ဟာဇက်၊ ဒီဘရိုင်း၊ ဆာလက် မဟုတ်ဘဲ ချယ်ဆီးထံ ပြန်လာစေလိုတဲ့ အသင်းသားဟောင်း

အကယ်လို့ ချယ်ဆီးပရိသတ် တစ်ယောက်အနေနဲ့ ကစားသမားဟောင်းတစ်ဦးကို ပြန်ခေါ်ခွင့်ရှိမယ်ဆိုရင် ဘယ်သူ့ကို ရွေးချယ်မှာလဲ။

လူအတော်များများက ရီးရဲလ်မက်ဒရစ် တိုက်စစ်သမား အီဒင်ဟာဇက်လို့ ဖြေနိုင်ပါတယ်။ ဒီဘရိုင်းတို့ ဆာလက်တို့ စသည်ဖြင့် လက်ရှိ လိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေအဖြစ် ပြိုင်ဘက်အသင်းတွေမှာ တောက်ပနေကြတဲ့ အသင်းသားဟောင်းတွေကိုလည်း အသင်းထံ ပြန်လာတာမျိုး မြင်လိုကြပါလိမ့်မယ်။

ဒါပေမယ့်လို့ မားကိုစ့် အလွန်ဆိုကတော့ သူတို့တွေကို မရွေးပါဘူး။ အလွန်ဆိုက ချယ်ဆီးကို ပြန်လာစေလိုတဲ့ ကစားသမားအဖြစ် ဒီယေဂို ကော်စတာကို ရွေးချယ်ခဲ့ပါတယ်။ အင်စတာဂရမ်မှာလုပ်တဲ့ အမေး အဖြေ ကဏ္ဍမှာ အလွန်ဆိုက ” သူကိုယ်တိုင်က သားရဲကြီးဖြစ်တဲ့ ကျနော်ရဲ့ သူငယ်ချင်း ဒီယေဂို ကော်စတာကိုပဲ အသင်းထံ ပြန်လာစေလိုပါတယ် ” လို့ ဖြေဆိုခဲ့တာဖြစ်တယ်။

စပိန်တိုက်စစ်သမားဟာ ချယ်ဆီးနဲ့ တောက်ပခဲ့ပြီး ခံစစ်မှူးတိုင်း ရင်ဆိုင်လိုခြင်း မရှိတဲ့ ကစားသမားဖြစ်ခဲ့တာပါ။ သူဟာ မော်ရင်ညိုလက်ထက် ၂၀၁၄-၂၀၁၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်ဖလား အနိုင်ရမှုမှာ အဓိက ကျသူဖြစ်ခဲ့ပြီး သွင်းဂိုး ၂၀ လည်း သွင်းယူနိုင်ခဲ့တယ်။

၂၀၁၆-၂၀၁၇ ဘောလုံးရဂာသီ မန်နေဂျာကွန်တီ လက်ထက်မှာလည်း ကော်စတာက အမှတ်ပေးဖလား အနိုင်ရခဲ့သလို သွင်းဂိုး ၂၀ လည်း သွင်းယူနိုင်ခဲ့တယ်။ ဒါပေမယ့် အီတလီမန်နေဂျာနဲ့ ပြဿနာတွေ ဖြစ်ခဲ့တဲ့နောက် ၂၀၁၇ မှာတော့ အက်သလက်တီကိုထံ ပြန်လည် ပြောင်းရွှေ့သွားခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI

အကယ္လို႔ ခ်ယ္ဆီးပရိသတ္ တစ္ေယာက္အေနနဲ႔ ကစားသမားေဟာင္းတစ္ဦးကို ျပန္ေခၚခြင့္ရွိမယ္ဆိုရင္ ဘယ္သူ႔ကို ေရြးခ်ယ္မွာလဲ။

လူအေတာ္မ်ားမ်ားက ရီးရဲလ္မက္ဒရစ္ တိုက္စစ္သမား အီဒင္ဟာဇက္လို႔ ေျဖႏုိင္ပါတယ္။ ဒီဘရိုင္းတို႔ ဆာလက္တို႔ စသည္ျဖင့္ လက္ရွိ လိဂ္ရဲ႕ အေကာင္းဆံုး ကစားသမားေတြအျဖစ္ ျပိဳင္ဘက္အသင္းေတြမွာ ေတာက္ပေနၾကတဲ့ အသင္းသားေဟာင္းေတြကိုလည္း အသင္းထံ ျပန္လာတာမ်ိဳး ျမင္လိုၾကပါလိမ့္မယ္။

ဒါေပမယ့္လို႔ မားကိုစ့္ အလြန္ဆိုကေတာ့ သူတို႔ေတြကို မေရြးပါဘူး။ အလြန္ဆိုက ခ်ယ္ဆီးကို ျပန္လာေစလိုတဲ့ ကစားသမားအျဖစ္ ဒီေယဂို ေကာ္စတာကို ေရြးခ်ယ္ခဲ့ပါတယ္။ အင္စတာဂရမ္မွာလုပ္တဲ့ အေမး အေျဖ က႑မွာ အလြန္ဆိုက ” သူကိုယ္တုိင္က သားရဲၾကီးျဖစ္တဲ့ က်ေနာ္ရဲ႕ သူငယ္ခ်င္း ဒီေယဂို ေကာ္စတာကိုပဲ အသင္းထံ ျပန္လာေစလိုပါတယ္ ” လို႔ ေျဖဆိုခဲ့တာျဖစ္တယ္။

စပိန္တိုက္စစ္သမားဟာ ခ်ယ္ဆီးနဲ႔ ေတာက္ပခဲ့ျပီး ခံစစ္မွဴးတိုင္း ရင္ဆိုင္လိုျခင္း မရွိတဲ့ ကစားသမားျဖစ္ခဲ့တာပါ။ သူဟာ ေမာ္ရင္ညိဳလက္ထက္ ၂၀၁၄-၂၀၁၅ ေဘာလံုးရာသီ ပရီးမီးယားလိဂ္ဖလား အႏုိင္ရမႈမွာ အဓိက က်သူျဖစ္ခဲ့ျပီး သြင္းဂိုး ၂၀ လည္း သြင္းယူႏုိင္ခဲ့တယ္။

၂၀၁၆-၂၀၁၇ ေဘာလံုးရဂာသီ မန္ေနဂ်ာကြန္တီ လက္ထက္မွာလည္း ေကာ္စတာက အမွတ္ေပးဖလား အႏုိင္ရခဲ့သလို သြင္းဂိုး ၂၀ လည္း သြင္းယူႏုိင္ခဲ့တယ္။ ဒါေပမယ့္ အီတလီမန္ေနဂ်ာနဲ႔ ျပႆနာေတြ ျဖစ္ခဲ့တဲ့ေနာက္ ၂၀၁၇ မွာေတာ့ အက္သလက္တီကိုထံ ျပန္လည္ ေျပာင္းေရႊ႔သြားခဲ့တာပဲ ျဖစ္ပါတယ္။