ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ကိုပဲ ပိုမိုအားသန်နေတဲ့ လမ်းပတ်ရဲ့ နွေပစ်မှတ်

ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်ဟာ အသင်း နံပါတ် တစ် ဂိုးသမား ကီပါကို စိတ်တိုင်း မကျတာကြောင့် ဂိုးသမားသစ် ရှာဖွေနေရာမှာ အေဂျက် ဂိုးသမား အိုနာနာကို ခေါ်ယူလိုနေပါတယ်။

ချယ်ဆီး ချိတ်ဆက်ဖို့ ကြိုးစားလာတဲ့ ထဲမှာ အေးဂျက်နဲ့ စာချုပ် သက်တမ်း နှစ်နှစ် ကျန်နေသေးတဲ့ ဂိုးသမား အိုနာနာ အပြင် ဘန်လေ ဂိုးသမား နစ်ပုတ်နဲ့ လိုင်လီ ဂိုးသမား မိုက်မင်နန်တို့ ပါဝင်နေပါတယ်။ ဒါပေမယ့်လို့ ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ဖြစ်တဲ့ အိုနာနာက နယ်သာလန်လိဂ်ကနေ ထွက်ခွာရင် အသင်းဟောင်းထံကို ပြန်သွားဖို့ကိုပဲ ပိုမို စိတ်ဝင်စားနေတာပါ။

အိုနာနာက ပြောရာမှာ ” ဘာစီလိုနာအကြောင်း ပြောဖို့က ခက်ပါတယ်။ ကျနော်က ကလပ် ဥက္ကဌနဲ့ ကော နည်းပြတွေနဲ့ပါ ဆက်ဆံရေးကောင်းတွေ ရှိနေပါသေးတယ်။ ဘာကာက ကျနော် အိမ်ပါ။ ကျနော် ပြန်လို့ရရင် ပြန်မှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အဲ့လို ဖြစ်နိုင်ဖို့ ဝေးနေပါသေးတယ်။

ရာသီကုန်မှာ ဘာဖြစ်လာမလဲဆိုတာ သိရပါမယ်။ ကျနော်ကတော့ ကွင်းထဲမှာ ဘာဖြစ်မလဲဆိုတဲ့ ဘောလုံးကိစ္စ အပေါ်မှာပဲ ဂရုစိုက်ရမှာပေါ့ဗျာ။ ကျန်တာကတော့ အေးဂျင့်က စီမံပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လမ်းပတ်ဟာ ကင်းထောက်တွေ ရှာဖွေလာတဲ့ ကစားသမားတွေထက် သူကိုယ်တိုင် ခြေစွမ်းကို မြင်ဖူး သဘောကျဖူးသူတွေကိုသာ ခေါ်ယူလိုသူပါ။ အိုနာနာ ချယ်ဆီးထံ ပြောင်းရွှေ့ဖို့ ရေပန်းစားရတာက ဒီရာသီ ချယ်ဆီးနဲ့ ချန်ပီယံလိဂ် တေ့ွဆုံတဲ့ ပွဲမှာ လမ်းပတ်က ကင်မရွန်းသား လက်စွမ်းကို မြင်ခဲ့ရပြီး ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္ဟာ အသင္း နံပါတ္ တစ္ ဂိုးသမား ကီပါကို စိတ္တိုင္း မက်တာေၾကာင့္ ဂိုးသမားသစ္ ရွာေဖြေနရာမွာ ေအဂ်က္ ဂိုးသမား အိုနာနာကို ေခၚယူလိုေနပါတယ္။

ခ်ယ္ဆီး ခ်ိတ္ဆက္ဖို႔ ၾကိဳးစားလာတဲ့ ထဲမွာ ေအးဂ်က္နဲ႔ စာခ်ဳပ္ သက္တမ္း နွစ္နွစ္ က်န္ေနေသးတဲ့ ဂိုးသမား အိုနာနာ အျပင္ ဘန္ေလ ဂိုးသမား နစ္ပုတ္နဲ႔ လိုင္လီ ဂိုးသမား မိုက္မင္နန္တို႔ ပါ၀င္ေနပါတယ္။ ဒါေပမယ့္လို႔ ဘာစီလိုနာရဲ႕ နာမည္ေက်ာ္ လာမာစီယာ အကယ္ဒမီထြက္ ျဖစ္တ့ဲ အိုနာနာက နယ္သာလန္လိဂ္ကေန ထြက္ခြာရင္ အသင္းေဟာင္းထံကို ျပန္သြားဖို႔ကိုပဲ ပိုမို စိတ္ဝင္စားေနတာပါ။

အိုနာနာက ေျပာရာမွာ ” ဘာစီလိုနာအေၾကာင္း ေျပာဖို႔က ခက္ပါတယ္။ က်ေနာ္က ကလပ္ ဥကၠဌနဲ႔ ေကာ နည္းျပေတြနဲ႔ပါ ဆက္ဆံေရးေကာင္းေတြ ရွိေနပါေသးတယ္။ ဘာကာက က်ေနာ္ အိမ္ပါ။ က်ေနာ္ ျပန္လို႔ရရင္ ျပန္မွာျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ အဲ့လို ျဖစ္ႏုိင္ဖို႔ ေဝးေနပါေသးတယ္။

ရာသီကုန္မွာ ဘာျဖစ္လာမလဲဆိုတာ သိရပါမယ္။ က်ေနာ္ကေတာ့ ကြင္းထဲမွာ ဘာျဖစ္မလဲဆိုတဲ့ ေဘာလံုးကိစၥ အေပၚမွာပဲ ဂရုစိုက္ရမွာေပါ့ဗ်ာ။ က်န္တာကေတာ့ ေအးဂ်င့္က စီမံပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လမ္းပတ္ဟာ ကင္းေထာက္ေတြ ရွာေဖြလာတဲ့ ကစားသမားေတြထက္ သူကိုယ္တိုင္ ေျခစြမ္းကို ျမင္ဖူး သေဘာက်ဖူးသူေတြကိုသာ ေခၚယူလိုသူပါ။ အိုနာနာ ခ်ယ္ဆီးထံ ေျပာင္းေရႊ႕ဖို႔ ေရပန္းစားရတာက ဒီရာသီ ခ်ယ္ဆီးနဲ႕ ခ်န္ပီယံလိဂ္ ေတ႔ြဆံုတဲ့ ပြဲမွာ လမ္းပတ္က ကင္မရြန္းသား လက္စြမ္းကို ျမင္ခဲ့ရျပီး ျဖစ္ပါတယ္။