ဂရင်းဝုဒ်နဲ့ နှိုင်းယှဉ်ကာ တိုက်စစ်မှူး မာရှယ်ကို ဝေဖန်လိုက်တဲ့ ရိုင်ယန်ဂစ်

မန္ခ်က္စတာ ယူနိုက္တက္ ဂႏၱ၀င္ၾကီး ရိုင္ယန္ဂစ္က ယူနိုက္တက္ရဲ႕ အဲဗာတန္ကို သေရက်သြားတဲ့ ပြဲအျပီးမွာ တိုက္စစ္မွဴး မာရွယ္ရဲ႕ စြမ္းေဆာင္ရည္အေပၚ ျပင္းျပင္းထန္ထန္ ေ၀ဖန္သြားပါတယ္။

ယူနိုက္တက္ ၾကယ္ပြင့္ တိုက္စစ္မွဴးဟာ ထိုပဲြစဥ္မွာ ေျခစြမ္းျပဖို႔ ရုန္းကန္ေနခဲ့ရျပီး အရန္ခံုက ထကာ လူစား၀င္ကစားခဲ့တဲ့ လူငယ္ကစားသမား ေမဆန္ ဂရင္း၀ုဒ္က ယူနိုက္တက္ရဲ႕ ေခ်ပဂိုးကို သြင္းယူေပးခဲ့ျပီး ရွံဳးပြဲေတြ႔မယ့္ အေရးမွ ကယ္တင္ေပးခဲ့ပါတယ္။ ယူနိုက္တက္ဟာ အဲဗာတန္ဘက္ ကန္ခ်က္ ၂၄ ၾကိမ္ထိ ရွိခဲ့ေပမယ့္ ဂိုးရေအာင္ လံုေလာက္တဲ့ ျခိမ္းေျခာက္နိုင္မႈ မရွိခဲ့ပါဘူး။

ဒါေၾကာင့္ လူငယ္ေလး ျဖစ္တဲ့ ဂရင္း၀ုဒ္ကေတာင္ မာရွယ္ထက္ ပြဲထြက္ ကစားခြင့္ ထိုက္တန္ေနေသးတယ္လို႔ ဂစ္က ေထာက္ျပကာ မာရွယ္ရဲ႕ အားထုတ္မႈ အေပၚ ေ၀ဖန္သြားခဲ့တာပါ။

” မာရွယ္က ပင္ကိုယ္ အရည္အခ်င္း ရွိသူပါ။ သိပ္ဆိုးတဲ့ ကေလးလည္း မဟုတ္ပါဘူး။ ဒါေပမယ့္ ျပသနာက ၾကည့္လိုက္ရင္ အျမဲ ငူတူတူ ျဖစ္ေနတာပါ။ ဒါက စိတ္အေနွာင့္အယွက္ ျဖစ္စရာ မဟုတ္သလိုသူ႔ရဲ႕ မူပိုင္ပံုစံလိုနဲ႕ ျဖစ္တယ္။ တကယ္လို႔ သူက ၀င္ကစားျပီး အလန္းစားေတြ လုပ္ျပေနရင္ ဒါက သူ႔သဘာ၀ပါ သူ႔ ပံုစံပါ ေျပာနုိင္လိမ့္မယ္။ အဲဒီလိုမွ မဟုတ္ရင္ ဒါက သူ မေျပးမလႊား လုပ္ေနတာ။ အားထုတ္ မေနတာ ျဖစ္လာတယ္။ ေဘာလံုးကို မထိန္းဘူး လိုက္မဆယ္အ ားမထုတ္ဘူး။ ”

” က်ေနာ့္ အျမင္ေတာ့ သူ႔ရဲ႕ လႈပ္ရွားမႈေတြ အရ ထပ္ျပီး အားထည့္ အားထုတ္ဖို႔ လိုေနတယ္လို႔ ထင္တယ္။ ယူနိုက္တက္ဟာ ျပိဳင္ဘက္ ေနာက္က လိုက္ ကစားေနရတဲ့ခ်ိန္မွာ တိုက္စစ္မွာ ကစားေနတဲ့ သူလို ကစားသမားက ေခၽြးေတာင္ မထြက္ဘူး ျဖစ္ေနတယ္။ သူ ဂိုး မသြင္းေကာင္း မသြင္းဘဲ တျခားလူ သြင္းခ်င္ သြင္းမယ္ အဓိကက လိုက္ အားထုတ္ေနဖို႕ လိုေသးတယ္။”

” ေမဆန္လည္း ၀င္လာေရာ ဒီလို ကိစၥေတြ လုပ္ျပသြားတယ္။ ေနရာယူမႈေကာင္းေတြ လုပ္တယ္ ဂိုးသြင္းတယ္။ မာရွယ္ကေတာ့ ဖိအားေတြ ေအာက္ ေရာက္ေတာ့မွာပါ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ မာရွယ္က အသင္းအတြက္ ခံစစ္မွာလည္း အကူအညီေပးတာ မလုပ္နိုင္တဲ့ အျပင္ တိုက္စစ္မွာလည္း ထင္သေလာက္ မေပါက္ဘူး ျဖစ္ေနတယ္။ ” လို႔ ဂစ္က သံုးသပ္သြားပါတယ္။

ေမဆန္ဂရင္း၀ုဒ္ကေတာ့ ကစားခြင့္ရတိုင္း ၀င္လာတိုင္း ျပိဳင္ဘက္အသင္းဘက္ ျခိမ္းေျခာက္မႈ ျပဳလုပ္နိုင္သူ ျဖစ္တယ္လို႔ ဂစ္က အသိအမွတ္ ျပဳသြားပါတယ္။ ဆိုးရွားဟာ လူငယ္ေတြကို မွန္ကန္တဲ့ နည္းလမ္းနဲ႕ ကိုင္တြယ္ေနတယ္လို႔ ၄င္းက ခ်ီးက်ဴးသြားခဲ့ပါတယ္။

Unicode

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်ကြီး ရိုင်ယန်ဂစ်က ယူနိုက်တက်ရဲ့ အဲဗာတန်ကို သရေကျသွားတဲ့ ပွဲအပြီးမှာ တိုက်စစ်မှူး မာရှယ်ရဲ့ စွမ်းဆောင်ရည်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်သွားပါတယ်။

ယူနိုက်တက် ကြယ်ပွင့် တိုက်စစ်မှူးဟာ ထိုပွဲစဉ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရပြီး အရန်ခုံက ထကာ လူစားဝင်ကစားခဲ့တဲ့ လူငယ်ကစားသမား မေဆန် ဂရင်းဝုဒ်က ယူနိုက်တက်ရဲ့ ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ရှုံးပွဲတွေ့မယ့် အရေးမှ ကယ်တင်ပေးခဲ့ပါတယ်။ ယူနိုက်တက်ဟာ အဲဗာတန်ဘက် ကန်ချက် ၂၄ ကြိမ်ထိ ရှိခဲ့ပေမယ့် ဂိုးရအောင် လုံလောက်တဲ့ ခြိမ်းခြောက်နိုင်မှု မရှိခဲ့ပါဘူး။

ဒါကြောင့် လူငယ်လေး ဖြစ်တဲ့ ဂရင်းဝုဒ်ကတောင် မာရှယ်ထက် ပွဲထွက် ကစားခွင့် ထိုက်တန်နေသေးတယ်လို့ ဂစ်က ထောက်ပြကာ မာရှယ်ရဲ့ အားထုတ်မှု အပေါ် ဝေဖန်သွားခဲ့တာပါ။

” မာရှယ်က ပင်ကိုယ် အရည်အချင်း ရှိသူပါ။ သိပ်ဆိုးတဲ့ ကလေးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ပြသနာက ကြည့်လိုက်ရင် အမြဲ ငူတူတူ ဖြစ်နေတာပါ။ ဒါက စိတ်အနှောင့်အယှက် ဖြစ်စရာ မဟုတ်သလိုသူ့ရဲ့ မူပိုင်ပုံစံလိုနဲ့ ဖြစ်တယ်။ တကယ်လို့ သူက ဝင်ကစားပြီး အလန်းစားတွေ လုပ်ပြနေရင် ဒါက သူ့သဘာဝပါ သူ့ ပုံစံပါ ပြောနိုင်လိမ့်မယ်။ အဲဒီလိုမှ မဟုတ်ရင် ဒါက သူ မပြေးမလွှား လုပ်နေတာ။ အားထုတ် မနေတာ ဖြစ်လာတယ်။ ဘောလုံးကို မထိန်းဘူး လိုက်မဆယ်အ ားမထုတ်ဘူး။ ”

” ကျနော့် အမြင်တော့ သူ့ရဲ့ လှုပ်ရှားမှုတွေ အရ ထပ်ပြီး အားထည့် အားထုတ်ဖို့ လိုနေတယ်လို့ ထင်တယ်။ ယူနိုက်တက်ဟာ ပြိုင်ဘက် နောက်က လိုက် ကစားနေရတဲ့ချိန်မှာ တိုက်စစ်မှာ ကစားနေတဲ့ သူလို ကစားသမားက ချွေးတောင် မထွက်ဘူး ဖြစ်နေတယ်။ သူ ဂိုး မသွင်းကောင်း မသွင်းဘဲ တခြားလူ သွင်းချင် သွင်းမယ် အဓိကက လိုက် အားထုတ်နေဖို့ လိုသေးတယ်။”

” မေဆန်လည်း ဝင်လာရော ဒီလို ကိစ္စတွေ လုပ်ပြသွားတယ်။ နေရာယူမှုကောင်းတွေ လုပ်တယ် ဂိုးသွင်းတယ်။ မာရှယ်ကတော့ ဖိအားတွေ အောက် ရောက်တော့မှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ မာရှယ်က အသင်းအတွက် ခံစစ်မှာလည်း အကူအညီပေးတာ မလုပ်နိုင်တဲ့ အပြင် တိုက်စစ်မှာလည်း ထင်သလောက် မပေါက်ဘူး ဖြစ်နေတယ်။ ” လို့ ဂစ်က သုံးသပ်သွားပါတယ်။

မေဆန်ဂရင်းဝုဒ်ကတော့ ကစားခွင့်ရတိုင်း ဝင်လာတိုင်း ပြိုင်ဘက်အသင်းဘက် ခြိမ်းခြောက်မှု ပြုလုပ်နိုင်သူ ဖြစ်တယ်လို့ ဂစ်က အသိအမှတ် ပြုသွားပါတယ်။ ဆိုးရှားဟာ လူငယ်တွေကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ကိုင်တွယ်နေတယ်လို့ ၎င်းက ချီးကျူးသွားခဲ့ပါတယ်။