ချယ်ဆီး အဝယ်စာရင်းထဲ ရှိနေတဲ့ ရီးရဲလ်ကြယ်ပွင့်ကို အာဆင်နယ်ဘက်ကလည်း ချိန်ရွယ်

ချယ်ဆီးအသင်းက နွေမှာ အင်အားဖြည့်ဖို့ အဝယ်စာရင်းထဲ ထည့်ထားတဲ့ ဒေါ့မွန်လူငယ်ကစားသမား ဟာကီမီကို အာဆင်နယ်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားလာပါကြောင်း ဒေးလီးမေလ်းက ဖော်ပြလာပါတယ်။

ညာခြမ်းကို အဓိက ကစားပြီး ညာခြမ်းကွင်းလယ်၊ ညာအစွန်၊ ဘယ်ခြမ်းကွင်းလယ်၊ ဘယ်အစွန်တွေမှာလည်း ကစားနိုင်တဲ့ ဟာကီမီဟာ ရီးရဲလ်မက်ဒရစ် ကစားသမားဖြစ်ပြီး ဒေါ့မွန်ကို အငှားထွက်နေတာ ၂ ရာသီ ရှိခဲ့ပါပြီ။ သူ့ရဲ့ အလားအလာကောင်းတွေကြောင့် ချယ်ဆီးအပြင် ဘိုင်ယန်၊ ပီအက်ဂျီတို့ကလည်း စောင့်ကြည့်မှုတွေ လုပ်နေခဲ့တာပါ။

ချယ်ဆီးဟာ ရီးရဲလ်မက်ဒရစ်ကို ပြန်သွားဖို့ သံသယရှိစရာ အနေအထားဖြစ်နေတဲ့ ဟာဟီမီကို ခေါ်ယူဖို့ ၎င်းရဲ့ အေးဂျန့်နဲ့တောင် ဆက်သွယ်မှုတွေ ရှိထားဖူးတာဖြစ်ပါတယ်။ ချယ်ဆီးဘက်က ညာအစွန်အတွက် အင်အားဖြည့်လိုခြင်းဖြစ်ပြီး လူငယ်ကစားသမား ရိစ်ဂျိမ်း တောက်ပလာတဲ့နောက် ဟာကီမီအပေါ် စိတ်ဝင်စားမှုတွေက လျော့ကျသွားခဲ့တာဖြစ်တယ်။

သို့ပေမယ့် စောင့်ကြည့်မှုတွေက ဆက်လက် ရှိနေဆဲဖြစ်ကာ အသက် ၂၁ နှစ်အရွယ် ကစားသမားကို ဒေါ့မွန်ထက် လက်ဦးပြီး ခေါ်ယူနိုင်မယ့် အခြေအနေကိုတော့ ချယ်ဆီးဘက်က အာရုံကျနေဆဲဖြစ်ပါတယ်။ ဟာကီမီကတော့ ပုံမှန်ပွဲထွက်ခွင့်နဲ့ ဥရောပပွဲ ကစားခွင့်တွေကို အလိုရှိနေတာဖြစ်တယ်။

အာဆင်နယ်ကလည်း နွေအတွက် ကစားသမား ပြုစုမှုစာရင်းမှာ ဟာကီမီကို ထည့်သွင်းလာခဲ့တာဖြစ်တယ်။ အာဆင်နယ်နဲ့ ချယ်ဆီးတို့ဟာ လိုက်ဇစ်အသင်း ခံစစ်သမား အူပါမီကာနိုကိုလည်း တူညီစွာ စောင့်ကြည့်နေကြသေးပြီး အာဆင်နယ်ရဲ့ စောင့်ကြည့်စာရင်းမှာ ချယ်ဆီးနဲ့ သက်တမ်းတိုးကိစ္စ အဆင်မပြေတဲ့ ဝီလီယမ်လည်း ပါဝင်နေတာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးအသင္းက ေႏြမွာ အင္အားျဖည့္ဖို႔ အဝယ္စာရင္းထဲ ထည့္ထားတဲ့ ေဒါ့မြန္လူငယ္ကစားသမား ဟာကီမီကို အာဆင္နယ္ကလည္း ေခၚယူဖို႔ စိတ္ဝင္စားလာပါေၾကာင္း ေဒးလီးေမလ္းက ေဖာ္ျပလာပါတယ္။

ညာျခမ္းကို အဓိက ကစားျပီး ညာျခမ္းကြင္းလယ္၊ ညာအစြန္၊ ဘယ္ျခမ္းကြင္းလယ္၊ ဘယ္အစြန္ေတြမွာလည္း ကစားႏုိင္တဲ့ ဟာကီမီဟာ ရီးရဲလ္မက္ဒရစ္ ကစားသမားျဖစ္ျပီး ေဒါ့မြန္ကို အငွားထြက္ေနတာ ၂ ရာသီ ရွိခဲ့ပါျပီ။ သူ႔ရဲ႕ အလားအလာေကာင္းေတြေၾကာင့္ ခ်ယ္ဆီးအျပင္ ဘိုင္ယန္၊ ပီအက္ဂ်ီတုိ႔ကလည္း ေစာင့္ၾကည့္မႈေတြ လုပ္ေနခဲ့တာပါ။

ခ်ယ္ဆီးဟာ ရီးရဲလ္မက္ဒရစ္ကို ျပန္သြားဖို႔ သံသယရွိစရာ အေနအထားျဖစ္ေနတဲ့ ဟာဟီမီကို ေခၚယူဖို႔ ၄င္းရဲ႕ ေအးဂ်န္႔နဲ႔ေတာင္ ဆက္သြယ္မႈေတြ ရွိထားဖူးတာျဖစ္ပါတယ္။ ခ်ယ္ဆီးဘက္က ညာအစြန္အတြက္ အင္အားျဖည့္လိုျခင္းျဖစ္ျပီး လူငယ္ကစားသမား ရိစ္ဂ်ိမ္း ေတာက္ပလာတဲ့ေနာက္ ဟာကီမီအေပၚ စိတ္ဝင္စားမႈေတြက ေလ်ာ့က်သြားခဲ့တာျဖစ္တယ္။

သို႔ေပမယ့္ ေစာင့္ၾကည့္မႈေတြက ဆက္လက္ ရွိေနဆဲျဖစ္ကာ အသက္ ၂၁ ႏွစ္အရြယ္ ကစားသမားကို ေဒါ့မြန္ထက္ လက္ဦးျပီး ေခၚယူႏုိင္မယ့္ အေျခအေနကိုေတာ့ ခ်ယ္ဆီးဘက္က အာရံုက်ေနဆဲျဖစ္ပါတယ္။ ဟာကီမီကေတာ့ ပံုမွန္ပြဲထြက္ခြင့္နဲ႔ ဥေရာပပြဲ ကစားခြင့္ေတြကို အလိုရွိေနတာျဖစ္တယ္။

အာဆင္နယ္ကလည္း ေႏြအတြက္ ကစားသမား ျပဳစုမႈစာရင္းမွာ ဟာကီမီကို ထည့္သြင္းလာခဲ့တာျဖစ္တယ္။ အာဆင္နယ္နဲ႔ ခ်ယ္ဆီးတို႔ဟာ လိုက္ဇစ္အသင္း ခံစစ္သမား အူပါမီကာႏိုကိုလည္း တူညီစြာ ေစာင့္ၾကည့္ေနၾကေသးျပီး အာဆင္နယ္ရဲ႕ ေစာင့္ၾကည့္စာရင္းမွာ ခ်ယ္ဆီးနဲ႔ သက္တမ္းတိုးကိစၥ အဆင္မေျပတဲ့ ဝီလီယမ္လည္း ပါဝင္ေနတာျဖစ္ပါတယ္။