကြုံတွေ ရှာပေးရမယ်လို့ တိုက်တွန်းခဲ့တယ်။

မန်နေဂျာက အကီကို ၁၀ ပွဲလောက်ထိကို အရန်စာရင်းမှာ ထားတာတွေ လုပ်ခဲ့တယ်။ အက်အေဖလားမှာ စပါးနဲ့ ယှဉ်ပြိုင်ကစားခဲ့စဉ် အကီကို ထုတ်သုံးမှုတွေတောင် လုပ်ခဲ့ပါတယ်။ ကျနော်အနေနဲ့ သူ့အတွက် အဲ့လောက်ပဲ ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါမျိုးကို အခြား စီနီယာအသင်းသားတွေ လုပ်ပေးနိုင်ပါ့မလား မသေချာပါဘူး ” လို့ ဖွင့်ဟခဲ့တာဖြစ်တယ်။

အကီဟာ လွန်ခဲ့တဲ့ နှစ်နှစ်က ဘုန်းမောက်ကို အပြီးသတ် မပြောင်းရွှေ့ခင် စတန်းဖို့ဒ်ဘရစ်ချ်မှာ ငါးနှစ်ကြာ ရှိနေခဲ့တာပါ။ ဘုန်းမောက်ကို ပြောင်းခဲ့တုန်းက ကစားသမား ပြန်လာချင်ရင် ပေါင် သန်း ၄၀ နဲ့ ပြန်ခေါ်နိုင်တယ်ဆိုတဲ့ အချက်ကို သဘောတူညီမှု ယူခဲ့တာ ဖြစ်တယ်။

ဇန်နဝါရီမှာ ဈေးကွက်အတွင်း ပြန်ဝင်ရောက်ခွင့် ရခဲ့ချိန် ချယ်ဆီးနဲ့ အကီကြား သတင်းတွေ ထွက်ပေါ်လာခဲ့သေးပေမယ့် တရားဝင် ကမ်းလှမ်းမှုတွေတော့ ပြုလုပ်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးဂႏၱဝင္ၾကီး တယ္ရီက မန္ေနဂ်ာကြန္တီလက္ထက္မွာ အကယ္ဒမီ ကစားသမားေတြျဖစ္တဲ့ အကီနဲ႔ ဇူးမားတို႔ကို ေနရာေပးဖို႔ စီစဥ္ေပးခဲ့ေၾကာင္း ထုတ္ေျပာခဲ့တယ္။

အထူးသျဖင့္ အသက္ ၁၆ႏွစ္အရြယ္မွာ ဖီယြန္ေနာ့ကေန ခ်ယ္ဆီးကို ေရာက္ခဲ့တဲ့ အကီအတြက္ ပြဲကစားခြင့္ေတြ ရွာေပးခဲ့ေပမယ့္ နယ္သာလန္သားဟာ ခ်ယ္ဆီးကေန ဘုန္းေမာက္ကို ေရာင္းထုတ္ျခင္း ခံခဲ့ရတာေၾကာင့္ တယ္ရီရဲ႕ ၾကိဳးစားမႈက အက်ိဳးမျဖစ္ဘူး ျဖစ္ခဲ့ရပါတယ္။

တယ္ရီက ” အကီကို အသင္းမွာ ေနရာရေစခ်င္တာေၾကာင့္ မန္ေနဂ်ာကို က်ေနာ္ကို အရန္ခံုမွာထားျပီး အကီကို လူစာရင္းထဲ ထည့္ဖို႔ တိုက္တြန္းခဲ့တယ္။ အဲ့မတိုင္ခင္လည္း အကီကို အရန္စာရင္းထဲ ေခၚလာဖို႔နဲ႔ စီနီယာအဆင့္မွာ ေနရာေပးမႈေတြ လုပ္ရမယ္၊ သူ႔အတြက္ အေတြ႔အၾကံဳေတြ ရွာေပးရမယ္လို႔ တိုက္တြန္းခဲ့တယ္။

မန္ေနဂ်ာက အကီကို ၁၀ ပြဲေလာက္ထိကို အရန္စာရင္းမွာ ထားတာေတြ လုပ္ခဲ့တယ္။ အက္ေအဖလားမွာ စပါးနဲ႔ ယွဥ္ျပိဳင္ကစားခဲ့စဥ္ အကီကို ထုတ္သံုးမႈေတြေတာင္ လုပ္ခဲ့ပါတယ္။ က်ေနာ္အေနနဲ႔ သူ႔အတြက္ အဲ့ေလာက္ပဲ ကူညီေပးႏုိင္ခဲ့ပါတယ္။ ဒါမ်ိဳးကို အျခား စီနီယာအသင္းသားေတြ လုပ္ေပးႏုိင္ပါ့မလား မေသခ်ာပါဘူး ” လို႔ ဖြင့္ဟခဲ့တာျဖစ္တယ္။

အကီဟာ လြန္ခဲ့တဲ့ ႏွစ္ႏွစ္က ဘုန္းေမာက္ကို အၿပီးသတ္ မေျပာင္းေရႊ႔ခင္ စတန္းဖို႔ဒ္ဘရစ္ခ်္မွာ ငါးႏွစ္ၾကာ ႐ွိေနခဲ့တာပါ။ ဘုန္းေမာက္ကို ေျပာင္းခဲ့တုန္းက ကစားသမား ျပန္လာခ်င္ရင္ ေပါင္ သန္း ၄၀ နဲ႔ ျပန္ေခၚႏိုင္တယ္ဆိုတဲ့ အခ်က္ကို သေဘာတူညီမႈ ယူခဲ့တာ ျဖစ္တယ္။

ဇန္နဝါရီမွာ ေစ်းကြက္အတြင္း ျပန္ဝင္ေရာက္ခြင့္ ရခဲ့ခ်ိန္ ခ်ယ္ဆီးနဲ႔ အကီၾကား သတင္းေတြ ထြက္ေပၚလာခဲ့ေသးေပမယ့္ တရားဝင္ ကမ္းလွမ္းမႈေတြေတာ့ ျပဳလုပ္ခဲ့ျခင္း မရွိတာျဖစ္ပါတယ္။