ဂျင်မီရပ်နက် ထုတ်ဖော်တဲ့ ချယ်ဆီး ခြေစွမ်း ဆက်တိုက်ကျဆင်းနေတဲ့ အကြောင်းရင်း

ခ်ယ္ဆီးဟာ ဒီလေတြထဲ ေျခစြမ္းေတြ ဆက္တိုက္က်ဆင္းေနျပီး ရံွဴးပြဲေတြကို တစ္ပြဲျခားဆိုသလို ရရွိေနတာပါ။ ရလဒ္ေကာင္းေတြကေန အခုလို ရလဒ္ေတြ ဆက္တုိက္က်ဆင္းေနတဲ့ အေၾကာင္းရင္းအတြက္ အေျဖကို ဂ်င္မီရပ္နက္က သူ႔အျမင္အား ထုတ္ေျပာခဲ့ပါတယ္။

ရပ္နက္က ” ခ်ယ္ဆီးက ရလဒ္ေတြ က်ဆင္းေနတယ္။ လမ္းပတ္လက္ထက္ ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ အမွတ္ေပးပြဲ ၅ ပြဲမွာ ၄ ပြဲထိ အေရးနိမ့္ထားတယ္။ ဒါေပမယ့္ လူငယ္ေတြကို အျပစ္မတင္ခင္ အေျခအေနေတြကို ျပန္သံုးသပ္ဖို႔ လိုပါတယ္။

ေမာင့္က အသက္ ၂၀ ျဖစ္ျပီး ေအဘရာဟမ္က ၂၂ နွစ္ပါ။ ခ်ယ္ဆီးအသင္း ႏုိင္ပြဲရဖို႔ ဒီကစားသမား ႏွစ္ဦးဟာ ဖန္တီးတယ္၊ ဂိုးသြင္းတယ္ ဒါေတြကို အျမဲ လုပ္ေပးေနရတယ္။ သူတို႔က ျပင္းျပင္းထန္ထန္ ကစားေပမယ့္ အပတ္တိုင္းမွာ ကမၻာအခက္ခဲဆံုး ျပိဳင္ပြဲၾကီးထဲ ေျခစြမ္းျပဖို႔ေတာ့ မလြယ္ပါဘူး။

လမ္းပတ္ရဲ႕ လူစာရင္းက ဝါရင့္ကစားသမားေတြကိုလည္း ထည့္တြက္သင့္ပါတယ္။ သူတို႔ကလည္း လႈပ္အားေတြကို မွ်ေဝေပးဖို႔လိုတယ္။ ဝီလီယမ္ကို ေမွ်ာ္လင့္ႏုိင္ေပမယ့္ ပက္ဒရိုဟာ ေမာင့္နဲ႔ ေအဘရာဟမ္လို ကလပ္ကို ထမ္းတင္ဖို႔ ေမွ်ာ္လင့္လို႔ မရႏုိင္ဘူး။ ကြင္းထဲမွာ သူတို႔လည္း စြမ္းေဆာင္ရည္ေကာင္းဖို႔ လိုပါတယ္။

ဒီတာဝန္ေတြ ေမာင့္ထံ ပံုက်လာတဲ့အခါ အနားယူရတာက သူ႔အတြက္ အက်ိဳးအျမတ္ျဖစ္မွာပါ။ က်ေနာ္ ၁၉ ႏွစ္သား အရြယ္မွာ လီဗာပူးအသင္းထံ ေရာက္လာခဲ့ျပီး ခက္ခဲတဲ့ ကြင္းတြင္းအေျခအေနကို ျဖတ္ေက်ာ္ခဲ့ရတယ္။ ေလ့က်င့္ေရးမွာ မန္ေနဂ်ာေဆာင္းနပ္က က်ေနာ္ကို ထြက္သြားဖို႔ေျပာတယ္။ က်ေနာ္က စိတ္ဆိုးခဲ့တယ္။ ဒါေပမယ့္ ေဆာင္းနပ္က က်ေနာ္ ပြဲေတြ အမ်ားၾကီး ကစားထားရတယ္၊ အနားယူဖို႔လိုတယ္လို႔ ေျပာခဲ့တယ္။

စိတ္ဆိုးေပမယ့္ က်ေနာ္ အနားယူခဲ့တယ္၊ ျပန္လည္အားျဖည့္ခဲ့တယ္။ ေနာက္ေတာ့ ျပန္ျပီး ေျခစြမ္းျပႏုိင္တယ္။ ဒီေတာ့ အနားယူတာက ေမာင့္အတြက္ အကူအညီျဖစ္ပါတယ္။ သူကေတာ့ သေဘာတူခ်င္မွ တူမယ္။ ေအဘရာဟမ္အတြက္လည္း ပိုေကာင္းတဲ့ အကူလိုပါတယ္။ ဘတ္ရႈဝါရီနဲ႔တင္ မလံုေလာက္ဘူး၊ ယူရိုျပိဳင္ပြဲကို ပါဝင္လိုတဲ့ ဂ်ီရူးကလည္း ထြက္သြားေတာ့မယ္။

ဇန္နဝါရီ အေျပာင္းအေရႊ႔ ဝင္ေရာက္ လႈပ္ရွားခြင့္ရျပီျဖစ္လို႔ လမ္းပတ္မွာ အစီအစဥ္ေတြ ရွိေနပါမယ္။ ေမာင့္နဲ႔ ေအဘရာဟမ္တို႔ရဲ႕ ဖိအားေတြကို သက္သာရာရေစဖို႔ အေတြ႔အၾကံဳ အနည္းငယ္ ပိုရွိတဲ့ ကစားသမားေတြကို သူရွာေဖြေနမယ္လို႔ ထင္ပါတယ္ ” ဆိုျပီး ေျပာဆိုခဲ့တာျဖစ္ပါတယ္။

UNICODE

ချယ်ဆီးဟာ ဒီလတွေထဲ ခြေစွမ်းတွေ ဆက်တိုက်ကျဆင်းနေပြီး ရံှူးပွဲတွေကို တစ်ပွဲခြားဆိုသလို ရရှိနေတာပါ။ ရလဒ်ကောင်းတွေကနေ အခုလို ရလဒ်တွေ ဆက်တိုက်ကျဆင်းနေတဲ့ အကြောင်းရင်းအတွက် အဖြေကို ဂျင်မီရပ်နက်က သူ့အမြင်အား ထုတ်ပြောခဲ့ပါတယ်။

ရပ်နက်က ” ချယ်ဆီးက ရလဒ်တွေ ကျဆင်းနေတယ်။ လမ်းပတ်လက်ထက် နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ အမှတ်ပေးပွဲ ၅ ပွဲမှာ ၄ ပွဲထိ အရေးနိမ့်ထားတယ်။ ဒါပေမယ့် လူငယ်တွေကို အပြစ်မတင်ခင် အခြေအနေတွေကို ပြန်သုံးသပ်ဖို့ လိုပါတယ်။

မောင့်က အသက် ၂၀ ဖြစ်ပြီး အေဘရာဟမ်က ၂၂ နှစ်ပါ။ ချယ်ဆီးအသင်း နိုင်ပွဲရဖို့ ဒီကစားသမား နှစ်ဦးဟာ ဖန်တီးတယ်၊ ဂိုးသွင်းတယ် ဒါတွေကို အမြဲ လုပ်ပေးနေရတယ်။ သူတို့က ပြင်းပြင်းထန်ထန် ကစားပေမယ့် အပတ်တိုင်းမှာ ကမ္ဘာအခက်ခဲဆုံး ပြိုင်ပွဲကြီးထဲ ခြေစွမ်းပြဖို့တော့ မလွယ်ပါဘူး။

လမ်းပတ်ရဲ့ လူစာရင်းက ဝါရင့်ကစားသမားတွေကိုလည်း ထည့်တွက်သင့်ပါတယ်။ သူတို့ကလည်း လှုပ်အားတွေကို မျှဝေပေးဖို့လိုတယ်။ ဝီလီယမ်ကို မျှော်လင့်နိုင်ပေမယ့် ပက်ဒရိုဟာ မောင့်နဲ့ အေဘရာဟမ်လို ကလပ်ကို ထမ်းတင်ဖို့ မျှော်လင့်လို့ မရနိုင်ဘူး။ ကွင်းထဲမှာ သူတို့လည်း စွမ်းဆောင်ရည်ကောင်းဖို့ လိုပါတယ်။

ဒီတာဝန်တွေ မောင့်ထံ ပုံကျလာတဲ့အခါ အနားယူရတာက သူ့အတွက် အကျိုးအမြတ်ဖြစ်မှာပါ။ ကျနော် ၁၉ နှစ်သား အရွယ်မှာ လီဗာပူးအသင်းထံ ရောက်လာခဲ့ပြီး ခက်ခဲတဲ့ ကွင်းတွင်းအခြေအနေကို ဖြတ်ကျော်ခဲ့ရတယ်။ လေ့ကျင့်ရေးမှာ မန်နေဂျာဆောင်းနပ်က ကျနော်ကို ထွက်သွားဖို့ပြောတယ်။ ကျနော်က စိတ်ဆိုးခဲ့တယ်။ ဒါပေမယ့် ဆောင်းနပ်က ကျနော် ပွဲတွေ အများကြီး ကစားထားရတယ်၊ အနားယူဖို့လိုတယ်လို့ ပြောခဲ့တယ်။

စိတ်ဆိုးပေမယ့် ကျနော် အနားယူခဲ့တယ်၊ ပြန်လည်အားဖြည့်ခဲ့တယ်။ နောက်တော့ ပြန်ပြီး ခြေစွမ်းပြနိုင်တယ်။ ဒီတော့ အနားယူတာက မောင့်အတွက် အကူအညီဖြစ်ပါတယ်။ သူကတော့ သဘောတူချင်မှ တူမယ်။ အေဘရာဟမ်အတွက်လည်း ပိုကောင်းတဲ့ အကူလိုပါတယ်။ ဘတ်ရှုဝါရီနဲ့တင် မလုံလောက်ဘူး၊ ယူရိုပြိုင်ပွဲကို ပါဝင်လိုတဲ့ ဂျီရူးကလည်း ထွက်သွားတော့မယ်။

ဇန်နဝါရီ အပြောင်းအရွှေ့ ဝင်ရောက် လှုပ်ရှားခွင့်ရပြီဖြစ်လို့ လမ်းပတ်မှာ အစီအစဉ်တွေ ရှိနေပါမယ်။ မောင့်နဲ့ အေဘရာဟမ်တို့ရဲ့ ဖိအားတွေကို သက်သာရာရစေဖို့ အတွေ့အကြုံ အနည်းငယ် ပိုရှိတဲ့ ကစားသမားတွေကို သူရှာဖွေနေမယ်လို့ ထင်ပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။