ချယ်ဆီး တိုက်စစ်မှူး အတွက် ၂ နှစ်စာချုပ်နဲ့ ကမ်းလှမ်းမှု စတင်လိုက်တဲ့ ရိုးမား

ချယ်ဆီးအသင်းနဲ့ စာချုပ် ကုန်ဆုံးတော့မယ့် တောင်ပံ တိုက်စစ်သမား ပက်ဒရိုကို အီတလီစီးရီးအေကလပ် ရိုးမားအသင်းက ကမ်းလှမ်းမှု စတင် ပြုလုပ်လိုက်ပြီ သတင်းထွက်ပေါ်လာပါတယ်။

ပက်ဒရိုဟာ ၂၀၁၅ မှာ ဘာစီလိုနာ အသင်းမှ ချယ်ဆီးထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး စတန်းဖို့ဘရစ်ချ်မှာ ၅ နှစ်ကြာ ကစားခဲ့သူ ဖြစ်ပါတယ်။ လက်ရှိ နည်းပြ လမ်းပတ်လက်ထက်မှာ ပွဲထွက် ကစားခွင့်များ ပျောက်ဆုံးလာပြီး သက်တမ်းတိုး စာချုပ် ကမ်းလှမ်းမှုလည်း မရခဲ့တာကြောင့် အသင်းပြောင်းဖို့လည်း ပက်ဒရိုက ပြင်ဆင်နေပါတယ်။

ပက်ဒရို နည်းတူ ပွဲထွက်ခွင့် မရတာကြောင့်ရော စာချုပ်ကုန်ဆုံးတာကြောင့်ရော ချယ်ဆီးကနေ ထွက်ခွာမယ့် ဝါရင့် တိုက်စစ်သမားတွေ ရှိနေသေးပြီး ဂျီရူးနဲ့ ဝီလီယံတို့ ပါဝင်ပါတယ်။ ဂျီရူးကိုတော့ ချယ်ဆီးက ဒီတလောမှာ သက်တမ်းတိုး စာချုပ် အတွက် ဆွေးနွေးလိုတဲ့ သတင်း ပြန် ထွက်ပေါ်နေပါတယ်။

ရိုးမားအသင်းကတော့ ပက်ဒရို အတွက် တစ်နှစ် ယူရို ၂.၇ သန်း လုပ်ခ ခံစားခွင့် ရရှိမယ့် စာချုပ်သစ် တစ်ရပ် ကမ်းလှမ်းထားပြီး အခြား အပို ဆုကြေးတွေလည်း ပါဝင်ဦးမယ်လို့ သိရပါတယ်။ စာချုပ်သက်တမ်းကတော့ နှစ်နှစ် ဖြစ်ပါတယ်။

ပက်ဒရိုကတော့ ချယ်ဆီးကနေ ထွက်ခွာရင် အမေရိကန် မေဂျာလိဂ်ဘက် သွားရောက်ကစားဖို့ စိတ်ကူး ရှိနေပြီး အခုလို ရိုးမား အသင်း ရဲ့ ကမ်းလှမ်းမှု ရချိန်မှာတော့ စဉ်းစားဖွယ် ရှိပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းနဲ႕ စာခ်ဳပ္ ကုန္ဆံုးေတာ့မယ့္ ေတာင္ပံ တိုက္စစ္သမား ပက္ဒရိုကို အီတလီစီးရီးေအကလပ္ ႐ိုးမားအသင္းက ကမ္းလွမ္းမႈ စတင္ ျပဳလုပ္လိုက္ျပီ သတင္းထြက္ေပၚလာပါတယ္။

ပက္ဒရိုဟာ ၂၀၁၅ မွာ ဘာစီလိုနာ အသင္းမွ ခ်ယ္ဆီးထံ ေျပာင္းေရႊ႕လာခဲ့သူ ျဖစ္ျပီး စတန္းဖို႔ဘရစ္ခ်္မွာ ၅ နွစ္ၾကာ ကစားခဲ့သူ ျဖစ္ပါတယ္။ လက္ရွိ နည္းျပ လမ္းပတ္လက္ထက္မွာ ပြဲထြက္ ကစားခြင့္မ်ား ေပ်ာက္ဆံုးလာျပီး သက္တမ္းတိုး စာခ်ဳပ္ ကမ္းလွမ္းမႈလည္း မရခဲ့တာေၾကာင့္ အသင္းေျပာင္းဖုိ႔လည္း ပက္ဒရိုက ျပင္ဆင္ေနပါတယ္။

ပက္ဒရို နည္းတူ ပြဲထြက္ခြင့္ မရတာေၾကာင့္ေရာ စာခ်ဳပ္ကုန္ဆံုးတာေၾကာင့္ေရာ ခ်ယ္ဆီးကေန ထြက္ခြာမယ့္ ၀ါရင့္ တိုက္စစ္သမားေတြ ရွိေနေသးျပီး ဂ်ီရူးနဲ႕ ၀ီလီယံတို႔ ပါ၀င္ပါတယ္။ ဂ်ီရူးကိုေတာ့ ခ်ယ္ဆီးက ဒီတေလာမွာ သက္တမ္းတိုး စာခ်ဳပ္ အတြက္ ေဆြးေႏြးလိုတဲ့ သတင္း ျပန္ ထြက္ေပၚေနပါတယ္။

ရိုးမားအသင္းကေတာ့ ပက္ဒရို အတြက္ တစ္နွစ္ ယူရို ၂.၇ သန္း လုပ္ခ ခံစားခြင့္ ရရွိမယ့္ စာခ်ဳပ္သစ္ တစ္ရပ္ ကမ္းလွမ္းထားျပီး အျခား အပုိ ဆုေၾကးေတြလည္း ပါ၀င္ဦးမယ္လို႔ သိရပါတယ္။ စာခ်ဳပ္သက္တမ္းကေတာ့ နွစ္နွစ္ ျဖစ္ပါတယ္။

ပက္ဒရိုကေတာ့ ခ်ယ္ဆီးကေန ထြက္ခြာရင္ အေမရိကန္ ေမဂ်ာလိဂ္ဘက္ သြားေရာက္ကစားဖို႔ စိတ္ကူး ရွိေနျပီး အခုလို ရိုးမား အသင္း ရဲ႕ ကမ္းလွမ္းမႈ ရခ်ိန္မွာေတာ့ စဥ္းစားဖြယ္ ရွိပါတယ္။