မွန်တယ်ရေး – လီဗာပူးရဲ့ ကလပ်များကမ္ဘာဖလား ဆီးမီးဖိုင်နယ်ပြိုင်ဘက်အား လေ့လာခြင်း

မကၠဆီကိုကလပ္ မြန္တယ္ေရးဟာ အိမ္ရွင္ကာတာကလပ္ Al-Sadd ကို အႏုိင္ယူခဲ့ျပီျဖစ္လို႔ ကလပ္မ်ားကမၻာဖလား ဆီမီးဖုိင္နယ္မွာ လီဗာပူးအသင္းနဲ႔ ထိပ္တိုက္ေတြ႔ျပီျဖစ္ပါတယ္။

ဘာစီလိုနာကြင္းလယ္လူေဟာင္း ဇာဗီ ကိုင္တြယ္ေနတဲ့ ကာတာကလပ္ကို အႏုိင္ယူခဲ့တဲ့ မကၠဆီကိုအသင္းဟာ ေဒသတြင္းက အိမ္နီးနားခ်င္းျဖစ္တဲ့ ေတာင္အေမရိကသားေတြထံက ဆင့္ပြားျပီး ကလပ္မ်ားကမၻာဖလားကို အေတာ္ေလး အေလးအနက္ထား ယွဥ္ျပိဳင္မယ့္အသင္းပါ။ ဒီဖလားဟာ ဥေရာပကလပ္ေတြအတြက္ အရမ္းၾကီး မၾကီးက်ယ္ေပမယ့္ ေတာင္အေမရိကနဲ႔ အျခားေသာ တိုက္ၾကီးေတြအတြက္ေတာ့ အထူးျပိဳင္ပြဲတစ္ရပ္ ျဖစ္ပါတယ္။

လီဗာပူးဟာလည္း ကလပ္အသင္းသမိုင္းမွာ တစ္ၾကိမ္မွ အႏုိင္မရဖူးတဲ့ ကလပ္မ်ားကမၻာဖလားကို အႏုိင္ယူဖို႔ စိတ္ပိုင္းျဖတ္ထားေၾကာင္ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ေျပာဆိုထားပါတယ္။

မြန္တယ္ေရးရဲ႕ ေျခစြမ္းနဲ႔ အဓိက ကစားသမား

ရာသီစကို ဆိုးရြားတဲ့ ပံုစံနဲ႔ စတင္ခဲ့တဲ့ မြန္တယ္ေရးဟာ ရလဒ္ေကာင္းေတြ ဆက္တုိက္ရေနပါတယ္။ ၄င္းတို႔ဟာ လိဂ္ဦးေဆာင္သူ Santos Laguna ကို ဖိုင္နယ္ play-off မွာ ျဖဳတ္ခ်ျပီး ကာတာကို ေရာက္လာတဲ့ ကလပ္အသင္းျဖစ္တယ္။ ၄င္းတို႔ရဲ႕ မန္ေနဂ်ာဟာ ခံစစ္ကို အထိုင္ခ်ျပီး ေကာင္တာကစားရတာကို ႏွစ္သက္သူျဖစ္ျပီးတ ည္ကန္ေဘာေတြမွာ အေတာ္ေလး အားထုတ္မႈေကာင္းတဲ့အသင္းျဖစ္တယ္။

အဓိက ကစားသမားက စပါးတိုက္စစ္မွဴးေဟာင္း ဂ်န္ဆန္ျဖစ္ျပီး ေနာက္တစ္ဦးကေတာ့ တိုက္စစ္သမား မိုရီျဖစ္တယ္။ ႏွစ္ဦးလံုးက ေဘာလံုးကို ကိုင္ထားႏုိင္ျပီး ေကာင္တာတိုက္စစ္ေတြမွာ အေျပးသမားေတြကို အခြင့္အေရးေတြရေအာင္ လုပ္ေဆာင္ေပးေနပါတယ္။ ဝါရင့္ေတာင္ပံသမား ပါဘြန္က အထူးေျခစြမ္းျပေနသလို ၄င္းတို႔မွာ တည္ကန္ေဘာနဲ႔ ပင္နယ္တီေတြကေန ပံုမွန္ဂိုးသြင္းေနတဲ့ အာဂ်င္တီးနား ခံစစ္သမား ဆန္းခ်က္လည္း ရွိပါတယ္။

ကြင္းလယ္အေထာင္တိုက္စစ္မွာ မကၠဆီကိုကစားသမား ပီဇာရို ကစားေနျပီး ေျခစြမ္း မတည္ျငိမ္ေပမယ့္ ပြဲအလွည့္အေျပာင္းျဖစ္ဖို႔ အေတာ္ေလး အႏၱရာယ္မ်ားသူျဖစ္တယ္။

လီဗာပူးထံက ဘယ္လိုေတြ ေမွ်ာ္လင့္ႏုိင္မလဲ

ဒီျပိဳင္ပြဲအတြက္ ေရပန္းအစားဆံုး အသင္းျဖစ္တဲ့ လီဗာပူးက မကၠဆီကိုရဲ႕ ေကာင္တာေတြကို တုန္႔ျပန္႔ျပီး တစ္ဦးခ်င္း အေနအထားေတြနဲ႔ ယွဥ္ျပိဳင္ဖို႔ ၾကိဳးစားမွာ ေသခ်ာပါတယ္။ လီဗာပူးဟာ ဒီျပိဳင္ပြဲကို တစ္ၾကိမ္မွ အႏုိင္မရဖူးတာေၾကာင့္ အႏုိင္ရလိုေပမယ့္ တစ္ဘက္မွာ ပရီးမီးယားလိဂ္ပြဲေတြအတြင္း အေတာ္ေလး အရွိန္ေကာင္းေနတာျဖစ္တယ္။ ကာတာကို ျပိဳင္ပြဲအတြက္ လာရတယ္ဆိုေပမယ့္ ဘယ္လို ထိခိုက္ဒဏ္ရာမွေတာ့ ရလိုမွာ မဟုတ္ပါဘူး။

လီဗာပူးမွာ မာတစ္၊ လိုဗရန္၊ ဖာဘင္ညိဳ၊ ဝိုက္နယ္ဒမ္တို႔ ဒဏ္ရာျပႆနာေတြ ရွိေနတာပါ။ သူတို႔ထဲက ဝိုက္နယ္ဒမ္ကေတာ့ ကာတာခရီးကို လိုက္ပါသြားခဲ့ပါတယ္။ တိုက္စစ္သမား ဖာမင္ႏို ပြဲပန္းလြန္းေနတယ္လို႔ ေထာက္ျပမႈေတြ ရွိေနျပီး ဗဟိုခံစစ္အတြက္ ေရြးခ်ယ္စရာ ႏွစ္ဦးပဲ ရွိသလို ထရန္႔နဲ႔ ေရာ္ဘတ္ဆန္ကလည္း အေတာ္ေလး ပြဲဆက္မ်ားေနတာပါ။

မကၠဆီကိုအသင္းေတြဟာ ေတာင္အေမရိကအသင္းေတြေလာက္ ကစားပံု မေကာင္းေပမယ့္ မာေက်ာျပီး အတင္းတိုးတိုက္တဲ့ ကစာဟန္မ်ိဳးကို ကစားတဲ့အသင္းေတြျဖစ္တယ္။ ဒီအခ်က္ဟာ ပြဲထြက္စာရင္းအတြက္ ယာဂင္ကေလာ့ပ္ ဂရုစိုက္ရမယ့္ အခ်က္ျဖစ္ျပီး တစ္ဦးခ်င္းေကာ အသင္းလိုက္မွာပါ လီဗာပူးက သာလြန္ပါတယ္။

ကလပ္မ်ားကမၻာဖလားျပိဳင္ပြဲက အဂၤလန္ကလပ္ေတြအတြက္ ပိုခက္ခဲတဲ့ ျပိဳင္ပြဲတစ္ခုပါ။ မတူညီတဲ့ ေဘာလံုးဓေလ့ေတြေၾကာင့္လည္း အျခားေသာ ျပိဳင္ပြဲေတြနဲ႔ မတူညီပါဘူး။ လီဗာပူးဟာ ဒီဖလားျပိဳင္ပြဲကို ယခင္ကလည္း ပါဝင္ယွဥ္ျပိဳင္ခဲ့ေပမယ့္ အေၾကာင္းေတြေၾကာင့္ အႏုိင္ရခဲ့ျခင္း မရွိဘူး။ အဂၤလန္အသင္းေတြထဲမွာ တစ္သင္းတည္းေသာ ကလပ္မ်ားကမၻာဖလားကို အႏုိင္ရအသင္းက ယူႏုိက္တက္ျဖစ္ျပီး ဒီမွတ္တမ္းကို အမွီလိုက္ဖို႔ လီဗာပူးဘက္က အားထုတ္မွာ ေသခ်ာပါတယ္။

UNICODE

မက္ကဆီကိုကလပ် မွန်တယ်ရေးဟာ အိမ်ရှင်ကာတာကလပ် Al-Sadd ကို အနိုင်ယူခဲ့ပြီဖြစ်လို့ ကလပ်များကမ္ဘာဖလား ဆီမီးဖိုင်နယ်မှာ လီဗာပူးအသင်းနဲ့ ထိပ်တိုက်တွေ့ပြီဖြစ်ပါတယ်။

ဘာစီလိုနာကွင်းလယ်လူဟောင်း ဇာဗီ ကိုင်တွယ်နေတဲ့ ကာတာကလပ်ကို အနိုင်ယူခဲ့တဲ့ မက္ကဆီကိုအသင်းဟာ ဒေသတွင်းက အိမ်နီးနားချင်းဖြစ်တဲ့ တောင်အမေရိကသားတွေထံက ဆင့်ပွားပြီး ကလပ်များကမ္ဘာဖလားကို အတော်လေး အလေးအနက်ထား ယှဉ်ပြိုင်မယ့်အသင်းပါ။ ဒီဖလားဟာ ဥရောပကလပ်တွေအတွက် အရမ်းကြီး မကြီးကျယ်ပေမယ့် တောင်အမေရိကနဲ့ အခြားသော တိုက်ကြီးတွေအတွက်တော့ အထူးပြိုင်ပွဲတစ်ရပ် ဖြစ်ပါတယ်။

လီဗာပူးဟာလည်း ကလပ်အသင်းသမိုင်းမှာ တစ်ကြိမ်မှ အနိုင်မရဖူးတဲ့ ကလပ်များကမ္ဘာဖလားကို အနိုင်ယူဖို့ စိတ်ပိုင်းဖြတ်ထားကြောင် မန်နေဂျာ ယာဂင်ကလော့ပ်က ပြောဆိုထားပါတယ်။

မွန်တယ်ရေးရဲ့ ခြေစွမ်းနဲ့ အဓိက ကစားသမား

ရာသီစကို ဆိုးရွားတဲ့ ပုံစံနဲ့ စတင်ခဲ့တဲ့ မွန်တယ်ရေးဟာ ရလဒ်ကောင်းတွေ ဆက်တိုက်ရနေပါတယ်။ ၎င်းတို့ဟာ လိဂ်ဦးဆောင်သူ Santos Laguna ကို ဖိုင်နယ် play-off မှာ ဖြုတ်ချပြီး ကာတာကို ရောက်လာတဲ့ ကလပ်အသင်းဖြစ်တယ်။ ၎င်းတို့ရဲ့ မန်နေဂျာဟာ ခံစစ်ကို အထိုင်ချပြီး ကောင်တာကစားရတာကို နှစ်သက်သူဖြစ်ပြီးတ ည်ကန်ဘောတွေမှာ အတော်လေး အားထုတ်မှုကောင်းတဲ့အသင်းဖြစ်တယ်။

အဓိက ကစားသမားက စပါးတိုက်စစ်မှူးဟောင်း ဂျန်ဆန်ဖြစ်ပြီး နောက်တစ်ဦးကတော့ တိုက်စစ်သမား မိုရီဖြစ်တယ်။ နှစ်ဦးလုံးက ဘောလုံးကို ကိုင်ထားနိုင်ပြီး ကောင်တာတိုက်စစ်တွေမှာ အပြေးသမားတွေကို အခွင့်အရေးတွေရအောင် လုပ်ဆောင်ပေးနေပါတယ်။ ဝါရင့်တောင်ပံသမား ပါဘွန်က အထူးခြေစွမ်းပြနေသလို ၎င်းတို့မှာ တည်ကန်ဘောနဲ့ ပင်နယ်တီတွေကနေ ပုံမှန်ဂိုးသွင်းနေတဲ့ အာဂျင်တီးနား ခံစစ်သမား ဆန်းချက်လည်း ရှိပါတယ်။

ကွင်းလယ်အထောင်တိုက်စစ်မှာ မက္ကဆီကိုကစားသမား ပီဇာရို ကစားနေပြီး ခြေစွမ်း မတည်ငြိမ်ပေမယ့် ပွဲအလှည့်အပြောင်းဖြစ်ဖို့ အတော်လေး အန္တရာယ်များသူဖြစ်တယ်။

လီဗာပူးထံက ဘယ်လိုတွေ မျှော်လင့်နိုင်မလဲ

ဒီပြိုင်ပွဲအတွက် ရေပန်းအစားဆုံး အသင်းဖြစ်တဲ့ လီဗာပူးက မက္ကဆီကိုရဲ့ ကောင်တာတွေကို တုန့်ပြန့်ပြီး တစ်ဦးချင်း အနေအထားတွေနဲ့ ယှဉ်ပြိုင်ဖို့ ကြိုးစားမှာ သေချာပါတယ်။ လီဗာပူးဟာ ဒီပြိုင်ပွဲကို တစ်ကြိမ်မှ အနိုင်မရဖူးတာကြောင့် အနိုင်ရလိုပေမယ့် တစ်ဘက်မှာ ပရီးမီးယားလိဂ်ပွဲတွေအတွင်း အတော်လေး အရှိန်ကောင်းနေတာဖြစ်တယ်။ ကာတာကို ပြိုင်ပွဲအတွက် လာရတယ်ဆိုပေမယ့် ဘယ်လို ထိခိုက်ဒဏ်ရာမှတော့ ရလိုမှာ မဟုတ်ပါဘူး။

လီဗာပူးမှာ မာတစ်၊ လိုဗရန်၊ ဖာဘင်ညို၊ ဝိုက်နယ်ဒမ်တို့ ဒဏ်ရာပြဿနာတွေ ရှိနေတာပါ။ သူတို့ထဲက ဝိုက်နယ်ဒမ်ကတော့ ကာတာခရီးကို လိုက်ပါသွားခဲ့ပါတယ်။ တိုက်စစ်သမား ဖာမင်နို ပွဲပန်းလွန်းနေတယ်လို့ ထောက်ပြမှုတွေ ရှိနေပြီး ဗဟိုခံစစ်အတွက် ရွေးချယ်စရာ နှစ်ဦးပဲ ရှိသလို ထရန့်နဲ့ ရော်ဘတ်ဆန်ကလည်း အတော်လေး ပွဲဆက်များနေတာပါ။

မက္ကဆီကိုအသင်းတွေဟာ တောင်အမေရိကအသင်းတွေလောက် ကစားပုံ မကောင်းပေမယ့် မာကျောပြီး အတင်းတိုးတိုက်တဲ့ ကစာဟန်မျိုးကို ကစားတဲ့အသင်းတွေဖြစ်တယ်။ ဒီအချက်ဟာ ပွဲထွက်စာရင်းအတွက် ယာဂင်ကလော့ပ် ဂရုစိုက်ရမယ့် အချက်ဖြစ်ပြီး တစ်ဦးချင်းကော အသင်းလိုက်မှာပါ လီဗာပူးက သာလွန်ပါတယ်။

ကလပ်များကမ္ဘာဖလားပြိုင်ပွဲက အင်္ဂလန်ကလပ်တွေအတွက် ပိုခက်ခဲတဲ့ ပြိုင်ပွဲတစ်ခုပါ။ မတူညီတဲ့ ဘောလုံးဓလေ့တွေကြောင့်လည်း အခြားသော ပြိုင်ပွဲတွေနဲ့ မတူညီပါဘူး။ လီဗာပူးဟာ ဒီဖလားပြိုင်ပွဲကို ယခင်ကလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် အကြောင်းတွေကြောင့် အနိုင်ရခဲ့ခြင်း မရှိဘူး။ အင်္ဂလန်အသင်းတွေထဲမှာ တစ်သင်းတည်းသော ကလပ်များကမ္ဘာဖလားကို အနိုင်ရအသင်းက ယူနိုက်တက်ဖြစ်ပြီး ဒီမှတ်တမ်းကို အမှီလိုက်ဖို့ လီဗာပူးဘက်က အားထုတ်မှာ သေချာပါတယ်။